Advertise Here !


လန်ဒန်၊ ဇွန် ၈

ချက်သမ္မတနိုင်ငံမှ ပညာရှင်တစ်ဦးသည် နှစ်ယောက်စီး အသေးစား မီနီရဟတ်ယာဉ် တစ်စီးကို တီထွင်နိုင်ခဲ့ပြီး ရဟတ်ယာဉ်နှင့် လေယာဉ်စွမ်းအင် နှစ်မျိုးဖြင့် ပျံသန်းပြနိုင်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ GyroDrive ဟု အမည်ပေးထားသော အသေးစား နှစ်ယောက်စီး ရဟတ်ယာဉ်လေးသည် ကောင်းကင်ပေါ် ပျံအတက်တွင် ရဟတ်ယာဉ်ကဲ့သို့ ဒေါင်လိုက်တက်သွားပြီး လေထဲတွင် ပန်ကာကို လှည့်ကာ လေယာဉ်အဖြစ် ရှေ့ဘက်ကို ဦးတည်ပျံသန်းနိုင်စေရန် တီထွင်ထားကြောင်း ယင်းသတင်းက ဆိုသည်။ အသေးစား နှစ်ယောက်စီး ယာဉ်သည် ၃၂၈ ပေ အမြင့်မှ တစ်နာရီလျှင် ၁၁၂ မိုင်နှုန်းဖြင့် လူနှစ်ယောက်ကို သယ်ယူနိုင်မည် ဖြစ်သောကြောင့် အမြန်ဆုံး ခရီးသည် ပို့ဆောင်ရေးများတွင် အသုံးပြုလာဖွယ် ရှိကြောင်း AFP တွင် ရေးသားထားသည်။ လေယာဉ်တစ်စီးလျှင် ရောင်းဈေးအဖြစ် အနိမ့်ဆုံး ချက်ငွေ ကိုရူနာ ၁ ဒသမ ၅ သန်း (ဒေါ်လာ ၆၃၅၀၀) ဖြင့် ရောင်းချသွားရန် စီစဉ်လျက်ရှိပြီး အမျိုးအစားအလိုက် ကိုရူနာ ၄ သန်းအထိလည်း ဖြစ်သွားနိုင်ကြောင်း တီထွင်သူက ပြောကြားသည်။ GyroDrive ရဟတ်ယာဉ်ကို ချက်နိုင်ငံမှ လေယာဉ်မှူး ပါဗယ်ဘရီဇီးနား ဆိုသူက တီထွင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ပထမဆုံး ကုန်းနှင့်လေ နှစ်မျိုးသွားယာဉ်အဖြစ် ချက်နိုင်ငံတွင် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။ “လူတွေက မြန်နှုန်းမြင့်ကားကို မိုးပေါ်ပျံနိုင်အောင်ပဲ တီထွင်နေကြတာ။ ကျွန်တော် တီထွင်ထားတာက အဲဒါတွေနဲ့ မတူပါဘူး” ဟု ပါဗယ်က ဆိုသည်။ မစ္စတာ ဘရာဇီးနား၏ ကုမ္ပဏီဖြစ်သည့် Nirvana Systemsသည် ဂျာမနီနိုင်ငံ ကုမ္ပဏီတစ်ခုထံမှ GyroDrive ပုံစံနှင့် စနစ်ကို ဝယ်ယူခဲ့ပြီး လေယာဉ်ပျံသန်းနိုင်ရန် ပန်ကာများအတွက် အင်ဂျင်ကို လောင်စာဆီဖြင့် လည်းကောင်း၊ ယာဉ်ကို ကားအဖြစ် မောင်းနှင်စဉ် ဘီးများ၏ လှုပ်ရှားမှုအတွက် လျှပ်စစ်စွမ်းအင်ကို အသုံးပြုသည့် အင်ဂျင်စနစ်များဖြင့် လည်းကောင်း၊ ပျံသန်းမောင်းနှင်နိုင်မှုကို တီထွင်နိုင်ခဲ့သည်။ GyroDriveယာဉ်လေးကို ၃၇၃ မိုင်အထိ ပျံသန်းနိုင်စွမ်းရှိပြီး၊ မြေပြင်တွင် တစ်နာရီလျှင် ၂၅ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်မည် ဖြစ်သည်။ ဘရီဇီးနားသည် မကြာမီ လန်ဒန်ကို လာရောက်ပြီး သူ၏ဇနီး၊ ကလေးနှစ်ယောက်နှင့်အတူ လန်ဒန်မြို့ပေါ်တွင် GyroDrive ကို ပထမဆုံး လာရောက်စမ်းသပ် ပျံသန်းပြနိုင်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း AFP တွင် ရေးသားထားသည်။

Credit : The Voice

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !