Advertise Here !

Image result for Ask image

ယခုပို့စ် ကျွန်တော့် ကိုဖုန်းဆက်ပြီးမေးမြန်းထားသော သူများအတွက် သီးသန့်ပေါ့နော်.. ဒါပေမဲ့ မသိသောသူတွေဖတ်နိုင်ပါတယ်.အားလုံးကိုစုစည်းပြီး တင်ပေးလိုက်ပါပြီ ..

ဖုန်းဆက်မေးမြန်းထားသောသူများ ထဲမှ မေ့ပြီး မတင်ပေးဖြစ်ခဲ့ရင်ပြန်လည်တောင်းဆိုနိုင်ပါတယ်..ပြီးတော့ မအားတဲ့အခါ ၊လိုင်းမကောင်းလို့ဆိုရင်

ပို့စ်တွေကိုသတ်မှတ်ထားတဲ့အတိုင်းတင်ပေးဖြစ်မယ်မဟုတ်ပါ နားလည်ပေးပါ..ယခုဒီပို့စ်ထဲမှ စာသား၊ပို့များသည် ဒီဆိုဒ်မှာရှိချင်ရှိပါလိမ့်မည် ၊ ဒီဆိုဒ်မှာရေးသော

ဘလော့ခ်ဂါတွေရေးရင်ရေးခဲ့ဖူးမယ် ၊ ဒါပေမဲ့နားလည်ပေးပါ ၊ယခုမှစတင် Media Device များကိုသုံးမဲ့ သူများအတွက် သူတို့မရှာဖွေတတ်လို့ တောင်းဆိုလို့တင်ပေးရတာ ဆရာ၊

ညီအကိုများနားလည်ပေးကြပါနော်..်ဖုန်းဆက်သူများလည်းအရင်ဆုံးကိုယ့်ဘာသာကိုယ်Try ကြည့်ပါအုံးဗျ ချက်ခြင်းမသိတာရှိမေးမည်ဆိုပဲလုပ်မနေပါနဲ့ ကျွန်တော်လည်းအလုပ်ကတစ်ဖက်မို့ပါ..

အချို့သောကိစွ များဟာ ကျွန်တော့် ပါးစပ်နဲ့ဖြေလို့ မရတဲ့ ပြသနာများကိုတော့ ပို့စ်တင်ပေးနေပါတယ် .. မိမိတို့ တင်လိုသော နည်းပညာပိုင်းဆိုင်ရာ များကိုတော့ ကျွန်တော့်ကိုဖုန်းဆက်ပေါ့နော်

..စာသားတွေထဲမှာ ရယ်စရာလေးတွေပါတယ် အဲ့တာကတော့ပို့စ်တွေကရှည်တော့ ပျင်းမှာစိုး ဟာသပြဇာတ်ကို အလကား ခေါ်ထားတာ :P


အမည်တမ်း သူ့ကြောင့်ဒုတ်ကောက်ကိုင်နေရတဲ့ Font ထည့်တဲ့ပြသနာ.. 
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
 

ဒါလေးက ရွှေမူန်ရတီထည့်တဲ့နည်း :P
============================

မြန်မာ Font ထည့်နည်းကတော့ အမျိုးမျိုးရှိပါတယ်။ ကျွန်တော်ပြောမယ့်နှစ်နည်းထဲမှာ တစ်နည်းက Safe ဖြစ်/ လွယ်ကူပြီး နောက်တစ်နည်းကတော့ နည်းနည်းခက်ပြီး ဖုန်းတစ်ချို့ နဲ့ လဲ Compatible မဖြစ်ပါဘူး ... ဒါပေမယ့် ဖုန်းအားလုံးနည်းပါးဟာ မြန်မာဖောင့် ထည့်ဖို့ အတွက်ဆိုရင် Root လုပ်ပြီးသားဖြစ်နေမှရပါတယ် ...ကဲ .. Safe ဖြစ်တဲ့ ပထမနည်းကတော့
ဒါကို Download အရင်လုပ်ပါ
Myanmar_Font_1

ပြီးရင် အဲဒီ့ apk တွေအားလုံးကို ဖုန်းထဲကိုထည့်ပါ .. al...
low non-market application ကို on ပေးပါ ။ပြီးရင် Zawgyi One TTF-2.apk ဆိုတာကို အရင် install လုပ်ပါ. ထပ်ပြီးတော့ FontChanger.apk ကို install လုပ်ပါ (root လိုပါတယ်) ။ ပြီးရင်တော့ Font changer ကိုဖွင့်ပြီး ဇော်ဂျီဖောင့်ပြောင်းရန် ဆိုတာကို နှိပ်လိုက်ပါ။reboot ကျပါလိမ့်မယ် ဒါဆိုရင်တော့ ဖုန်းထဲမှာ မြန်မာ ဖောင့်တွေကို မြင်နေရပါပြီ ။ ရိုက်ဖို့ Keyboard တော့လိုနေပါသေးတယ် ကျွန်တော့်ထဲမှာ frozen keyboard နဲ့ Myandroid နှစ်မျိုးပါပါတယ် ။ကြိုက်တာကို install လုပ်လိုက်ပါ နှစ်မျိုးလုံးလုပ်လဲရပါတယ်။ frozen keyboard ကတော လူကြိုက်များပါတယ် .. install လုပ်ပြီးပြီဆိုရင် setting ထဲက language and Keyboard ထဲက frozenkeyboard တို့ myandroid တို့ ဘေးက အမှန်ခြစ်လေးကို ခြစ်ပေးပြီး OK လုပ်လိုက်ပြီဆိုရင်တော့ စာရိုက်တဲ့နေရာတွေမှာ ခဏဖိထားရင် select input method ဆိုတာပေါ်လာတဲ့နေရာမှာ သူတို့ ကို ရွေးပြီး မြန်မာလို ရိုက်လို့ ရပါပြီ ......

ဒုတိယ နည်းကတော့
ဒါကို Download အရင်လုပ်ပါ
Myanmar_Font_2

ပြီးရင် အဲဒီ့ apk တွေအားလုံးကို ဖုန်းထဲကိုထည့်ပါ .. allow non-market application ကို on ပေးပါ ။ပထမနည်းနဲ့ ကွာသွားတာကတော့ သူက ဖောင့်ကို change တာမဟုတ်ပဲ ဖုန်းထဲမှာ original ပါလာတဲ့ ဖောင့်နေရာ မှာ replace လုပ်တဲ့သဘောတရားမှာပါ။ ပထမဆုံး root explorer ကို install လုပ်ပါ။ပြီးရင် သူ့ ထဲကနေ စောစောကသွင်းထားတဲ့ DroidSans ကိုရှာပြီး copy လုပ်ပါ ပြီးရင် back နဲ့ / ပေါ်လာတဲ့နေရာအထိရောက်အောင်သွားပါ ။ရောက်ပြီဆိုရင် System ထဲကိုဝင်ပါ၊ ပြီးရင် font folder ထဲကိုထပ်ဝင်ပါ။ ပြီးရင်တော့ အပေါ်က Status bar ရဲ့ အောက်မှာ Mount R/O လို့ ပေါ်နေရင် အဲဒါကို တစ်ချက်နှိပ်လိုက်ပါ ။Read/only ဆိုရင် paste လုပ်လို့ မရပါဘူး။ R/W ဆိုတာပေါ်နေမှ paste လုပ်လို့ ရမှာပါ၊ Overwrite လုပ်မှာလားဆိုတာမေးပါလိမ့်မယ် Yes နှိပ်ပါ .... ဒါဆိုရင် reboot ချပြီးတာနဲ့ မြန်မာဖောင့်ရပါပြီ .... Myanmar Keyboard သွင်းနည်းကတော့ အပေါ်က အတိုင်းပါပဲ .


ဒါလေးက ၀တ်မူန်လေးထည့်တဲ့နည်း:P
==========================

အခုဒီတစ်ခါထပ်တင်ပေးလိုက်တဲ့ ပို့(စ်)လေးကတော့ Font Changer Lite.apk File လေးကိုအသုံးပြုပြီး Android OS Device မှာ Myanmar Font ထည့်နည်းလေးပါ။Android OS Device တွေမှာ Setting Programs ထဲမှာ Font Style မပါရှိပါက Root လုပ်ပြီးမှသာ မြန်မာစလုံးလေးတွေ ပေါ်နိုင်အောင် Modify လုပ်ရမှာပါ။ လုပ်နည်းကတော့အရမ်း လွယ်ပါ။ ဒါပေမယ့် မိမိ၏ Device ကိုတော့ Root လုပ်ပြီးသားဖြစ်ရမှာပါ။ Android OS Device ကို Root လုပ်နည်းကိုတော့ Youtube Video နှင့် အခြား Website တော်တော်များများမှာ လေ့လာနိုင်ပါတယ်။ ဒါမှမဟုတ်ရင် မိမိ၏ Device Modle အပြည့်အစုံဖော်ပြပေးပြီး Comment Box မှာ မေးနိုင်ပါတယ်။ Android OS Device မှာ Myanmar Font ထည့်သွင်းနည်းကို ပို့(စ်) ၃ခုလောက်တင်ပေးပြီးပါပြီး။ (၁)Android OS Device မှာ Myanmar Font ထည့်သွင်းနည်း  (၂) Androin Device မှာ မြန်မာစလုံးတွေ ကြည့်လို့ရအောင် ပြုပြင်နည်း ပို့(စ်)မှာလည်း လေ့လာနိုင်ပါတယ်။ ဒါဆိုရင် အောက်မှာပေးထားတဲ့ File တွေကို အရင်ဆုံး Download ယူပါ။ ApK File ကို Install လုပ်နည်းမသိသေးသူက ဒီပို့(စ်)လေးမှာ ကြည့်နိုင်ပါတယ်။
Font Changer Lite.apk
File Size: 501 Kb
Zawgyi_Mr ThangMing.ttf
File Size: 297 Kb

(၁)Font Changer Lite Folder ထဲ ကို Zawgyi_MrThangMing.ttf File ထည့်ပါ။

၁။ Device ကို Computer ဖြင့်ချိတ်ဆက်၍ ထည့်နည်း၊ မသိသေးတဲ့ သူက ဒီပို့(စ်)လေးမှာ အပြည့်စုံလေ့လာ နိုင်ပါတယ်။

အပေါ်က ပုံအတိုင်း My Computer ထဲတွင် ၀င်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။
အပေါ်မှ ပုံအတိုင်း မိမိ၏ Sdcard(Removablr Disk(F:) ထဲသို့ဝင်ပါ။ အောက်ပုံ ကိုဆက်ကြည့်ပါ။
အပေါ်မှ ပုံအတိုင်း Font Changer Folder ကိုဖွင့်ပြီး မိမိ Download ထားတဲ့ Zawgyi_MrThangMing.ttf File ကို ထည့်ပေးလိုက်ပါ။
၂။ OS Device ထဲကနဲ့ Root Explorer.apk ကိုသုံးပြီး ထည့်နည်း၊ Root Explorer.apk File ကို ဒီပို့(စ်)လေးမှာ download နိုင်ပါတယ်။
ပထမပုံတိုင်း root explorer ကိုဖွင့်ပါ။ ပြီးရင် ဒုတိယ ပုံအတိုင်း mnt Foldre ထဲတွင်ဝင်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။
ပထမပုံတိုင်း Sdcard ထဲဝင်ပါ။ ဒုတိယပုံ အတိုင်း မိမိ Download ထားတဲ့ Zawgyi_MrThangMing.ttf File ရှာပါ။ အောက်ပုံကို ဆက်ကြည့်ပါ။
ပထမပုံတိုင်း Zawgyi_MrThangMing.ttf File ကို ၃စက္ကန့်လောက်ဖိထားပြီး ပေါ်လာသော Box မှ Copy ကိုနိုပ်ပါ။ ပြီးရင် ဒုတိယပုံအတိုင်း Fontchanger  Foldre ကိုရှာပါ။ တွေ့ရင် Fontchanger  Foldre ကိုဖွင့်လိုက်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။
Fontchanger  Foldre ထဲတွင် စေစေက Copy ထားတဲ့ Zawgyi_MrThangMing.ttf File ကို Past လိုက်ပါ။ ပြီးပါပြီး>>>>>>

(၂)Font Changer Lite.apk ကိုသုံးပြီး OS Device Myanmar Font ပြောင်းနည်း/ထည့်နည်း

ပထမ ပုံအတိုင်း Font Changer....ကိုဖွင့်ပါ။ Device ကို Root လုပ်ပြီးသာဆိုရင် Allow လုပ်ဖို့လာပါလိမ့်မယ်။ Allow Button လေးကို နိုပ်ပေးလိုက်ပါ။ Device ကို Root မလုပ်ရသေးဘူးဆိုရင် အောက်မှ ပုံအတိုင်း Font Changer Lite.apk File ဖွင့်လို့မရပါဘူး။
အောက်ပုံကို ဆက်ကြည့်ပါ။
ပထမ ပုံအတိုင်း Allow လုပ်ပြီးရင် Continue ကို နိုပ်လိုက်ပါ။ ပြီးရင် ဒုတိယ ပုံအတိုင်း zawgyi_MrThangMing တွေ့ရပါမယ်။ အောက်ပုံကို ဆက်ကြည့်ပါ။
ပထမပုံ အတိုင်း zawgyi_MrThangMing ကိုဖွင့် ပြီးပေါ်လာသော Box မှ Apply ကို နိုပ်ပေးလိုက်ပါ။ ပြီးရင် ဒုတိယပုံ အတိုင်း Reboot Now ကို နိုပ်ပေးလိုက်ပါ။ မိမိ Device Reboot ချပြီးပြန်တက်လာသောအခါ မိမိAndroid OS Device မှာ Myanmar Font မြင်နိုင်/ဖတ်နိုင်ပါပြီး။ Android OS Device အတွက် Myanmar Keyboard ကို လိုရင်တော့ ဒီပို့(စ်)လေးမှာ Download ယူနိုင်ပါတယ်။ 


အဲဒါနဲ့ ဒါလေးက တတ်သစ်စမင်းသား သီဟထိုက် ထည့်တဲ့နည်း (တိန်တေရော သူ့ကိုသူများ ခိခိ)
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျွန်တော့်ထည့်တဲ့နည်းက ကြုံသလိုပေါ့ဗျာ ဟဲဟဲ ကျွန်တော်က ဘာမဆိုကိုင်တာပဲ ဘယ်ဖုန်းမြန်မာဖောင့်မရသေးဘူး အော်အေးငါဆီလာခဲ့ ရစေမယ် (တိန်လျေက်ဖောနေတာလာတော့ ဟိုဆောင့်ခိုင်းဒီဆောင့်ခိုင်းနဲ့ အချိန်ကိုပြောပါတယ် ခိခိ..)


ကဲ စပြီ  စွာတေးလန်.. နည်းလေး :P :D




မင်္ဂလာပါ
ဒီနေ့မှာတော့
အရမ်းလန်းတဲ့myanmar font chanfe.apk
လေးကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ
ဘာကြောင့်လန်းသလဲဆိုတာ အကြောင်းပြချက်ရှိပါတယ် ဒီကောင်းလေးက
မြန်မာမူ apkလေးပါ font change တဲ့အခါမှာ
မိမိရဲ့ဖုန်း အမျိုးစားအလိုက် ဘယ်font နဲ့သင့်တော်တယ် ဒါနဲ့ကမရနိုင်ပါဘူး
စသဖြင့်ပေါ့ စာတန်းလေးပေါ်ပြီးပြောပါတယ် ဘယ်font နဲ့မှရနိုင်ပါတယ် မြန်မာစာသွင်းမလား မသွင်းဘူးလား
အစအဆုံးပါဝင်ပါတယ် ကျနော်ကြိုက်ရတဲ့အကြောင်းရင်းလေးကတော့ကျနော့်မှာဖုန်းတစ်လုံးရှိပါတယ် Imobile.IQ.5.5 Android version 4.2.2ပါ
ဖုန်းကလွယ်မလိုလိုနဲ့နည်းနည်းတော့ရှုပ်တယ်ဗျ ထားလိုက်ပါတော့ဗျာ  သူများဖုန်းတွေမှာ
ဖြစ်နေတာက fbမှာမြန်မာနာမည် ခေါင်းစဉ်ကို
မတွေ့ရဘူး groupရောအတူတူပဲ massage boxမှာပဲနာမည်ကိုတွေ့ရတယ်ဗျ ဒီကိစ္စကို friတစ်ယောက်က ကျနော့်ကိုအကူညီတောင်းတယ် ကျနော်လည်
ifont နဲ့ပြင်ရင်ရနိုင်မလားဆိုးပြီးစမ်းကြည့်တာ
ကျနော့်ဖုန်းပါအဲ့လိုဖြစ်သွားတယ်
ဒီလိုပုံပါ
ဒါနဲ့
ကျွန်တော်မကျေနပ်သေးလို့ထပ်ကလိတာ
မြန်မာစာလုံးဝကိုပျောက်သွားတယ်
ဒါနဲ့ဇကွဲနဲ့fontပြန်ထည့်တယ်
မြန်မာစာရတယ်ပုံမှာလိုပဲဖြစ်နေတယ်ဗျ
အခုတင်ပေးလိုက်တဲ့MMAIO.fontနဲ့ကျမှပဲ
အဆင်ပြေတယ်
ဒီလိုလေးပေါ့ဟဲဟဲ
ကျနော့်လိုပဲဖြစ်လာတဲ့သူငယ်ချင်းဖုန်းက
huawei y600ပါ
တကယ်လိုများ
ဒီလိုမျိုးဖြစ်လာခဲ့ရင်
ဒါလေးနဲ့စမ်းကြည့်လိုက်ပါဗျာ

okအဆင်ပြေပါစေဗျာ

MPPG က ကိုဖြိုးညီညီရေးတဲ့ Huawei Sony Samsung ၃မျိုးကို မှန်ကန်စွာ မြန်မာစာထည့်ပေးမယ့် 3in1 Font Tool လေးဖြစ်ပါတယ်။ 4.4.2 ထိ Support ရနိုင်ပြီး ဘယ်ဖုန်းကဘယ်ဟာနဲ့ချိန်းရတယ်ဆိုတာမျိုးမဖြစ်ရအောင် Tool တစ်ခုတည်းကနေ သူဖာသာသူထည့်ပေးသွားမယ်လို့ ဆိုပါတယ်.. PC နဲ့သုံးရမှာဖြစ်ပါတယ်..

Untitled


Credit : Phyo Nyi Nyi



                                                                                   



 

 

   
 မှတ်ချက် ။ ။ ထည့်နည်းများများရှိပါသေးပြီး Fontchanger ကောင်းများလည်းရှိပါသေးတယ်ဒါက ကျွန်တော်အသုံးများသော နည်းလမ်းနှစ်သွယ်ပါ အကုန်လုံးမတင်ပြနိုင်တာ နားလည်ပေးပါလို့တောင်းဆိုပါတယ်



အမယ်လေးတော် ပိုက်ဆံ ၃၅၀၀၀ ပေးပြီး Mermory ကို ထပ်လိုချင်သူများအတွက် (ဟိဟိစတာနော်;P)
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>


တချို့ Android ဖုန်းတွေမှာ ဖုန်းတွင်း Memory အရမ်းနည်းနေတတ်ပါတယ် 256MB လောက်ပဲ ပါပဲ တဲ့ Version နိမ့် Android ဖုန်းမျိုး မြင်ဖူးပါတယ်... ခု Memory နည်းလို့ စိတ်ညစ်နေသူများ ဒါမှ မဟုတ် အတေည်သင့်ပါရဲ့နဲ့ App တွေ များများသုံးချင်သူများအတွက် (တစ်ချို့ဖုန်းတွေမှာ default stroage location) ပြောင်း တာမပါဘူးလေ :D) SD ကတ်မှ Memory တစ်ချို့တစ်ဝက်ကို ဖုန်းတွင်း Internal Memory နဲ့ ချိတ် ဆက်ပုံကိုဘာဘီ ပြောပြပါမယ်....


ဖုန်းကနေပဲ လုပ်မှာမို့ အဆင့်တွေတော့များတယ်နော် ပြိးတော့ ဒီ ဆော့ဖ်ဝဲက App2SD ရဲ့သဘောနဲ့ တူတယ် ဒါပေမယ့် သူ့လောက် Error မရှိပါဘူး App2SD သုံးရင် imei ပျောက်သွားတာတို့ Internal Memory လုံးဝသုံးမရတာတို့ဖြစ်တတ်ပါတယ်
ခုပြောပြမယ် ကောင်က သဘောချင်တူပေမယ့် အလုပ်လုပ်ပုံချင်မတူပါဘူး ပြီးတော့ ဒီတော့ ဒီကောင်က Error ကင်းတယ်လေ တော်တော်များများလဲ သိပြိးသားဖြစ်မှာပါ ဒါပေမယ့် မသိသေးသူများအတွက် ဘာဘီ ပြောပြမယ်နော်....


လိုအပ်တာကတော့ အနည်းဆုံး
4GB ရှိတဲ့ microSD ကတ်လိုပါတယ် အကြံပေးချင်တာကတော့ တတ်နိုင်ရင် 8GB သုံးစေချင်ပါတယ် ပြီးတော့ 8GB ဆိုရင် Classes 6 လောက် ရရင်ပိုကောင်းတာပေါ့နော် ပြိးတော့ Data တွေ ရှိရင်လဲ တစ်ခုခုမှာသိမ်းထားပေါ့ SD ကတ်ကို အဲ app လေးက format ချသွားမှာမို့ပါ


ဟုတ် ပြိးတော့ ဒီ Software တွေကိုဒေါင်းလိုက်ပါ


- Aparted

https://www.dropbox.com/s/8cwk7shzqt01ycu/AParted.apk


-Link2SD ဒီကောင်က (plus) နော် Update ပေးရင်လဲ မလုပ်နဲ့

https://www.dropbox.com/s/bhnyfkuxvis6zcz/Link2SD%20Plus.apk


ဟုတ် Software တွေ Install လုပ်ပြိးရင်တော့ စကြတော့မယ်နော်


၁ ။ Sotware တွေ Install လုပ်ပီးရင် အရင်ဆုံး အဲဒီ Software တွေမသုံးခင် ဖုန်း Setting ထဲကိုသွားလိုက်ပါ Storage ဆိုပြိးပါပါတယ် အဲမှာ SD card ဒါမှ မဟုတ် external SD ဆိုပြိး ပါပါတယ် အဲ SD ကို Unmount SD card လုပ်လိုက်ပါ


၂ ။ Ok လား Cancel လားမေးရင် Ok ပေးလိုက်ပါ


၃ ။ mount sd card ဆိုပြိး ပြောင်းသွားရင်ရပါပြိး အဲ Setting ထဲက ထွက်လိုက်ပါ


၎ ။ ခု Install လုပ်ခဲ့တဲ့ app တွေ ထဲက Aparted ဆိုတဲ့ app ကိုဝင်ပါ ပြိးရင် အစိမ်းရောင် အပေါင်းလက္ခဏာလေးပါပါတယ် အဲကောင်ကို တစ်ချက်စိ ၃ ခေါက်နှိပ်လိုက်ပါ


၅ ။ နှိပ်ပြိးပါက Part1 ၊ Part2 ၊ Part3 ဆိုပြိး သုံးခုတွေ့ရမှာပါ ပြိးရင် Internal Memory ကို ဘယ် လောက် GB ထိတိုးမှာလဲ 1GB လား 2GBလား 4GB လား
ဟုတ် ဘယ်လောက်ပဲတိုးတိုး အဲတိုးမယ့် GB ကို Part2 မှာသွားသတ်မှတ်ရမှာပါ Part1 နဲ့ မဆိုင်ပါဘူး


၆ ။ ဒါဆို Part2 ကွင်းထဲက fat32 ကိုသွားနှိပ်လိုက်ပါ


၇ ။ နှိပ်တာနဲ့ Format တွေ အများကြိးပေါ်လာမှာပါ ext2, ext3, ext4, fat32/fat16, f2fs,swap
အဲ Format များထဲက အနိမ့်ဆုံး ext2 ကိုတော့ ဖုန်းတော်တော် များများ support ပေးပါတယ် ဒါပေမယ့် နောက်ပိုင်း huawei model မြင့် တစ်ချိုနဲ့ ဈေးကွက်မှာ နာမည်သိပ်မထင်ရှားတဲ့ ဖုန်းအချိုကတော့ fat32 ပဲ support ရပါတယ် huawei အစောပိုင်းတွေကထွက်ခဲ့တဲ့ဖုန်းတွေကတော့ ext support ရပါတယ် ext format support လုပ်ရင် Software ရဲ့ အရသာကို အပြည့်ဝခံစားရမှာဖြစ်ပြိး fat32 ဆိုရင်တော့နည်းနည်း အကန့်သတ်ရှိပါတယ် အဲဒီက မိမိဖုန်းနဲ့ကိုက်ညီမယ့် format တစ်ခုရွေးလိုက်ပါ


၈ ။ ပြီးရင် Part2 ကပဲ 0MB ဆိုတာ Click လိုက်ပါ


၉ ။ နံပါတ်ရိုက်ရမယ့် Boxတစ်ခုပေါ်လာပါမယ် အဲဒီမှာ Internal အတွက်
2GB စဉ်းစားထားတယ်ဆိုရင်2044 ရိုက်ပါ
4GB စဉ်းစားထားရင် 4088 ရိုက်ပါ


SD ကတ်သာ 4GB ပဲရှိတယ်ဆိုပါက
1GB ပဲ ရိုက်ပါ 1022 ပေါ့ ပြိးရင် OK နှိပ်


၁၀ ။ ပြီးရင် Part3 ကိုဆက်သွားပါမယ် Part1 ကိုချန်ထားခဲ့ပါနောက်ဆုံးမှ လုပ်ပါမယ်
Part3 မှ fat32 ကိုပဲ Click ပါ


၁၁ ။ Format တွေအများကြီးပေါ်လာပါမယ် swap ကိုပဲရွေးပေးပါ


၁၂ ။ ပြီးရင် Part3 မှပဲ 0MB ကိုနှိပ်ပါ


၁၃ ။ နံပါတ်ရိုက်မယ် box တစ်ခုပေါ်လာပါမယ် 256 ဟုရိုက်ပါ 256 ထက်မပိုပါစေနဲ့ ဒီ Part3 အသုံးပြုနည်းကို ဒီပိုစ်မှာ မရှင်းပြသေးပါဘူး ရှုပ်သွားပါမယ် သူက Ram ကို support လုပ်တဲ့ format ဖြစ်ပါတယ် ဘာအတွက် ဒီမှာ ခုကတည်းလုပ်သလဲဆိုတော့ နောက် ဒီကောင်ကို လုပ်ချင်လာရင် ထပ် Partition ခွဲရင် အရင်လုပ်ထားတာတွေ အကုန်ပျက်သွားမှာမို့ပါ


၁၄ ။ Part2 နဲ့ Part3 ပြီးရင် Part1 ကိုခုမှ သွားလုပ်ပါမယ်
Part1 ကတော့ fat32 ပဲထားရမှာမို့ fat32 ပဲထားပါ ပီးရင် 0MB ကိုနိပ်ပြီး New Partition Table msdos အောက်မှ part2 နှင့် Part3 ကိုလုပ်ပြိး ကျန်သော memory ပမာဏ နံပါတ်ကို ရိုက်ထည့်ရမှာပါ


၁၅ ။ တစ်ခုနဲ့တစ်ခုမတူပါဘူး ဘာပဲဖြစ်ဖြစ် Total MB မှ Part2 နင့် Part3 ကိုနှုတ်လို့ရလာတဲ့ နံပါတ်ကိုထည့်ရမှာပါ


၁၆ ။ ပြီးရင်အပေါ်ထောင့်က Menu ကိုနိပ်ပြီး Apply Changes နိပ်ပါ


၁၇ ။ ပြီးရင် ok ကိုထပ်နှိပ်ပါ


၁၈ ။ sd card ready ဆိုပြီးပြလာရင် ထပ်ပြီး ok ကိုနှိပ်ပါ


၁၉ ။ ပြီးရင် App ထဲမှထွက်လိုက်ပါ



၂၀ ။ ခု Link2SD ဆိုတဲ့ software ကိုစဖွင့်လိုက်ပါ Part2 တွင်မိမိ လုပ်ခဲ့သော format ကိုရေးလိုက်ပါ


၂၁ ။ reboot ချလိုက်ပါ


၂၂ ။ reboot ပြန်တက်လာရင် Link2SD ကိုပြနိဝင်ပြီး Yပုံစံလေးကို နှိပ်ပါ ပြီးရင် user ကိုနိပ်ပါ
user applications အောက်ရောက်သွားပါမည်


၂၃ ။ Menu ကိုနိပ်ပီ multi select လုပ်လိုက်ပါ


၂၄ ။ အပေါ်က select all ကိုနိပ်ပါ


၂၅ ။ Menu ကိုထပ်နိပ်ပြီး crate link ကိုနိပ်ပါ


၂၆ ။ Link တွေအကုန် အမှန်ခြစ်ပေးပါ


၂၇ ။ linked->SDcard ဆိုရင် ထပ်တိုးထားတဲ့ memory ထဲရောက်သွားပါပြီး


၃၀ ။ Menu ကိုနိပ်ပါ stroage info ဆိုပီးပါပါတယ် ၀င်လိုက်ပါ


၃၁ ။ sdcard 2nd part ဆိုတာ ထပ်တိုးးထားတဲ့ memory ပါပဲ


၃၂ ။ cache တွေ ရှင်းပေးတဲ့ shortcut တစ်ခု ဒါမှ မဟုတ် widget မှတဆင့် Desktop ပေါ်တင်ရပါတယ်
ပြိးတော့ တခြား Tool တွေလဲပါပါသေးတယ်။



 
 
 
 

 

   
 

 

 
 

 
 

 


 

 

 


ဒီပို့စ်လေးကို PDF စာအုပ်အဖြစ်လိုချင်သူများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်...


မှတ်ချက် ။ ။ ကျွန်တော်ဆိုရင် Mermory Card ရဲ့ပမာဏအတိုင်းထားပစ်လိုက်တာ ဟဲဟဲ အပေါ်ကနည်းအတိုင်းတော့မဟုတ်ဘူးပေါ့ဗျာ ဟဲဟဲ..ဒါပေမဲ့နည်းတွေကတော့မျိုးစုံပါပဲ..


photo ရိုက်ပြီး Slightshow လုပ်ချင်သူတွေအတွက် ..
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မင်္ဂလာပါဗျာ Android ဖုန်းတွေမှာ မိမိစိတ်ကြိုက် ဓါတ်ပုံတွေကိုSlideshow  ပြုလုပ်ချင်သူတွေ အတွက်  Photo Slideshow Maker ကို တင်ပေးလိုက်ပါတယ် အခုဆိုရင် ဖုန်းတွေကလဲ ကွန်ပျူတာ နီးပါး အသုံးပြုလို့ရပြီးဆိုတော့ ကျွန်တော်တို့ ကွန်ပျူတာ သမားတွေ အားငယ်လာပါတယ် ဘာတင်ရမှန် မသိလို့လေ ကဲဟုတ်ပါပြီး ဓါတ်ပုံတွေကို Slideshow လုပ်ချင်ရင်တော့အောက်က လိပ်စာ ဒေါင်းနိုင်ပါပြီး File Size (5.7MB) ရှိပါတယ် ကျွန်တော် အသုံးပြုပုံ အနည်းငယ်ကို အောက်မှာ ပုံနှင့် တကွ ရှင်းပြထားပါတယ်...........


Download>>>>>>>>>>>>>>sharebeast.com (or) Files.com

www.soesoehein.blogspot.com


Add ဆိုတာကို နှိပ်ပြီး မိမိစိတ်ကြိုက် ဓါတ်ပုံထည့်လိုက်ပါ...............


မိမိ Slideshow ပြုလုပ်ချင်တဲ့ ဓါတ်ပုံတွေ အမှတ်ခြစ်လေး ပေးလိုက်ပါ
ပြီးရင် Ok ပေါ့...................................


မြားထိုးပြထားတဲ့ ပုံလေးကို နှိပ်လိုက်ပါ ပြီးရင် အောက်က ပုံအတိုင်း
 ရာနှုန်းလေး ပြေးနေလိမ့်မယ်............


 အစိမ်းတုံးလေး ပြည့်ရင် Ok ပါပြီး................................................... 
ဇာတ်လမ်းလေးကတော့ ပြီးပါပြီ :P
ဒါပေမဲ့ သင်တို့ထပ်ဖတ်ရမှာတစ်ခုကျန်သေးတယ်
(ဒီပို့စ်တွေထပ် အရင်မေးထားတဲ့သူတွေရှိပါသေးတယ် သူတို့ ကျွန်တော်အရင် မတင်ပေးလို့ဒေါသထွက်နေကြမှာအမှန်ပါပဲ နားလည်ပေးပါ မိတ်ဆွေတို့ မိတ်ဆွေတို့ ရဲ့ Earror တွေ သိချင်တာတွေက ပိုရှည်ပြီး ရှာရမှာ အချိန်က အခုပို့စ်တွေထက် ပိုတဲ့အတွက်နားလည်ပေးပါဗျာ..နောက်ပို့စ်တွေကို ဆက်ကြည့်ပေးပါ နောက်ပို့စ်တွေမှာပါလာပါလိမ့်မယ်..


Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ

အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော့်ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....

(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ)

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call &

Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အမှန်တစ်ကယ်ပြောရမယ်ဆိုရင် SMS က တစ်နေ့ကို အစောင်ရေမနေဘူးဗျ အဲ့ဒါကြောင့်ပါပိုက်ပိုက်ကလဲမနပ်မှန်ဘူးလေ

:D ဒါပေမဲ့ ကျွန်တော့်ပို့စ်လေးကြောင့်တစ်ခုခုရသွားလို့ ကျေးဇူးတင်ရင် ဖုန်းဘေကဒ်လှမ်းပို့ပေးနိုင်ပါတယ်ခင်ဗျာ  :P

Welcome From My Blog

Welcome From My Facebook Group

Welcome From My Facebook Page




 

ကျွန်တော့်ကို နည်းပညာနဲ့ပတ်သတ်လို့ ကျွန်တော့်ရဲ့ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများမေးလျှင် "ယုံကလေးနှာစေး" တယ်လို့ထင်ပါလိမ့်မည် ။ ။



အဲဒါနဲ့မေ့တော့မလို့ ဖုန်းဘေကဒ် မက်ဆေ့ပို့ပြီးရင် ကဒ်တွေမလွင့်ပစ်နဲ့အုံးနော် အနော်က ချက်ခြင်းမဖြေသေးလို့ပါ တော်ကြာ အခြားလူဖြည့်သွားမှာကြောင့်လို့ ဟိဟိ.. :D





















အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Links

Tusfiles Download Links

Mp Download Links ( 7 Links )



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !