Advertise Here !


ၿပီးခဲ့တဲ့ ေမလက ေဆး႐ုံ၊ ဘဏ္နဲ႔ ကုမၸဏီေတြအေပၚ အင္တာနက္ဆိုက္ဘာတိုက္ခိုက္ခဲ့တာနဲ႔ ပတ္သက္ၿပီး ေျမာက္ကိုရီးယားကို အေမရိကန္က ျပစ္တင္လိုက္ပါတယ္။

WannaCry လို႔ အမည္ေပးထားတဲ့ ေျမာက္ကိုရီးယားရဲ႕ ဆိုက္ဘာတိုက္ခိုက္မႈနဲ႔ ပတ္သက္ၿပီး အေမရိကန္ အမိေျမလုံၿခဳံေရးအႀကံေပးပုဂၢိဳလ္ က ျပစ္တင္ေျပာဆိုခဲ့တာပါ။

ဆိုက္ဘာတိုက္ခိုက္မႈနဲ႔ ပတ္သက္ၿပီး အေသအခ်ာ စုံစမ္းစစ္ေဆးၿပီးမွ ဒါဟာ ေျမာက္ကိုရီးယားရဲ႕ လက္ခ်က္ဆိုတာ အတိအလင္းေျပာလိုက္တာျဖစ္ေၾကာင္း၊ ဒီကိစၥကို မိတ္ေဆြႏုိင္ငံေတြနဲ႔အတူ အေထာက္အထားနဲ႔ တကြ ေဖၚထုတ္တာလည္း ျဖစ္ေၾကာင္း၊ ၿဗိတိန္၊ ၾသစေၾတးလ်၊ ကေနဒါ၊ နယူးဇီလန္နဲ႔ ဂ်ပန္ႏိုင္ငံတို႔ဟာလည္း ဒီ WannaCry ဆိုက္ဘာတိုက္ခိုက္မႈနဲ႔ ပတ္သက္ၿပီး ေျမာက္ကိုရီးယားကို ျပစ္တင္ေျပာဆိုရာမွ ပူးေပါင္းပါဝင္ၾက ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

<Unicode>
ပြီးခဲ့တဲ့ မေလက ဆေးရုံ၊ ဘဏ်နဲ့ ကုမ္ပဏီတွေအပေါ် အင်တာနက်ဆိုက်ဘာတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားကို အမေရိကန်က ပြစ်တင်လိုက်ပါတယ်။

WannaCry လို့ အမည်ပေးထားတဲ့ မြောက်ကိုရီးယားရဲ့ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန် အမိမြေလုံခြုံရေးအကြံပေးပုဂ္ဂိုလ် က ပြစ်တင်ပြောဆိုခဲ့တာပါ။

ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အသေအချာ စုံစမ်းစစ်ဆေးပြီးမှ ဒါဟာ မြောက်ကိုရီးယားရဲ့ လက်ချက်ဆိုတာ အတိအလင်းပြောလိုက်တာဖြစ်ကြောင်း၊ ဒီကိစ္စကို မိတ်ဆွေနိုင်ငံတွေနဲ့အတူ အထောက်အထားနဲ့ တကွ ဖေါ်ထုတ်တာလည်း ဖြစ်ကြောင်း၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်နဲ့ ဂျပန်နိုင်ငံတို့ဟာလည်း ဒီ WannaCry ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားကို ပြစ်တင်ပြောဆိုရာမှ ပူးပေါင်းပါဝင်ကြ ကြောင်း ပြောဆိုခဲ့ပါတယ်။

Ref : RFA

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !