Advertise Here !


တရုတ္စမတ္ဖုန္းကုမၸဏီ Huawei နဲ ့ZTE တို ့ဟာ အေမရိကန္ေစ်းကြက္မွာ ခက္ခဲတဲ့ အေျခအေနေတြနဲ့ရင္ဆိုင္ေနရခ်ိန္မွာ အေမရိကန္ကြန္ဂရက္လႊတ္ေတာ္ဟာ ဒီတရုတ္နည္းပညာကုမၸဏီႏွစ္ခုရဲ့ ထုတ္ကုန္ေတြကို အစိုးရရံုးေတြမွာ မသံုးဖို ့ဥပေဒမူၾကမ္းတစ္ခု အဆိုျပဳလိုက္ျပီ ျဖစ္ပါတယ္။
အေမရိကန္အစိုးရ ဆက္သြယ္ေရးကာကြယ္ဟန္ ့တားမႈ အက္ဥပေဒအမွတ္ H.R.4747 ဆိုတဲ့ ဒီမူၾကမ္းမွာေတာ့ Huawei နဲ ့ZTE တို ့လို ျပင္ပဆက္သြယ္ေရးကုမၸဏီမ်ားဟာ အစိုးရေပၚလႊမ္းမိုးဖို့အေၾကာင္းရိွတယ္ဆိုျပီး ေထာက္လွမ္းမွတ္တမ္းေတြမွာ ေဖာ္ျပထားတယ္လို့ဆိုပါတယ္။ ဒါဟာ အေမရိကန္ႏိုင္ငံ့လံုျခံဳေရးဆိုင္ရာ စိုးရိမ္ခ်က္တစ္ခုျဖစ္ျပီး အင္အားၾကီးသထက္ ၾကီးလာေနတဲ့ တရုတ္နည္းပညာကုမၸဏီေတြရဲ့ စိမ့္ဝင္မႈေပၚ တုန္ ့ျပန္ခ်က္လည္း ျဖစ္ပါတယ္။ ယခုမူၾကမ္းမွာေတာ့ ၂၀၁၁ ခုႏွစ္က အေမရိကန္အစိုးရ တရုတ္ေကာ္မရွင္အဖဲြ ့ရဲ့ အစီရင္ခံစာတစ္ေစာင္ကို ကိုးကားေဖာ္ျပထားတာျဖစ္ျပီး ထုိစဥ္က Huawei နဲ ့တစ္ျခား ကုမၸဏီမ်ားဟာ တရုတ္အစိုးရရဲ့ ၾသဇာသက္ဝင္ေနတဲ့ လုပ္ငန္းစုေတြ ျဖစ္တယ္လို ့စြပ္စဲြထားခဲ့တာပါ။
၂၀၁၃ ခုႏွစ္က CIA နဲ ့NSA အၾကီးအကဲ ျဖစ္သူ ဗိုလ္ခ်ဳပ္မိုက္ကယ္ေဟဒင္ရဲ့ ထုတ္ျပန္ခ်က္တစ္ေစာင္မွာေတာ့ တယ္လီကြန္းကုမၸဏီေတြဟာ တရုတ္အစိုးရအဖဲြ ့ထံ အေရးပါတဲ့ သတင္းအခ်က္အလက္ေတြ ျပန္လည္ မွ်ေဝတာ ရိွတယ္လို ့ေဖာ္ျပထားပါတယ္။ ၂၀၁၅ခုႏွစ္က FBI ရီပို့တစ္ခုမွာလည္း တရုတ္အစုိးရဟာ Huawei ရဲ့ နည္းပညာမ်ားကေနတစ္ဆင့္ အေမရိကန္စီးပြားေရး ဆက္သြယ္မႈမ်ားရယူႏိုင္တယ္လို ့ဆိုပါတယ္။ ျပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကလည္း တရုတ္နည္းပညာလုပ္ငန္းစုၾကီးျဖစ္တဲ့ ZTE Corporation ဟာ အေမရိကန္မွ တားျမစ္ထားတဲ့ အီရင္ႏိုင္ငံသို ့နည္းပညာထုတ္ကုန္မ်ား တိတ္တဆိတ္ေရာင္းခ်မႈေၾကာင့္ ေဒၚလာ သန္း ၉၀၀ ခန္ ့ ဒဏ္ေငြေပးေဆာင္ဖို ့အေမရိကန္အာဏာပိုင္မ်ားမွ အမိန္ ့ခ်ခဲ့ပါတယ္။ ထုိစဥ္က ZTE ဟာ အီရန္ႏိုင္ငံနဲ ့ ဆယ္ႏွစ္ေက်ာ္ၾကာ အေရာင္းအဝယ္လုပ္ခဲ့တယ္လို ့ဆိုပါတယ္။Huawei ကေတာ့ ယခုႏွစ္ထဲမွာ အေမရိကန္ေစ်းကြက္ထဲ စမတ္ဖုန္းမ်ား ေရာင္းခ်ႏိုင္ဖို ့AT&T နဲ့ညိွခဲ့ေပမယ့္ ေနာက္ဆံုးမွာ အျငင္းပယ္ခံခဲ့ရတာပါ။ Huawei အေနနဲ ့ျပီးခဲ့တဲ့ CES2013 နည္းပညာျပပဲြကတည္းက အေမရိကန္ေစ်းကြက္ထဲ ဝင္ဖို ့ၾကိဳးပမ္းခဲ့တာလည္း ျဖစ္ပါတယ္။

<Unicode>
တရုတ်စမတ်ဖုန်းကုမ္ပဏီ Huawei နဲ ့ZTE တို ့ဟာ အမေရိကန်စျေးကွက်မှာ ခက်ခဲတဲ့ အခြေအနေတွေနဲ့ရင်ဆိုင်နေရချိန်မှာ အမေရိကန်ကွန်ဂရက်လွှတ်တော်ဟာ ဒီတရုတ်နည်းပညာကုမ္ပဏီနှစ်ခုရဲ့ ထုတ်ကုန်တွေကို အစိုးရရုံးတွေမှာ မသုံးဖို ့ဥပဒေမူကြမ်းတစ်ခု အဆိုပြုလိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန်အစိုးရ ဆက်သွယ်ရေးကာကွယ်ဟန် ့တားမှု အက်ဥပဒေအမှတ် H.R.4747 ဆိုတဲ့ ဒီမူကြမ်းမှာတော့ Huawei နဲ ့ZTE တို ့လို ပြင်ပဆက်သွယ်ရေးကုမ္ပဏီများဟာ အစိုးရပေါ်လွှမ်းမိုးဖို့အကြောင်းရှိတယ်ဆိုပြီး ထောက်လှမ်းမှတ်တမ်းတွေမှာ ဖော်ပြထားတယ်လို့ဆိုပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံ့လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်တစ်ခုဖြစ်ပြီး အင်အားကြီးသထက် ကြီးလာနေတဲ့ တရုတ်နည်းပညာကုမ္ပဏီတွေရဲ့ စိမ့်ဝင်မှုပေါ် တုန် ့ပြန်ချက်လည်း ဖြစ်ပါတယ်။ ယခုမူကြမ်းမှာတော့ ၂၀၁၁ ခုနှစ်က အမေရိကန်အစိုးရ တရုတ်ကော်မရှင်အဖွဲ ့ရဲ့ အစီရင်ခံစာတစ်စောင်ကို ကိုးကားဖော်ပြထားတာဖြစ်ပြီး ထိုစဉ်က Huawei နဲ ့တစ်ခြား ကုမ္ပဏီများဟာ တရုတ်အစိုးရရဲ့ သြဇာသက်ဝင်နေတဲ့ လုပ်ငန်းစုတွေ ဖြစ်တယ်လို ့စွပ်စွဲထားခဲ့တာပါ။
၂၀၁၃ ခုနှစ်က CIA နဲ ့NSA အကြီးအကဲ ဖြစ်သူ ဗိုလ်ချုပ်မိုက်ကယ်ဟေဒင်ရဲ့ ထုတ်ပြန်ချက်တစ်စောင်မှာတော့ တယ်လီကွန်းကုမ္ပဏီတွေဟာ တရုတ်အစိုးရအဖွဲ ့ထံ အရေးပါတဲ့ သတင်းအချက်အလက်တွေ ပြန်လည် မျှဝေတာ ရှိတယ်လို ့ဖော်ပြထားပါတယ်။ ၂၀၁၅ခုနှစ်က FBI ရီပို့တစ်ခုမှာလည်း တရုတ်အစိုးရဟာ Huawei ရဲ့ နည်းပညာများကနေတစ်ဆင့် အမေရိကန်စီးပွားရေး ဆက်သွယ်မှုများရယူနိုင်တယ်လို ့ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကလည်း တရုတ်နည်းပညာလုပ်ငန်းစုကြီးဖြစ်တဲ့ ZTE Corporation ဟာ အမေရိကန်မှ တားမြစ်ထားတဲ့ အီရင်နိုင်ငံသို ့နည်းပညာထုတ်ကုန်များ တိတ်တဆိတ်ရောင်းချမှုကြောင့် ဒေါ်လာ သန်း ၉၀၀ ခန် ့ ဒဏ်ငွေပေးဆောင်ဖို ့အမေရိကန်အာဏာပိုင်များမှ အမိန် ့ချခဲ့ပါတယ်။ ထိုစဉ်က ZTE ဟာ အီရန်နိုင်ငံနဲ ့ ဆယ်နှစ်ကျော်ကြာ အရောင်းအဝယ်လုပ်ခဲ့တယ်လို ့ဆိုပါတယ်။Huawei ကတော့ ယခုနှစ်ထဲမှာ အမေရိကန်စျေးကွက်ထဲ စမတ်ဖုန်းများ ရောင်းချနိုင်ဖို ့AT&T နဲ့ညှိခဲ့ပေမယ့် နောက်ဆုံးမှာ အငြင်းပယ်ခံခဲ့ရတာပါ။ Huawei အနေနဲ ့ပြီးခဲ့တဲ့ CES2013 နည်းပညာပြပွဲကတည်းက အမေရိကန်စျေးကွက်ထဲ ဝင်ဖို ့ကြိုးပမ်းခဲ့တာလည်း ဖြစ်ပါတယ်။

Credit : Duwun Tech

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org


Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !