Advertise Here !

Photo: TechRader

မကြာခင်ကမှ စစ်တမ်းကောက်ယူထားတဲ့ Counterpoint Research ဈေးကွက်လေ့လာမှုအစီရင်ခံစာအရ Xiaomi ဟာ ကမ္ဘာ့စမတ်ဖုန်းရောင်းအားမှာနံပါတ်တစ်အမှတ်တံဆိပ်ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်.. ဒါဟာ ၂၀၂၁ ဇွန်လမှာရောင်းအား ၂၆ ရာခိုင်နှုန်းတိုးလာတာကြောင့် ကုမ္ပဏီက ပထမဆုံးအကြိမ် အောင်မြင်ခဲ့တာဖြစ်ပါတယ်.. Xiaomi ဟာ ဇွန်လမှာရောင်းအား အကောင်းဆုံး စမတ်ဖုန်းအမှတ်တံဆိပ် ဖြစ်ခဲ့သလို Samsung က ၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်တစ်ခုလုံးမှာ ထိပ်ဆုံးနေရာကို ဆက်လက်သိမ်းထားနိုင်ခဲ့ပါတယ်.. 

Mi 11 Ultra White
Mi 11 Ultra (Photo:GIZMoChina)


Xiaomi ဟာပြီးခဲ့သည့်သုံးလပတ်တွင် ၉၈ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဒုတိယအချီမှာတင် အလုံးရေသန်း ၅၀ တင်ပို့ခဲ့နိုင်ခဲ့ပါတယ်.. ၂၀၁၁ ခုနှစ်မှစတင်ရေတွက်မယ်ဆိုရင် Xiaomi ရဲ့ Smartphone ရောင်းအားဟာ သန်း ၈၀၀ နီးပါးရောင်းချပြီးဖြစ်ပါတယ်.. 

ဇွန်လမှာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး စာရင်းဝင်ခဲ့ပေမယ့် ကမ္ဘာ့စမတ်ဖုန်းစျေးကွက်မှာ ဝေစု ၉% ရှိတဲ့ Xiaomi ဟာ Samsung နဲ့ Apple ကိုမီဖို့တော့ အတော်လိုနေအုံးမှာပါ.. လက်ရှိစာရင်းအရတော့ Apple က ၄၁% နဲ့ Samsung က ၁၅% စီရရှိထားကြတာပါ..
၂၀၂၀ အစောပိုင်းကစပြီး Huawei ဟာ ထိုးနှက်မှုတွေနဲ့ကြုံတွေ့ခဲ့ရပြီး
တရုတ်၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့်အာဖရိကလိုနေရာတွေမှာ Huawei ရဲ့ စျေးကွက်ကို Xiaomi က ချဲ့ထွင်ယူနိုင်ခဲ့ပါတယ်.. 

စျေးကွက်တင်တော့မယ့် Mi Mix 4 (Photo:PhoneAqua)
တရုတ်၊ ဥရောပနှင့်အိန္ဒိယတို့စီးပွားရေး နာလန်ထလာမှုနဲ့ Samsung ရဲ့ အထောက်အပံ့ဆိုင်ရာ ပြဿနာတွေက Xiaomi အတွက် အကူအညီတွေဖြစ်စေခဲ့တဲ့အတွက် ရောင်းအား ထိပ်တန်းရောက်ခဲ့တာလည်းဖြစ်ပါတယ်..

ဒါပေမယ့် Samsung ကဗီယက်နမ်မှာရင်ဆိုင်နေရတဲ့ ထုတ်လုပ်မှုပြဿနာတွေကနေ ပြန်လည်အဆင်ပြေလာတဲ့အခါ Samsung က သူ့ရဲ့ထိပ်တန်းနေရာကို ဆက်ထိန်းနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ တကယ်လို့ Samsung ထုတ်လုပ်မှုပြန်လည်ကောင်းမွန်ခြင်းမရှိဘူးဆိုရင် Xiaomi ဟာ လာမယ့်လတွေမှာလည်း စျေးကွက်ဝေစုကိုဆက်လက်ရရှိလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်..

 

Ref : XDA Developers

အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org

Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

2 comments:

  1. Thank you for sharing this. It was helpful. Keep sharing such things.

    ReplyDelete
  2. very informative post. thanks for sharing it with us.

    ReplyDelete

Please click on advertisement !