နည်းပညာသတင်းတွေနဲ့ Software တွေကို တင်ဆက်ပေးနေတဲ့ မောင်ပေါက်

Advertise Here !


Dell ဟာ 2018 မှာ ပထမဆုံးနဲ့ အဆင့်မြင့်မြင့်အသုံးပြုလို့ရနိုင်မယ့် Dell XPS 13 ကို 999.99 ဒေါ်လာ နဲ့ ဈေးကွက်တင်လိုက်ပါတယ်...

<Unicode>
Dell ဟာ 2018 မှာ ပထမဆုံးနဲ့ အဆင့်မြင့်မြင့်အသုံးပြုလို့ရနိုင်မယ့် Dell XPS 13 ကို 999.99 ဒေါ်လာ နဲ့ စျေးကွက်တင်လိုက်ပါတယ်...

Dell XPS 13 ဟာ ခေတ်စနစ်နဲ့ကိုက်ညီနဲ့ 13 လက်မ မှန်ပြင်အရွယ်အစားကို ဘောင်မဲ့နည်းပညာ bezel-less နဲ့ ထုတ်လုပ်လာတာဖြစ်ပြီး အလွန်ပါးလွှာတဲ့ Ultra Thin နဲ့ အဆင့်မြင့်မြင့် ပွဲထွက်လာပါတယ်.. CPU အနေနဲ့ Intel ရဲ့ 8th Generation Core i Series ကိုထည့်သွင်းထုတ်လုပ်ထားပါတယ်.. CPU တွေကတော့ Core i5-8250U နဲ့ Core i7-8550U တို့ကိုသုံးထားပြီး ဘက်ထရီစားသက်သာပြီး အပူစီးကူးမှုနည်းနိုင်သမျ နည်းအောင် ဆောင်ရွက်ထားပါတယ်.. 4K Display စနစ်က ခုခေတ်ပေါ် 4K Resolution Video တွေရဲ့ အရသာကို ကောင်းကောင်းခံစားနိုင်မှာဖြစ်ပါတယ်.. Storage အတွက် 1TB SSD ကိုထည့်သွင်းပေးထားပြီး RAM ကို အနည်းဆုံး 4GB ကနေ 8GB ထိ တပ်ဆင်ပေးထားမယ်လို့ဆိုပါတယ်..

Bluetooth 5th gen နဲ့ မြန်ဆန်သွက်လက်တဲ့ Wifi, USB Type A to Type C Adapter တို့လည်း ပါဝင်ပါမယ်.. စုစုပေါင်း အလေးချိန် 1.22 Kg သာ လေးတာမို့ ပေါ့ပါးပြီး သယ်ဆောင်ရတာလည်း လွယ်ကူပါမယ်..

Windows 10 64bit ကို Official အနေနဲ့ Install လုပ်ပေးထားပြီး မျက်နှာဖတ်ပြီး UnLock ဖြည်တဲ့စနစ် နဲ့ လက်ဗွေနဲ့ Unlock စနစ်လည်းပါဝင်လာပါမယ်.. Windows OS သုံးထားတဲ့ Dell XPS 13 ကို 999.99 ဒေါ်လာနဲ့ Linux Ubuntu သုံးထားတဲ့ Dell XPS 13 ကတော့ 949.99 ဒေါ်လာ ကျသင့်မယ်လို့ဆိုပါတယ်..

အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !