Advertise Here !


Network သမားတွေ ကိုဗစ်ရှောင်ရင်း Stay At Home နေကြတုန်း ICSI, UK မှာ  £500 (မြန်မာငွေ 8 သိန်းနီးပါး) တန် Network Security Course တစ်ခုကို Free တက်နိုင်မယ့်နည်းလမ်းတစ်ခုကို ပြည်ဟိန်းကျော် ဘလော့မှာတွေ့လာလို့ လက်တွေ့စမ်းသပ်ပြီး ပြန်လည်ဝေမျှလိုက်ပါတယ်..
ဒီ Course ရဲ့ နာမည်အပြည့်အစုံကတော့ Certified Network Security Specialist (CNSS) ဖြစ်ပြီး UK အခြေစိုက် International Cyber Security Institute (ICSI) က ပို့ချပေးတာဖြစ်ပါတယ် .. အခု COVID-19 ကြောင့် အိမ်မှာနေနေရတဲ့လူတွေအတွက် သူတို့ရဲ့ Course တစ်ခုကို Free ပေးလိုက်တာပါ
အခု Free ပေးတဲ့ Version မှာတော့ Online Lab တွေနဲ့ Exam Voucher Code ပါမှာမဟုတ်ပါဘူး .. Online Lab နဲ့ Exam Voucher Code ကို £75 (မြန်မာငွေ 1 သိန်းကျော်) နဲ့ဝယ်ယူလို့ရပါတယ် .. အခု Free ပေးနေတဲ့ Course မှာ Exam Voucher Code မပါပေမယ့် Certificate of Completion ပေးမှာဖြစ်လို့ Network သမားတွေတက်ရောက်ထားသင့်တဲ့ Course တစ်ခုပါပဲ .. အဆိုပါ Course ကို May 31 ရက်နေ့ထိ Free Enroll လုပ်နိုင်မှာပါ
ဒီ Course မှာတော့ သင်ခန်းစာ 94 ခုပါဝင်ပြီး Module 13 ခုခွဲထားပါတယ် … အဆိုပါ Module တွေကိုတော့ အောက်ကပုံမှာကြည့်နိုင်ပါတယ်.


ဘာမှသိပ်ထွေထွေထူးထူးလုပ်နေစရာမလိုပါဘူး..
https://www.icsi.co.uk/users/sign_up ကိုနှိပ်ပါ..
ပြီးရင် ကိုယ့်နာမည်၊ email, Password ဖြည့်.. မြန်မာနိုင်ငံကိုရွေး.. ToS ဘေးမှာအမှန်ခြစ်ပြီး Sign up ကိုနှိပ်..
ပြီးရင်  Certified Network Security Specialist (CNSS) ကိုရွေးပါ..


ဒီ Course ကို အလကားပေးမှာဖြစ်ပြီး #StaySafeHome ဆိုတဲ့ Coupon ကိုသုံးပြီး အလကားတက်ရောက်နိုင်ကြောင်း ပြထားတဲ့စာမျက်နှာပါ.. ၃၁.၅.၂၀၂၀ ထိ ကျောင်းအပ်ခွင့်ပေးထားပါတယ်.. Buy ဆိုတဲ့ အနီ Button ကိုနှိပ်ပါ..




ဒီမှာ Card Information တွေဘာတွေဖြည့်စရာမလိုပါဘူ.. Have a coupon ကိုနှိပ်လိုက်ပါ..

Coupon Code နေရာမှာ #StaySafeHome ဆိုတာကိုဖြည့်ပါ.. ပြီးရင် Apply ကိုနှိပ်.(Purchase ကိုနှိပ်လည်းရပါတယ်)..


ပြီးရင် Enroll Now ကိုနှိပ်လိုက်ပါ..





Start Learning ကိုနှိပ်ပြီး မြန်မာငွေ ၈ သိန်းလောက်တန်တဲ့ သင်ခန်းစာ ၉၄ ခုကို အလကားသင်ယူနိုင်ပါပြီ..

Thanks to ပြည်ဟိန်းကျော်..

အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org

Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !