Advertise Here !

လွန်ခဲ့တဲ့လ အနည်းငယ်က Xiaomi ဟာ 200 Watt နဲ့ 120 Watt ကြိုးတပ်/ကြိုးမဲ့အားသွင်းစနစ်တွေကို စမ်းသပ်ပြသခဲ့ပြီးတဲ့နောက် လာမယ့် ၂၀၂၂ ဇွန်လလောက်မှာ  200 Watt ကြိုးတပ်အားသွင်းအစိတ်အပိုင်းတွေကို အမြောက်အမြားထုတ်လုပ်ပြီး စျေးကွက်ထဲ တင်ပို့နိုင်တော့မယ်လို့ Digital Chat Station က ဖေါ်ပြလိုက်ပါတယ်.. အဲဒီကာလမှာပဲ ဒီအားသွင်းစနစ်နဲ့လိုက်ဖက်ညီတဲ့ Flaship smatphone တွေကလည်း စျေးကွက်တင်ဖွယ်ရှိပါတယ်..
အတွင်းသတင်းပေါက်ကြားချက်အရ 200W ဟိုက်ပါအမြန်အားသွင်းစနစ်ကို Mi Mix 5 နဲ့အတူပွဲထွက်လာဖွယ်ရှိပြီး Wireless အားသွင်းစနစ်ကတော့ 50W ပဲရှိနေအုံးမယ်လို့ဆိုပါတယ်..
Xiaomi ဟာ နည်းပညာတိုးတက်မြင့်မားမှုမြန်ဆန်လျက်ရှိပြီး အံ့သြစရာကောင်းလောက်တဲ့ Mi 11 Ultra နဲ့ Mi Mix 4 လို Flaship Smartphone တွေကို 67W နဲ့ 120W အမြန်အားသွင်းစနစ်တွေတပ်ဆင်ပေးလိုက်ပါတယ်..  120W အမြန်အားသွင်းစနစ်နဲ့ပတ်သက်လို့ နည်းပညာပိုင်းအရ နိုင်နင်းလာတဲ့ Xiaomi ဟာ 200W အားသွင်းစနစ်ကို အကောင်အထည်ဖေါ်ဖို့ သေချာတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး.. 

Source : myDrivers

နမူနာအားသွင်းပြလိုက်တဲ့ 200W ဟိုက်ပါအမြန်အားသွင်းစနစ်ဟာ 4000 mAh ဘက်ထရီကို ၃ မိနစ်အတွင်း ၅၀% ထိသွင်းပေးနိုင်ပြီး ၁၀၀% အားအပြည့်ဝင်ဖို့ ၈ မိနစ်သာ ကြာမြင့်ပြီး 120W အားသွင်းစနစ်ကတော့ 4000 mAh ကို ၁ မိနစ်မှာ ၁၀%၊ ၇ မိနစ်မှာ ၅၀% နဲ့ ၁၀၀% အားပြည့်ဖို့ ၁၅ မိနစ်သာ ကြာမြင့်မှာဖြစ်ပါတယ်..

Source : GIZChina, MyDrivers


အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org


Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !