Advertise Here !


Samsung မှ မသန်စွမ်းဝန်ထမ်းတစ်ဦးဟာ စမတ်ဖုန်းအလုံးပေါင်း ၈၄၇၄လုံး ခိုးမှုနဲ့ အဖမ်းခံလိုက်ရတယ်လို့  The Investor ရဲ့ ပြောကြားချက်အရ သိရပါတယ်။

လီ လို့ခေါ်တဲ့ အဲဒီလူဟာ တောင်ကိုရီးယား ဆူဝမ်မှာရှိတဲ့ Samsung ရဲ့ ထုတ်လုပ်ရေးရုံးချုပ်မှ ဟန်းဆက်တွေကို ခိုးယူနေခဲ့တာ ဖြစ်ပါတယ်။ တပတ်ရစ်ဟန်းဆက်ရောင်းသူထံကို မရောင်းခင်အချိန်မှာ လက်ရဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Samsung ဟာ မဖြန့်ချိရသေးတဲ့ဖုန်းတွေ ဗီယက်နမ်ကို ရောက်ရှိနေတာကို သတိထားမိခဲ့ပြီးတော့ ဒီခိုးမှုကို ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။ လီဟာ ၂၀၁၄ ဒီဇင်ဘာကတေ ၂၀၁၆ နိုဝင်ဘာအထိ ၈၀၀မီလျံဝမ် (ဒေါ်လာပေါင်း၇၁၁၃၆၈) လောက် ဖန်တီးနိုင်ခဲ့မယ်လို့ မျှော်လင့်ရပါတယ်။

လီဟာ ဖုန်းတွေကို ရုံးပြန်ချိန်မှာ ရုံးမှာရှိတဲ့ electronic body scanner ကနေ ရှောင်ရှားပြီးတော့ သယ်နေခဲ့တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ၀ှီးချဲနဲ့ မို့လို့ဖြစ်ပါတယ်။

ရဲတွေရဲ့ ပြောကြားချက်အရ သူဟာ ၉၀၀မီလျံဝမ်(ဒေါ်လာ၈၀၀၁၁၈)လောက်ကို လောင်းကစားကြွေးတင်နေတာကို ဆပ်ဖို့သုံးလိုက်တယ်လို့ သိရပါတယ်။

ဒါဟာ Samsung မှာ ဖြစ်ခဲ့တဲ့ ပြစ်မှုတွေထဲကတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့သူဌေး လီဂျေယောင်းကလည်း ဖေဖော်ဝါရီလတုန်းက လာဘ်စားမှု၊ ရေမြေခြားမှာ ပိုင်ဆိုင်မှုတွေ ဖုံးကွယ်ထားမှုတွေအတွက် ပြစ်မှုတွေ ရှိခဲ့ဖူးတဲ့သူလည်း ဖြစ်ပါတယ်။

Credit : Aung Phyo Oo (Myanmar Mobile App)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !