Advertise Here !


ယနေ့အင်တာနက်ခေတ် လူသားများ အဖို့ စမတ်ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ၊ တီဗွီစသဖြင့် အီလက်ထရောနစ် ပစ္စည်း တစ်ခုမဟုတ်တစ်ခုနဲ့ မထိမတို့ဘဲ ဖြတ် သန်းဖြစ်သည့်နေ့မျိုး ရှိမည်ပင် မထင်။ အီလက်ထရောနစ် ပစ္စည်းများက လူသားတို့ဘဝ ပိုအဆင်ပြေချောမွေ့အောင်ကူပေးသည်။ တစ်ချိန်တည်းမှာပင် လူသားတို့ ကျန်းမာရေးကိုလည်း ဆိုးကျိုးဂယက် ရိုက်ခတ်နေပြန်၏။ တန်ဆေးလွန်ဘေး ဆိုသောစကားနှင့်အညီ စမတ်ဖုန်း၊ တက်ဘလက် စသည့်အီလက်ထရောနစ်ပစ္စည်း များကို ကိုယ့်အတွက်ဆေးအဖြစ် အကျိုး ရှိအောင် သုံးတတ်ဖို့တော့လိုမည်။
မျက်တောင်ခတ်ဖို့ မမေ့နဲ့။
စမတ်ဖုန်း၊ တက်ဘလက်၊ တီဗွီ၊ ကွန်ပျူတာစသဖြင့် တောက်ပသော ဖန်သားပြင်များကိုစိုက်ကြည့်နေသည့်အခါ မျက်လုံးသည် မျက်တောင် မခတ်ဘဲပြူးကျယ် နေတတ်သည်။ ထိုသို့ မျက်လုံးပြူးကျယ်ကာ စိုက်ကြည့်ပါ များလာပါက မျက်လုံးသည် မျက်ရည်ခန်းခြောက်ကာနီရဲလာပြီး စပ်ဖျဉ်းဖျဉ်းဖြစ်လာတော့သည်။ အမြင်တွေလည်းဝေဝါးလာကာ ကြည့်မကောင်းဘဲ ဖြစ်လာတတ်သည်။ မျက်လုံးသည် ပုံမှန်အတိုင်း မကြာမကြာမျက်တောင်ခတ်နေပါမှ မျက်ရည်လည်ကာစိုစွတ်ပြီး ကောင်းစွာ မြင်နိုင်နေမည်ဖြစ်သည်။
“ပုံမှန်အတိုင်းဆိုရင်တော့ မျက်တောင်က သူ့ဘာသာခတ်နေတာပါပဲ။ ဖန်သားပြင်တောက်တောက်ကိုစိုက်ကြည့်နေရင်တော့ မျက်လုံးက မျက်တောင် အခတ် လျော့သွားတယ်။ ဒါကို ကိုယ်က ကိုယ့်ဘာသာ သတိလေးထားပြီး မျက်တောင်ခတ်ဖို့ မမေ့နဲ့ မမေ့နဲ့လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးနေရမယ်” ဟု မျက်စိအထူးကု ဆရာဝန်ကြီး ကာဆန်ဒရာချန်းကပြောသည်။ ဖန်သားပြင်ကို နီးကပ်စွာ စိုက်ကြည့်ပါများလာပါက မျက်လုံးသည် အကြောထိုင်းသွားကာ အဝေးမြင်ကွင်းများကို စိုက်ကြည့်နိုင်စွမ်း မရှိ ဖြစ်ရသည်။ သို့ဖြစ်သောကြောင့် ဖုန်းသုံးတာမိနစ် ၂၀ လောက်နေတိုင်း အဝေးကို တစ်မိနစ်၊ နှစ်မိနစ်လောက် ကြည့်ပေးရမည်။ သို့မှသာမျက်လုံးသည် အနီးအဝေးမြင်ကွင်းများကို ပုံမှန်အတိုင်း သိမှတ်နိုင်မည်ဖြစ်သည်။
လှုပ်လှုပ်ရှားရှားနေပါ။
လူကလှုပ်ရှားနေမှ အောက်စီဂျင်နှင့် သွေးကတစ်ကိုယ်လုံးကြွက်သားတွေဆီရောက်သည်။ ငြိမ်နေလျှင် အောက်စီဂျင်နှင့် သွေး လှည့်ပတ် မှုနှေးကွေးသည်။ သို့ဖြစ်သောကြောင့် တစ်ပုံစံတည်းငြိမ်နေခြင်း၊ ဖုန်းသုံးကာ အချိန်ကြာမြင့်စွာ တကုန်းကုန်းလုပ်နေခြင်းတို့သည် ကျန်းမာရေးကိုထိခိုက်စေနိုင်၏။ “လက်သီးဆုပ်ထားကြည့်” ဟု နာ့ဗ်ကြောဗေဒဆိုင်ရာပညာရှင် ဒေါက်တာဒန်နီရယ်ဇီးဘတ်ကပြောသည်။
"ဖုန်းကိုငုံ့ကြည့်ပြီး လူကကုန်းချိချိဖြစ်နေချိန်မှာ ပခုံးကြွက်သားတွေဟာ လက်သီးတင်းတင်းဆုပ်ထားတဲ့အတိုင်းပဲ။ တင်းရင်းနေကြတယ်” ဟု ဒေါက်တာဇီးဘတ်က ရှင်းပြသည်။
ဖုန်းတကုန်းကုန်းသုံးနေသူပဲဖြစ်ဖြစ်၊ ရုံးစားပွဲမှာ တကုန်းကုန်း လုပ်နေသူပဲဖြစ်ဖြစ် နာရီဝက်လောက်နေတိုင်း နှစ်မိနစ် သုံးမိနစ်လောက် မတ်တတ်ထလမ်း လျှောက်ပြီး ကြွက်သားများ တင်းရင်းနေတာတွေလျှော့ချပေးရမည်ဟု ဒေါက်တာဇီးဘတ်က အကြံပြုသည်။ ထိုသို့ကြွက်သားတွေပျော့ပျောင်းနေအောင် ဖန်တီး ပေးခြင်းဖြင့် ဇက်နာ၊ ကျောအောင့်မည့် ဘေးမှ လည်းဝေးနိုင်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

အစွဲအလမ်းသိပ်မကြီးနဲ့
ယနေ့အင်တာနက်ခေတ်၊ စမတ်ဖုန်းခေတ်တွင် လူအများစုကြီးသည် အွန်လိုင်း ကမ္ဘာမှာ အချိန်ပိုကုန်သထက် ကုန်လာကြသည်။ လက်တွေ့ကမ္ဘာထဲမှာသွားလာ လှုပ်ရှားနေချိန်များမှာပင် ပစ္စုပ္ပန်ကို အပြည့်မခံစားနိုင်ဘဲ အွန်လိုင်းကမ္ဘာကို စိတ်ရောက်နေကြသည်။ အွန်လိုင်းကမ္ဘာမှာဖြစ်ပျက်နေတာများကို အချိန်နဲ့ တစ်ပြေးညီ မသိလိုက်ရမှာ စိတ်ပူတတ်ကြသည်။ ထို့ကြောင့်ပင် လမ်းသွားရင်း၊ ကားစီးရင်းပင် စမတ်ဖုန်းနဲ့မျက်နှာအပ်ကာ အွန်လိုင်းကမ္ဘာမှာ နေထိုင်နေကြသည်။ အကျိုးဆက် အဖြစ်ကား အွန်လိုင်းကမ္ဘာမှာ ဖြစ်ပျက်နေတာများကို အချိန်ပြည့် သတိဖြင့်စောင့်ကြည့်ချင်နေသည့် စိတ်အစွဲကြီးမားလာခြင်းဖြစ်သည်။ ဖုန်းက Notification သံမြည်လာသည်နှင့် လက်ကဝုန်းဆို ဖုန်းကိုကောက်ကိုင်ပြီးသား ဖြစ်သွားသည်။ ဖုန်းကဘာသံမှမမြည်သည့် တိုင်မြည်သည်ဟုထင်ယောင်မှားကာ ဖုန်းကို မကြာမကြာ ထုတ်ကြည့်မိသည့် ထင်ယောင်မှားစိတ်ရောဂါသည်များလည်း တိုးပွားလာနေသည်
စိတ်ပညာ သဘောအရလည်း ဖုန်းကိုမကြာမကြာထုတ်ကြည့်ခြင်းသည် ပင်လယ်ရေသောက်သလိုပင် သောက်လေသောက်လေငတ်မပြေဆိုသလို စွဲလမ်းမှု အကျင့်က ပိုဆိုးသထက် ဆိုးလာတတ်သည်ဟု စိတ်ပညာဆရာဝန်ပီတာဖာဗိုဒန်က ပြောသည်။
“ဖုန်းဖွင့်ပြီး Facebook သုံးနေရတာ၊ အီးမေးစစ်နေရတာ၊ YouTube ကြည့်နေရတာဟာ များများလုပ်လေစိတ်ကို စွဲလမ်းစေလေဖြစ်ပါတယ်။ ကြာလာလေဖြတ်ဖို့ ခက်လာလေဖြစ်ပါတယ်” ဟု ဒေါက်တာ ဖာဗိုဒန်ကပြောသည်။
ဖုန်းကို ခဏခဏထုတ်ကြည့်ကာ ဆိုရှယ်မီဒီယာမှာ အချိန် ကုန်လွန်းနေသဖြင့် အလုပ်တွေပါမပြီးနိုင်အောင် ဖြစ်နေရသူများ အနေဖြင့် မိမိကိုယ်ကိုယ်သတိပေး သင့်သည်။ ဆိုရှယ်မီဒီယာမှာ ထိုမျှအချိန် ကုန်နေခြင်းသည် မိမိအတွက်မည်မျှ အကျိုး ရှိစေသနည်း ကို ပြန်သုံးသပ်ရမည်။ ဆိုရှယ်မီဒီယာသုံးရင်း ကုန်ဆုံးလိုက်ရသော အချိန်အများစုသည် တကယ်တမ်း ပြန်ဆန်းစစ်ကြည့်သည့်အခါ မသုံးလည်း ဘာမှမဖြစ်ဟု အဖြေထွက်လာသည်ကို လူအတော်များများကြုံဖူးကြလိမ့်မည်။
အကောင်းဆုံးလုပ်ရန်ကား ဆိုရှယ်မီဒီယာအသုံးကို အချိန်ပိုင်းအလိုက် ရပ်ပစ်ထားလို့ရမည်လား ကိုယ့်ကိုယ်ကိုယ် မေးခွန်း ထုတ်ဖို့ဖြစ်သည်။ ဖေ့စ်ဘွတ်ခ် မသုံးဘဲ တစ်ရက်လောက်နေကြည့်၊ မိမိဘယ်လိုနေလဲပြန်ဆန်းစစ်၊ ဘာတွေ ထိခိုက်သွားလဲပြန်ချိန်ဆ။ ထိခိုက်မှုမရှိဘူး ဆိုလျှင် တစ်ရက်မကအဆက်ဖြတ်ထား နိုင်အောင်၊ သို့မဟုတ်ပါကလည်း တစ်နေ့ကို ဘယ်နှမိနစ်သာသုံးမည် ဆိုတာမျိုး သတ်မှတ်ကာ ကိုယ့်စည်းကမ်းကိုယ်လိုက်နာကျင့်သုံးဖို့ဖြစ်သည်။
Ref: Tech Tune-Up By Lisa Coxon , Internet Journal

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !