Advertise Here !


လာမယ့္ သီတင္းပတ္အနည္းငယ္အတြင္းမွာ ထုတ္ေဖၚျပသေတာ့မယ့္ Samsung Galaxy S9 အေၾကာင္း အနည္းငယ္နဲ႔ S9 ရဲ႕ ဒီဇိုင္းအခ်ဳိ႕ကို ဖုန္းကာဗာဖန္တီးသူ Ghostek က ထုတ္ေဖၚျပသလိုက္ပါတယ္..
Ghostek ဟာ Samsung Galaxy S9 အတြက္ ေရစိုခံဖုန္းကာဗာကို မၾကာခင္ေရာင္းခ်မယ္လို႔ ေရးသားခဲ့ၿပီးေနာက္ S9 ရဲ႕ ဒီဇိုင္းအခ်ဳိ႕ကိုပါ ေဖၚျပေပးခဲ့ပါတယ္..
ေဖၚျပခ်က္အရ S9 ဟာ S8 ကို ဒီဇိုင္းအနည္းငယ္ျပဳျပင္ထားၿပီး S8 ထက္ပိုပါးလႊာေအာင္ ျပဳလုပ္ထားပါတယ္..
Dual Camera ထည့္သြင္းထားမွာမဟုတ္ဘဲ ကင္မရာရဲ႕ ေအာက္ေျခနားမွာ Finger Print Sensor ကိုထည့္သြင္းထားပါတယ္..
Snapdragon 845 processor, 6GB RAM, 64GB/128GB internal storage, IP68 rating, Android Oreo, နဲ႔ Wirless Charging ပါဝင္မွာျဖစ္ပါတယ္.. S9 နဲ႔ S9 Plus ဆိုၿပီး ႏွစ္မ်ဳိးထုတ္လုပ္မွာျဖစ္ၿပီး လာမယ့္ ၂၀၁၈ခုႏွစ္၊ ေဖေဖၚဝါရီလ ဘာစီလိုနာမွာက်င္းပမယ့္ Mobile World Congress မွာ ျပသသြားမယ္လို႔ဆိုပါတယ္..
ခန္႔မွန္းေစ်းႏႈန္းကေတာ့ ၇၉၉ ေဒၚလာခန္႔ရွိမယ္လို႔ ေျပာေၾကာင္း Indian Express ရဲ႕ သတင္းကို ကိုးကားေရးသားလိုက္ပါတယ္..

<Unicode>
လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာ ထုတ်ဖေါ်ပြသတော့မယ့် Samsung Galaxy S9 အကြောင်း အနည်းငယ်နဲ့ S9 ရဲ့ ဒီဇိုင်းအချို့ကို ဖုန်းကာဗာဖန်တီးသူ Ghostek က ထုတ်ဖေါ်ပြသလိုက်ပါတယ်..
Ghostek ဟာ Samsung Galaxy S9 အတွက် ရေစိုခံဖုန်းကာဗာကို မကြာခင်ရောင်းချမယ်လို့ ရေးသားခဲ့ပြီးနောက် S9 ရဲ့ ဒီဇိုင်းအချို့ကိုပါ ဖေါ်ပြပေးခဲ့ပါတယ်..
ဖေါ်ပြချက်အရ S9 ဟာ S8 ကို ဒီဇိုင်းအနည်းငယ်ပြုပြင်ထားပြီး S8 ထက်ပိုပါးလွှာအောင် ပြုလုပ်ထားပါတယ်..
Dual Camera ထည့်သွင်းထားမှာမဟုတ်ဘဲ ကင်မရာရဲ့ အောက်ခြေနားမှာ Finger Print Sensor ကိုထည့်သွင်းထားပါတယ်..
Snapdragon 845 processor, 6GB RAM, 64GB/128GB internal storage, IP68 rating, Android Oreo, နဲ့ Wirless Charging ပါဝင်မှာဖြစ်ပါတယ်.. S9 နဲ့ S9 Plus ဆိုပြီး နှစ်မျိုးထုတ်လုပ်မှာဖြစ်ပြီး လာမယ့် ၂၀၁၈ခုနှစ်၊ ဖေဖေါ်ဝါရီလ ဘာစီလိုနာမှာကျင်းပမယ့် Mobile World Congress မှာ ပြသသွားမယ်လို့ဆိုပါတယ်..
ခန့်မှန်းစျေးနှုန်းကတော့ ရ၉၉ ဒေါ်လာခန့်ရှိမယ်လို့ ပြောကြောင်း Indian Express ရဲ့ သတင်းကို ကိုးကားရေးသားလိုက်ပါတယ်..

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !