![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSr0kr08HB3RQovS5PcR68PlojT1_yZpxLPR2Qw4NLmlaMKE2pPc-GPYE8w7G2cRHQkxIB4YV4wFqMNHjz6mqJJjkWfmIySLGgHa7IRxSG4wlpXBgLVL5rWUz_gwHzDJPVFE9lT1puUWg/s1600/Mi10+Youth.jpg)
လာမယ့် ဧပြီလ ၂၇ ရက်နေ့မှာ Xiaomi ဟာ သူ့ပရိတ်သတ်တွေအတွက် MIUI 12 OS နဲ့ Mi 10 Youth ကိုမိတ်ဆက်ပေးတော့မှာပါ.. Mi10 Youth ရဲ့ ကြော်ငြာတွေကိုလည်း အရောင်ပေါင်းစုံနဲ့ ဝေဝေဆာဆာ ကြော်ငြာထားတာကို Playfuldroid ဆိုတဲ့ ဆိုဒ်မှာ တွေ့လိုက်ပါသေးတယ်..
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTLXLX_kkrnZCVJa6-cJNiJPVsFACLnugVtvbBgEAHcK2ELQUElg3RJLlwaKYwgDD6l576rKIXlTBab4CU2NUNCu8P1WLQXaMDSxyZ5bA7gGw_pMwE_AUE-7DS-Xx9eXXb7FZpA_WYDZY/s640/Mi10+Youth_green.jpg)
TENAA ရဲ့ဖေါ်ပြချက်အရ ကျစ်ကျစ်လစ်လစ်နဲ့ ပေါ့ပေါ့ပါးပါး သုံးလို့ကောင်းမယ်လို့ ပြောနေကြတဲ့ Xiaom Mi 10 Youth မှာ−
- Snapdragon 765 SOC ကို 2.4 GHz CPU နဲ့မောင်းနှင်ထားမယ်
- 4GB, 6GB နဲ့ 8GB ဆိုပြီး RAM ကို ၃ မျိုးရွေးချယ်နိုင်မယ်..
- Storage ကိုလည်း 64GB, 128GB နဲ့ 256GB ဆိုပြီး ၃ မျိုး ရွေးချယ်နိုင်မယ်..
- 6.57 လက်မ OLED မျက်နှာပြင်မှာ Waterdrop notch တပ်ဆင်ပေးထားပြီး underdisplay fingerprint လည်း မြှပ်ထားမယ်လို့ဆိုပါတယ်..
- 100mm သာထူပြီး အလေးချိန်ကလည်း 200 ဂရမ်သာရှိတယ်ဆိုတော့ တော်တော်ပါးပြီး ပေါ့မယ့်ပုံပါပဲ..
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5Yzz3osZ4ZCXN3D0EF6-PTjEuhCiIPKBAH9SfACr9E_2tf4JzXaGaCdSXbhnFiMV2_0ULpJDuUm7f0qLraY_rvkPbgz0L450WEg2wV55rEbr0wijkyDRUmnjad_G-1frQVUlHaV-Nals/s1600/Mi10Youth_Thin.jpg)
- 48MP Main Camera ပါဝင်တဲ့ ကင်မရာ ၄ လုံးတပ်ဆင်ပေးထားမှာဖြစ်ပြီး အဲဒီထဲက တစ်လုံးဟာ 50X ထိထောက်ပံ့နိုင်တဲ့ Periscope Zoom ဖြစ်သတဲ့..
- 4060mAh ဘက်ထရီကို 18W ဒါမှဟုတ် 27W Fast-Charging စနစ်ပါမယ်လို့ဆိုပေမယ့် အချို့ကတော့ 22.5W ပါမယ်လို့လည်း ခန့်မှန်းနေကြပါတယ်..
Ref : GiZChina, Playfuldroid
အဆင်ပြေပါစေ..
မောင်ပေါက်< Blogger >
www.maungpauk.org
Post A Comment:
0 comments:
Please click on advertisement !