Advertise Here !


ဆမ္ေဆာင္းဟာ ဂ်ပန္ ဆက္သြယ္ေရးနည္းပညာ ေအာ္ပေရတာ တစ္ခုျဖစ္တဲ့ KDDI နဲ႔ ပူးေပါင္းၿပီး ပဥၥမေျမာက္ မ်ဳိးဆက္ကြန္ယက္စနစ္ ( 5G Network ) ကို ဂ်ပန္ႏိုင္ငံက တစ္နာရီကို ကီလို ၁၀၀ အထက္ ေမာင္းေနတဲ့ရတားေပၚမွာ ေအာင္ျမင္စြာ စမ္းသပ္ျပသႏိုင္ခဲ့တယ္လို႔  ၾကာသပေတးေန႔က ေျပာဆိုလိုက္ပါတယ္..
၂၀၁၅ ခုႏွစ္ကစၿပီး ပူးေပါင္းေဆာင္ရြက္ခဲ့တဲ့ အဲဒီကုမၸဏီ ၂ ခုဟာ 1.7Gbps ျမန္ႏႈန္းရွိတဲ့ ကြန္ယက္အတြင္း အခ်က္အလက္ေတြပို႔လႊတ္တဲ့ စနစ္တစ္ခုကို ေအာင္ျမင္စြာ ျပသႏိုင္ခဲ့တာျဖစ္တယ္လို႔ ဂ်ပန္သတင္းေအဂ်င္စီ Yonhap က ေဖၚျပခဲ့တာပါ။
“5G ကြန္ယက္ဟာ ဘယ္ေလာက္ထိ စြမ္းေဆာင္ရည္ျပည့္ဝတယ္၊ ဘယ္ေလာက္ထိ ျမန္ဆန္သြက္လက္တယ္၊ ဘယ္အေျခအေနမွာမဆို 5G ကြန္ယက္စနစ္ဟာ အက်ဳိးအမ်ားႀကီးရွိတယ္ဆိုတာ ခရီးသည္ေတြနဲ႔ ျမန္ႏႈန္းျမင့္ရထား ေမာင္းသူေတြကို ျပသႏိုင္ခဲ့တယ္ “လို႔ ဆမ္ေဆာင္းက မွတ္ခ်က္ေရးသားခဲ့ပါတယ္..
ကုမၸဏီေတြေျပာတာကေတာ့ 5G Router ကေနတစ္ဆင့္ 8K အရည္အေသြးရွိတဲ့ ဗီြဒီယိုကို Download လုပ္ႏိုင္ၿပီး 4K Video ကို ကင္မရာကေန ခ်က္ခ်င္းရိုက္ၿပီး Upload လုပ္ႏိုင္တယ္လို႔ ဆိုပါတယ္..
ကၽြန္ေတာ္တို႔ရည္ရြက္ခ်က္အတိုင္း ဆမ္ေဆာင္းနဲ႔ပူးေပါင္းၿပီး ၂၀၂၀ က်ရင္ 5G ကြန္ယက္ကို စီးပြားေရးလုပ္ငန္းတိုင္းမွာ အသံုးျပဳႏိုင္ေအာင္ ေဆာင္ရြက္ႏိုင္မယ္လို႔ ယံုၾကည္ပါတယ္ “ လို႔ KDDI က ေျပာၾကားခဲ့ပါတယ္..

<Unicode>
ဆမ်ဆောင်းဟာ ဂျပန် ဆက်သွယ်ရေးနည်းပညာ အော်ပရေတာ တစ်ခုဖြစ်တဲ့ KDDI နဲ့ ပူးပေါင်းပြီး ပဥ္စမမြောက် မျိုးဆက်ကွန်ယက်စနစ် ( 5G Network ) ကို ဂျပန်နိုင်ငံက တစ်နာရီကို ကီလို ၁၀၀ အထက် မောင်းနေတဲ့ရတားပေါ်မှာ အောင်မြင်စွာ စမ်းသပ်ပြသနိုင်ခဲ့တယ်လို့  ကြာသပတေးနေ့က ပြောဆိုလိုက်ပါတယ်..
၂၀၁၅ ခုနှစ်ကစပြီး ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အဲဒီကုမ္ပဏီ ၂ ခုဟာ 1.7Gbps မြန်နှုန်းရှိတဲ့ ကွန်ယက်အတွင်း အချက်အလက်တွေပို့လွှတ်တဲ့ စနစ်တစ်ခုကို အောင်မြင်စွာ ပြသနိုင်ခဲ့တာဖြစ်တယ်လို့ ဂျပန်သတင်းအေဂျင်စီ Yonhap က ဖေါ်ပြခဲ့တာပါ။
“5G ကွန်ယက်ဟာ ဘယ်လောက်ထိ စွမ်းဆောင်ရည်ပြည့်ဝတယ်၊ ဘယ်လောက်ထိ မြန်ဆန်သွက်လက်တယ်၊ ဘယ်အခြေအနေမှာမဆို 5G ကွန်ယက်စနစ်ဟာ အကျိုးအများကြီးရှိတယ်ဆိုတာ ခရီးသည်တွေနဲ့ မြန်နှုန်းမြင့်ရထား မောင်းသူတွေကို ပြသနိုင်ခဲ့တယ် “လို့ ဆမ်ဆောင်းက မှတ်ချက်ရေးသားခဲ့ပါတယ်..
ကုမ္ပဏီတွေပြောတာကတော့ 5G Router ကနေတစ်ဆင့် 8K အရည်အသွေးရှိတဲ့ ဗွီဒီယိုကို Download လုပ်နိုင်ပြီး 4K Video ကို ကင်မရာကနေ ချက်ချင်းရိုက်ပြီး Upload လုပ်နိုင်တယ်လို့ ဆိုပါတယ်..
ကျွန်တော်တို့ရည်ရွက်ချက်အတိုင်း ဆမ်ဆောင်းနဲ့ပူးပေါင်းပြီး ၂၀၂၀ ကျရင် 5G ကွန်ယက်ကို စီးပွားရေးလုပ်ငန်းတိုင်းမှာ အသုံးပြုနိုင်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ် “ လို့ KDDI က ပြောကြားခဲ့ပါတယ်..

Ref : Gadgets360

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org


Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !