Advertise Here !

 Realme ဟာ စမတ်ဖုန်းလောကရဲ့ နေရာတနေရာမှာ ခိုင်ခိုင်မာမာရပ်တည်နိုင်တာကိုအားမရသေးတော့ Smart TV တွေ၊ Smart နာရီတွေ၊ Wireless နားကြပ်တွေရဲ့ စျေးကွက်တွေပါ ဝင်ရောက်နေရာယူလာပြီဖြစ်ပါတယ်..
နောက်တဆင့်အနေနဲ့ လာမယ့် သြဂုတ်လ ၁၈ ရက်နေ့မှာ သူတို့ရဲ့ ပထမဆုံး Laptop ကို စတင်မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်.. Realme Book Slim လို့နာမည်ပေးထားတဲ့ ဒီ Laptop ကို သြဂုတ်လ ၁၈ ရက်နေ့ ၁၂ နာရီခွဲမှာ မိတ်ဆက်မှာဖြစ်တယ်လို့ အိန္ဒိယ Realme ဌာနကနေ ရေးသားခဲ့ပါတယ်..


ဘယ်လို Spec တွေနဲ့ပွဲထုတ်လာမလဲ..
အထူးပြုထားတာကတော့ smartphone connect feature စနစ်ကို Highlight လုပ်ထားတာတွေ့ရပြီး ဒီစနစ်က Huawei ရဲ့ Share, Microsoft ရဲ့ Your Phone လိုစနစ်မျိုး ဖုန်းကို အနားကပ်လိုက်ရုံနဲ့ Laptop နဲ့ အလိုအလျောက် ချိတ်ဆက်တဲ့စနစ်မျိုးဖြစ်ပါတယ်..
Display ကို 2160x1440 pixel Resolution မှာ အလင်းအား 300 nits ထိ ရမှာဖြစ်ပါတယ်..
CPU ကတော့ Intel Core i5-1135G7 ကိုတပ်ဆင်ပေးထားပြီး 16GB RAM နဲ့ 512 GB PCIe Storage ရှိပါမယ်..
Harmon Kardon ရဲ့ Stereo Speaker ကို ၂ လုံး Dual တပ်ဆင်ပေးထားပါမယ်..
၁.၅ ကီလိုဂရမ်သာလေးတဲ့ ဒီ Laptop ပါးပါးလေးမှာ 54 Whr Battery ကို 65W fast-charging စနစ်နဲ့အားသွင်းနိုင်မှာဖြစ်ပြီး USB 3.2 1 port နဲ့ USB Type C 3.1 2 port ပါဝင်လာမယ်လို့ဆိုပါတယ်..
စျေးနှုန်းကတော့ 55000 ရူပီး (740 US$ ခန့်) နဲ့ရောင်းချသွားမယ်လို့သိရပါတယ်..

Source : GIZChina

အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org


Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !