Advertise Here !



(၁) နေရောင်ခြည်

နေရောင်ခြည်ဟာ သဘာဝကပေးတဲ့အရာတွေထဲမှာ လူတွေအတွက် အကျိုးအပြုဆုံးအရာပါ။ လူသားတွေရဲ့ အရေပြားကျန်းမာရေးကိုသာမက စိတ်ကျန်းမာရေးကိုလည်း ထိရောက်စွာ ထောက်ပံ့ပေးပါတယ်။ အလင်းရောင်မရဘဲ လူတစ်ယောက်ဟာ အချိန်ကြာမြင့်စွာ နေထိုင်ပါက စိတ်ပိုင်းဆိုင်ရာ ချို့တဲ့အားနည်းမှုတွေ ဖြစ်သွားနိုင်ပါတယ်။ လူနာတွေကို ကုသတဲ့နေရာမှာလည်း နေရောင်ခြည်ဟာ အရေးပါပါတယ်။
.
(၂) ရေ

လူရဲ့ ခန္ဓာကိုယ်ကို ရေဓါတ်အများဆုံးနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ရေဓါတ်ဟာ ကိုယ်တွင်းအပူချိန်ကို ထိန်းချုပ်ပေးထားရုံသာမကဘဲ ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်ခြင်းနဲ့လည်း တိုက်ရိုက်သက်ဆိုင်ပါတယ်။ ရေများများသောက်ခြင်းဖြင့် ချွေးကတစ်ဆင့် ကုန်ဆုံးသွားတဲ့ရေဓါတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်ပါတယ်။
.
(၃) အိပ်စက်အနားယူခြင်း

အိပ်စက်အနားယူခြင်းဟာ ခန္ဓာကိုယ်အတွက်ရော၊ ဦးနှောက်အတွက်ပါ ခွန်အားပြည့်စေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အိပ်စက်ချိန်မတူညီကြပေမယ့် လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ၈နာရီခန့် အိပ်စက်သင့်ပါတယ်။ အိပ်ရေးပျက်ခြင်းဟာ ဝက်ခြံထွက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်းလိုမျိုး ဆိုးကျိုးတွေကိုသာမက စိတ်ဖိစီးမှုတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။
.
(၄) လေကောင်းလေသန့်

ရှုရှိုက်လိုက်တဲ့လေထုဟာ အဆုတ်ကို တိုက်ရိုက်သက်ရောက်မှုဖြစ်စေပါတယ်။ ခန္ဓာကိုယ်အတွင်း အသုံးပြုမယ့် အောက်ဆီဂျင်ဟာ သန့်စင်နေဖို့ လိုပါတယ်။ လေကောင်းလေသန့်တွေဟာ ခန္ဓာကိုယ်အတွက်သာမကဘဲ စိတ်ကြည်လင်လန်းဆန်းပြီး တက်ကြွနေဖို့ကိုလည်း အထောက်အပံ့ဖြစ်စေပါတယ်။ တရားထိုင်ခြင်းလို လေ့ကျင့်ခန်းမျိုးတွေကလည်း စိတ်ကို ကြည်လင်စေသလို၊ အဆုတ်အားကိုလည်း ကောင်းစေပါတယ်။
.
(၅) လေ့ကျင့်ခန်း

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို မှန်စေပါတယ်။ ဒါတင်မကသေးဘဲ ကြွက်သားကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ အခြားသော ကောင်းကျိုးတွေလည်း များစွာ ရှိပါသေးတယ်။
.
(၆) အစားအသောက်

လူတစ်ယောက်ရဲ့ စားသောက်မှုပုံစံဟာ ကျန်းမာရေးကို အလွန်အမင်း ကောင်းစေနိုင်သလို၊ အလွန်အမင်းလည်း ဆိုးရွားစေပါတယ်။ စားသောက်တဲ့နေရာမှာလည်း လိုအပ်တဲ့ ပမာဏထက်ပိုပြီးတော့ မစားသောက်သင့်ပါဘူး။ အလျှံအပယ်စားသောက်လိုက်မယ်ဆိုရင် အဆီပိုတွေအဖြစ် ခန္ဓာကိုယ်ကို ကောင်းကောင်းဒုက္ခပေးပါလိမ့်မယ်။
_______________
ရွှေညာမောင် (Focus Youth E-magazine)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !