Advertise Here !


 ဒီနှစ်ထဲမှာ OnePlus က Smartphone ၃ မျိုးကို စျေးကွက်ထဲကိုပို့မယ်လို့ ကောလဟာလသတင်းတွေထွက်ခဲ့ပါတယ်.. အဲဒီထဲက OnePlus 8 နဲ့ OnePlus 8 Pro ကတော့ ထုတ်ပေးလိုက်ပါပြီ.. နောက်တစ်မျိုးဖြစ်တဲ့ OnePlus Z ကတော့ COVID-19 ကြောင့် နှောင့်နှေးနေပုံရပါတယ်..
Mid-range ဖုန်းတစ်လုံးဖြစ်တဲ့ OnePlus Z Surface နဲ့ပတ်သက်လို့ တိတ်ဆိတ်နေကြစဉ်မှာပဲ OnePlus Z ရဲ့ပုံတွေဆိုပြီး တင်လာခဲ့ပါတယ်.. လေးထောင့်ကျကျပုံစံ၊ Punch-hole ကိုအလယ်မှာထားပြီး ဘေးဘောင်တွေက မထူလွန်း၊ မပါးလွန်းတဲ့ ဒီပုံဟာ တကယ်ပဲ OnePlus Z လေလား..



ကောလဟာလသတင်းတွေအရတော့ OnePlus Z မှာ
SOC ကို MediaTek Dimensity 1000 နဲ့သုံးပေးထားမှာဖြစ်ပြီး 5G ရပါမယ်..
Main Camera ကို 48MP ကိုအဓိကထားပြီး 16MP နဲ့ 12MP နှစ်လုံးပေါင်းကာ ကင်မရာ ၃ လုံးပါဝင်ပါမယ်..
6.4 လက်မရှိတဲ့ OLED မျက်နှာပြင်ကို 90Hz refresh rate နဲ့..
8GB RAM က လုံလောက်တဲ့ပမာဏပါ..
125GB ဒါမှမဟုတ် 256GB  Storage
4000mAh ဘက်ထရီကို အားသွင်းဖို့ 30W Fast-charging စနစ်နဲ့ထောက်ပံ့ထားမယ်ဆိုတော့ Mid-range မကတော့တဲ့အနေအထားပါ..




Ref : GIZChina

အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org

Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !