Advertise Here !


<Unicode>
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှာဖြစ်လုပ်တဲ့ ၅၆ကြိမ်မြောက် ဘက်ထရီဆိုင်ရာ စာတမ်းဖတ်ပွဲတစ်ခုမှာ ဘက်ထရီအမြန်အားသွင်းနည်းပညာသစ်တစ်ခုကို Huawei ရဲ့ Watt Lab က နမူနာပြသခဲ့ဖူးပါတယ်..
အဲဒီ နည်းပညာသစ်ကတော့ lithium-ion ဘက်ထရီတစ်လုံးကို ၅ မိနစ်အတွင်း ၅၀% ရောက်အောင် သွင်းနိုင်တဲ့စနစ်ပါ..
နမူနာဗွီဒီယိုတစ်ခုမှာ 3000mAh ဘက်ထရီတစ်လုံးကိုဖြုတ်ပြီး အားသွင်းခွက်နဲ့ ၅ မိနစ်အားသွင်းပြခဲ့ရာမှာ ၄၈% အားပြည့်နေတာကို မြင်တွေ့ခဲ့ရပါတယ်..
မနေ့က Youtube ပေါ်မှာတင်လိုက်တဲ့ Huawei ရဲ့ ကြော်ငြာဗွီဒီယိုတစ်ခုမှာ အဲဒီစနစ်ကို မြင်တွေ့ခဲ့ကြတာပါ..
ဒီဗွီဒီယိုကိုမြင်တွေ့ခဲ့ရပြီးနောက် ဝေဖန်သူတွေက Huawei ဟာ အမြန်အားသွင်းနိုင်တဲ့ နည်းပညာတစ်ခုကို စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ဖေဖေါ်ဝါရီ ၂၆ ကနေ မတ်လ ၁ ရက်နေ့ထိ ကျင်းပမယ့် ကမ္ဘာ့ မိုဘ Mobile World Congress (MWC) မှာ တရားဝင် ထုတ်ဖေါ်ပြသဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်..
အချိန် ၂ နှစ်ကြာ ပြင်ဆင်တီထွင်မှုတွေလုပ်ပြီးတဲ့နောက် Huawei ရဲ့ အမြန်အားသွင်းနည်းပညာဟာ တော်သင့်တဲ့ အဆင်ပြေမှုတွေရှိနေနိုင်တယ်ဆိုတာကို သံသယဖြစ်ဖွယ်မရှိဘူး လို့လည်း ပြေကြပါတယ်..
Huawei ရဲ့ အမြန်အားသွင်းစနစ်ဟာ physical ပိုင်းရော၊ Chemical ပိုင်းမှာပါ lithium-ron အားသိုလှောင်မှုစနစ်ကို အမြန်ဖြည့်ဆည်းပေးတဲ့ mulecular structure ဖြစ်တယ်လို့ Huawei က ပြောပါတယ်..
ဒီလို အမြန်အားသွင်းလိုက်လို့ ဘက်ထရီသက်တမ်းကို ဘာမှထိခိုက်စရာမရှိဘူးလို့လည်း Huawei က ရှင်းပြထားပါတယ်..
ဒါပေမယ့် ပြဿနာတစ်ခုက ကျွန်တော်တို့ ဖုန်းထဲကနေ တိုက်ရိုက်အမြန်အားသွင်းလို့ရမှာမဟုတ်ဘဲ သီးခြား Charger တစ်ခုနဲ့ သွင်းရမှာပါ.. ဘက်ထရီအသေတပ်ဆင်ထားတဲ့ဖုန်းတွေအတွက်တော့ ဒါဟာ အဆင်ပြေမယ့် နည်းလမ်းမဟုတ်ပါဘူး..
Huwei ဟာ Charger ကို ဒီထက်သေးအောင်လုပ်ပြီး ဖုန်းဘက်ထရီကို ဖြုတ်စရာမလိုတဲ့ နည်းစနစ်နဲ့ ပွဲထုတ်လာလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း...

Ref : GizMo

အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !