Advertise Here !


Samsung ရဲ့ Galaxy A8 သတင်းကို လွန်ခဲ့တဲ့ ရက်သတင်းပတ်အနည်းငယ်တုန်းက သဲလွန်စအဖြစ် နည်းနည်း မြင်တွေ့ခဲ့ရပြီးတဲ့နောက် Galaxy A8(2018) နဲ့ A8+ (2018) ကို အကြောင်း Samsung က ကြေငြာလိုက်တယ်ဆိုတဲ့သတင်းကို ကြားခဲ့ရပြန်ပါတယ်.. Samsung ဟာ Galaxy A8(2018) နဲ့ A8+ (2018) အကြောင်းကို ၂၀၁၈ ခုနှစ်၊ လပ်စ်ဗီးဂက်စ် မြို့မှာကျင်းပမယ့် The 2018 Consumer Electronics Show မှာ တရားဝင် ထုတ်ဖေါ်ပြသသွားဖွယ်ရှိတယ်လို့ သိရပါတယ်။
Xiaomi နဲ့ OnePlus တို့ဟာ LG ရဲ့ နာမည်ကျော် G6 လို ultra-tall 18:9 aspect ratio Display တွေကို တုပပြီး ဈေးကွက်ထဲကို ထိုးဖောက်လာခဲ့တဲ့အချိန်မှာ ဆမ်ဆောင်းကလည်း ဈေးကွက်ခြေလှမ်းတွေကို ခပ်စိပ်စိပ်လှမ်းဝင်လာခဲ့ပါတယ်..
18.5:9 Full HD+ (2220 x 1080) Super AMOLED မျက်နှာပြင်၊ Rounded Corner နဲ့ ထုတ်လာမယ့် A8 (2018) နဲ့ A8+(2018)တို့ဟာ S8 နဲ့ S8+ နဲ့တော့ ဒီဇိုင်းကွာခြားပါတယ်..
မျက်နှာပြင်အရွယ်အစားကတော့ A8(2018) မှာ 5.6 လက်မအရွယ်၊ A8+(2018) မှာ 6 လက်မ ရှိပါမယ်..
A8(2018) နဲ့ A8+ (2018) နှစ်ခုလုံးမှာ ဖုန်နဲ့ ရေစိုခံနိုင်တဲ့ IP68-certified dust- and water-resistant glass ပါဝင်လာမှာဖြစ်ပြီး သတ္တုကိုယ်ထည်နဲ့ထုတ်လုပ်ထားတာမို့ အကြမ်းခံနေပါလိမ့်မယ်..
A8(2018) နဲ့ A8+ (2018) နှစ်ခုလုံး ကျောဘက်ကင်မရာအောက်မှာ လက်ဗွေဆင်ဆာကိုတပ်ဆင်ပေးထားမှာဖြစ်ပြီး Dual Camera ကိုတော့ သူများတွေလို နောက်မှာမဟုတ်ဘဲ ရှေ့မှာတပ်ဆင်ပေးထားပါတယ်.. ဆယ်ဖီသမားတွေအတွက်တော့ ကျေနပ်စရာဖြစ်မှာပါ..
အသံကျယ်ကျယ် ထုတ်လွှင့်ပေးမယ့် စပီကာကို ပါဝါခလုတ်ရဲ့အပေါ်ဘက်မှာတပ်ဆင်ပေးထားပြီး ဘယ်ဘက်မှာ nano-SIM Slot တစ်ခု နဲ့ အပေါ်ဘက်မှာတော့ Memory စိုက်ဖို့ Slot တစ်ခုထည့်ပေးထားပါမယ်.. Samsung A Series Dual SIM Model ရဲ့ အစဉ်အလာကိုချိုးဖောက်ပြီး sim ကဒ်တစ်ခုတည်းသာသုံးလို့ရမယ့် Single-SIM ကိုသာ အသုံးပြုထားပါတယ်..
ဆမ်ဆောင်းရဲ့ octa-core Exynos 7885 ကိုတပ်ဆင်ပေးထားပြီး အမြန်နှုန်းကတော့ 2 Cores မှာ 2.2GHz နဲ့ 6 Cores မှာ 1.6GHz ရရှိပါမယ်..
နှစ်မျိုးလုံးမှာ RAM 4 GB ပါဝင်လာမယ်လို့ဆိုပေမယ့် A8+ မှာတော့ RAM 6 GB ပါကောင်းပါနိုင်ပါတယ်..  Internal Memory ကို အများဆုံး 64 GB ထက်တော့ ပိုထည့်ပေးမှာမဟုတ်ပါဘူး.. ဒါပေမယ့် Memory Card ကနေတစ်ဆင့် 128 GB ထိ တိုးမြှင့်နိုင်ပါတယ်..
ရှေ့မှာတပ်ဆင်ထားတဲ့ Dual Camera မှာ 16MP f/1.9 sensor နဲ့ 8MP f/1.9 sensor ပါဝင်လာပြီး ခေတ်စားနေတဲ့ Portrait Mode စနစ်မျိုးလို နောက်မြင်ကွင်းကို ဝေဝါးစေတဲ့ bokeh-like blur effect စနစ်နဲ့ ရိုက်ကူးနိုင်ပါလိမ့်မယ်..

ကျောဘက်က 16 MP ကင်မရာကတော့ f/1.7 aperture, optical image stabilization နဲ့ phase detect autofocus စနစ်တွေပါဝင်လာပါမယ်..
ဘက်ထရီကတော့ A8(2018)rSm 3000 mAh ဖြစ်ပြီး A8+(2018) မှာ 3500 mAh ပါပါမယ်.. S8 နဲ့ ဘက်ထရီချင်းတူတာပေါ့..
black, orchid grey, gold နဲ့ Blue ဆိုပြီး အရောင် ၄ မျိုးနဲ့ လာမှာပါလို့ ဆိုပါတယ်.. ဈေးနှုန်းကတော့ Galaxy A8 (2018) ကို ဒေါ်လာ ၃၅၀ နဲ့ Galaxy A8+ (2018) ကို ဒေါ်လာ ၄၅၀ လောက်နဲ့ရောင်းချမယ်လို့ ခန့်မှန်းထားပါတယ်..



အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !