Advertise Here !


ဖုန္းထုတ္လုပ္တဲ့ ကုမၸဏီမ်ားအၾကားမွာ ကမၻာ့အေသးဆံုး စမတ္ဖုန္းထုတ္လုပ္ေရး ေတာ္ေတာ္ယွဥ္ျပိဳင္မႈျပင္းထန္ခဲ့ပါတယ္..
ဒီအခ်ိန္မွာပဲ Zanco ဟာ ကမၻာ့အေသးဆံုး ဖုန္းတစ္မ်ုိးကို ထုတ္လုပ္လိုက္ၿပီး ၿပိဳင္ဘက္ကုမၸဏီေတြကို အံ့အားသင့္ေစခဲ့ပါတယ္..
t1 လို႔အမည္ေပးထားတဲ့ အဲဒီဖုန္းေသးေသးေလးဟာ ဖုန္းေခၚဆိုမႈနဲ႔ SMS ေပးပို႔မႈကို ျပဳလုပ္ႏိုင္မွာျဖစ္ၿပီး 2G ကြန္ယက္(GSM580/900,DCS1800 နဲ႔ PCS1900) စနစ္ကိုသာ အေထာက္အပံ့ေပးပါတယ္..
200 mAh ပဲရွိတဲ့ ဘက္ထရီေသးေသးေလးဟာ အားတစ္ခါအျပည့္သြင္းထားရင္ ၃ ရက္ထိ ခံမွာျဖစ္ပါတယ္..
0.49 လက္မ OLED Display နဲ႔ 64x32 Resolution မွန္သားျပင္ပါဝင္ၿပီး တပ္ဆင္ထားတဲ့ ကီးပက္ေပၚက နံပတ္ေတြ၊ အကၡရာေတြကို ႏွိပ္မယ္ဆိုရင္ေတာ့ လက္ေခ်ာင္းေသးဖို႔လိုပါမယ္.. ႀကီးရင္ေတာ့ အျခားဂဏန္းေတြကိုပါႏွိပ္မိသြားႏိုင္တာေပါ့..


Nano-SIM ကိုတပ္ဆင္ႏိုင္မွာျဖစ္ၿပီး Contact ၃၀၀ နဲ႔ Recent Call ၅၀၊ Tex Message အေစာင္ ၅၀ မွတ္ထားႏိုင္ပါမယ္.. Internal Storage 32 MB နဲ႔ RAM 32MB သာပါဝင္ၿပီး microSD ကဒ္ စိုက္လို႔မရပါဘူး.. Micro USB Port ကေန အားသြင္းႏိုင္မွာျဖစ္ၿပီး စုစုေပါင္း ဖုန္းတစ္လံုးလံုးရဲ႕ အေလးခ်ိန္ဟာ ၁၃ဂရမ္သာရွိပါတယ္..
တကယ္လို႔မ်ား ဝယ္ယူခ်င္တယ္ဆိုရင္ေတာ့ Kickstarter မွာ ဖုန္းတစ္လံုးကို ေဒၚလာ ၅၀ နဲ႔ ဝယ္ယူႏိုင္ၿပီး ၂၀၁၈ ခုႏွစ္ ေမလ ေရာက္ရင္ေတာ့ ကမၻာတစ္ခြင္က ေအာ္ဒါမွာယူေတြဆီ ေရာက္ေအာင္ ပို႔ေပးႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ဆိုပါတယ္..

<Unicode>
ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီများအကြားမှာ ကမ္ဘာ့အသေးဆုံး စမတ်ဖုန်းထုတ်လုပ်ရေး တော်တော်ယှဉ်ပြိုင်မှုပြင်းထန်ခဲ့ပါတယ်..
ဒီအချိန်မှာပဲ Zanco ဟာ ကမ္ဘာ့အသေးဆုံး စမတ်ဖုန်းတစ်မျိုးကို ထုတ်လုပ်လိုက်ပြီး ပြိုင်ဘက်ကုမ္ပဏီတွေကို အံ့အားသင့်စေခဲ့ပါတယ်..
t1 လို့အမည်ပေးထားတဲ့ အဲဒီဖုန်းသေးသေးလေးဟာ ဖုန်းခေါ်ဆိုမှုနဲ့ SMS ပေးပို့မှုကို ပြုလုပ်နိုင်မှာဖြစ်ပြီး 2G ကွန်ယက်(GSM580/900,DCS1800 နဲ့ PCS1900) စနစ်ကိုသာ အထောက်အပံ့ပေးပါတယ်..
200 mAh ပဲရှိတဲ့ ဘက်ထရီသေးသေးလေးဟာ အားတစ်ခါအပြည့်သွင်းထားရင် ၃ ရက်ထိ ခံမှာဖြစ်ပါတယ်..
0.49 လက်မ OLED Display နဲ့ 64x32 Resolution မှန်သားပြင်ပါဝင်ပြီး တပ်ဆင်ထားတဲ့ ကီးပက်ပေါ်က နံပတ်တွေ၊ အက္ခရာတွေကို နှိပ်မယ်ဆိုရင်တော့ လက်ချောင်းသေးဖို့လိုပါမယ်.. ကြီးရင်တော့ အခြားဂဏန်းတွေကိုပါနှိပ်မိသွားနိုင်တာပေါ့
Nano-SIM ကိုတပ်ဆင်နိုင်မှာဖြစ်ပြီး Contact ၃၀၀ နဲ့ Recent Call ၅၀၊ Tex Message အစောင် ၅၀ မှတ်ထားနိုင်ပါမယ်.. Internal Storage 32 MB နဲ့ RAM 32MB သာပါဝင်ပြီး microSD ကဒ် စိုက်လို့မရပါဘူး.. Micro USB Port ကနေ အားသွင်းနိုင်မှာဖြစ်ပြီး စုစုပေါင်း ဖုန်းတစ်လုံးလုံးရဲ့ အလေးချိန်ဟာ ၁၃ဂရမ်သာရှိပါတယ်..
တကယ်လို့များ ဝယ်ယူချင်တယ်ဆိုရင်တော့ Kickstarter မှာ ဖုန်းတစ်လုံးကို ဒေါ်လာ ၅၀ နဲ့ ဝယ်ယူနိုင်ပြီး ၂၀၁၈ ခုနှစ် မေလ ရောက်ရင်တော့ ကမ္ဘာတစ်ခွင်က အော်ဒါမှာယူတွေဆီ ရောက်အောင် ပို့ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်..


Ref : Phonearena

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org


Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !