Advertise Here !

Computex မှာ “Core X” desktop processors တွေရဲ့ မိသားစုဝင်အသစ်ကို Intel က ကြေညာခဲ့ပါတယ်။ သူကတော့ လက်ရှိ Core i5 နဲ့ Core i7 models တွေထက် ပိုမိုစွမ်းအားမြင့်မားမှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Core i9 ကို အသုံးပြုထားလို့ပါပဲ။
Core X platform ဆိုတာကတော့ ဂိမ်းမာတွေနဲ့ content creators လို့ခေါ်တဲ့ နောက်ဆုံးထွက်ဂိမ်းတွေကို အကောင်းဆုံး resolution နဲ့ ကစားပြပြီးတော့ streaming လုပ်ခြင်း၊ ကြည့်ရှုသူတွေနဲ့ စကားပြောခြင်း စတာတွေကို တစ်ပြိုင်တည်းလုပ်ဖို့လိုအပ်သူတွေအတွက် ဦးတည်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
Core X series ဟာ သာမန် 4-cores တွေကနေပြီးတော့ ဒေါ်လာ၁၉၉၉ တန် Core i9 Extreme နဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ သူကတော့ Intel မှ ဂုဏ်ယူစွာထုတ်လုပ်လိုက်တဲ့ 18-cores ၊ 36-threads ပါဝင်တဲ့ ပထမဆုံး consumer desktop processor ဖြစ်ပါတယ်။
Core X family ကိုတော့ 4-cores ၊ 4-threads ပါဝင်တဲ့ ဒေါ်လာ ၂၄၂ တန် Core i5-7640X မှ အစပြုပြီးတော့ ၀ယ်ယူနိုင်မှာပါ။ Core i7 X-Series ကတော့ ဒေါ်လာ ၃၃၉တန် 4-core / 8-thread model ကနေပြီးတော့ ဒေါ်လာ၅၉၉တန် 8-core / 16-thread chip အထိ ဖြစ်ပါတယ်။

Core i9 လား။ i9 Extreme မပါသေးဘဲ ဒေါ်လာ၉၉၉ တန် 10-core / 20-thread processor ကနေ ဒေါ်လာ ၁၆၉၉တန် 16-core / 32-thread chip အထိ မော်ဒယ်လ်လေးခု ထုတ်ပေးသွားဦးမှာပါ။
desktop Core X processors အားလုံးဟာ Intel ရဲ့ X299 motherboard chipset ပေါ်မှာ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ chip architectures တွေရဲ့ ပြောဆိုချက်အရ Core X family အားလုံးကို Intel ရဲ့ sixth-generation Skylake platform ကို ဗားရှင်းမြှင့်တင်ထားတဲ့အပေါ်မှာ တည်ဆောက်ထားတာလို့ သိရပါတယ်။ 4-core models တွေဖြစ်တဲ့ i5-7640X နဲ့ i7-7740X ကတော့ Kaby Lake X ပေါ်မှာတည်ဆောက်ထားပါတယ်။

Intel ဟာ သူ့ရဲ့ Turbo Boost နည်းပညာကို Core X line မှာ အသုံးပြုနိုင်ဖို့အတွက် Turbo Boost Max 3.0 အဖြစ် မြှင့်တင်ထားပါတယ်။ ဒါကြောင့် Core X models တွေဟာ multitasking performance ပိုင်းမှာ စွမ်းဆောင်ရည်ပိုကောင်းလာမယ်လို့ ဆိုပါတယ်။ Core X series တွေဟာ အရင် generation တွေထက် ၁၀ရာခိုင်နှုန်း သာလွန်ပြီးတော့ single thread ထက်လည်း ၁၅ရာခိုင်နှုန်း ပိုမြန်မယ်လို့ ပြောဆိုထားပါတယ်။
multi-core models အသစ်တွေဟာ AMD ကို ဆက်လက်ယှဉ်ပြိုင်တာကို ပြသလိုက်ပါတယ်။ AMD ဟာ Ryzen processors တွေနဲ့ Intel ရဲ့ juggernaut Core series တွေကို ယှဉ်ပြိုင်နေခဲ့တာပါ။ AMD ဟာ high-end enthusiast Ryzen line — dubbed the “Threadripper” ကို ဒီနှစ်နှောင်းပိုင်းမှာ 16-cores ၊ 32-threads နဲ့ထုတ်လုပ်ဖို့ ရည်ရွယ်ထားပြီး 18-core i9 Extreme ကို ယှဉ်ပြိုင်တော့မှာပါ။
high-end Core X family အပြင် mainstream Intel chips တွေရဲ့ eighth-generation line အကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။ ကောလဟာလတွေအရ သူ့ရဲ့ codename ကတော့ Coffee Lake ဖြစ်ပါတယ်။ အစောပိုင်းပြောဆိုချက်တွေအရ လက်ရှိ seventh-generation Kaby Lake line ထက် ၁၅ရာခိုင်နှုန်းတိုးတက်အောင် လုပ်ဆောင်လိမ်မယ်လို့ သိရပြီး ဒီနေ့မှာတော့ အများဆုံး၃၀ရာခိုင်နှုန်းအထိ ပိုကောင်းလာမယ်လို့ ပြောသွားပါတယ်။ ဒါဟာ Coffee Lake chips လို့ ခေါ်တဲ့အရာတွေကို တကယ့်ကွန်ပျူတာတွေမှာ မြင်ရမှာမဟုတ်သေးဘူးလို့ ပြောဆိုလိုက်တာပါပဲ။

Credit : Aung Phyo Oo (Myanmar Mobile App)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !