Advertise Here !


ဒီနေ့ 18.2.2015 ရက်နေ့ဟာ Alessandro Volta ရဲ့မွေးနေ့ဖြစ်ပါတယ်.. Alessandro Volta ကို ရူပဗေဒနဲ့ ဓါတုဗေဒဘာသာရပ်တွေနဲ့ နီးစပ်သူတွေကလွဲလို့ သိပ်မသိကြပါဘူး.. ဒါပေမယ့် လူတိုင်းသိတဲ့အချက်ကတော့ လျှပ်စစ်ဓါတ်အားကိုဖေါ်ပြတဲ့ Volt ဆိုတာပဲ.. Volt ဆိုတာ Alessandro Volta ကို ဂုဏ်ပြုတဲ့အနေနဲ့ နာမည်နောက်ဆုံးစာလုံး Volta ကို Volt လို့ သတ်မှတ်ခဲ့ကြတာပါ..

Alessandro Volta ကို ၁၇၄၅ ခုနှစ် ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှာ အီတလီနိုင်ငံမြောက်ပိုင်း၊ ဆွစ်နယ်စပ်အနီးက ကိုမို လို့ခေါ်တဲ့ မြို့မှာ မွေးဖွားခဲ့ပါတယ်.. ၁၇၇၄ ခုနှစ်မှာ ကိုမိုမြို့၊ တော်ဝင်ကျောင်းမှာ ရူပဗေဒပါမောက္ခဖြစ်လာခဲ့ပါတယ်.. သူ့သက်တမ်းတစ်လျှောက် လျှပ်စစ်နဲ့သက်ဆိုင်တဲ့ လေ့လာမှုတွေကို များစွာပြုလုပ်ခဲ့ပြီး Electric Cell နဲ့ လျှပ်စစ်ကို တိုင်းတာတဲ့စက်ကိုလည်းတီထွင်ခဲ့သူဖြစ်ပါတယ်.. ၁၇၇၆-၇၈ နှစ်တွေမှာ ဓါတုဗေဒဘာသာရပ်ကို လေ့လာခဲ့ပြီး မီသိန်းဓါတ်ငွေ့ကို တွေ့ရှိခဲ့ပါတယ်.. Alessandro Volta ဟာ အီတလီနိုင်ငံသား ရူပဗေဒပညာရှင် Luigi Galvani နဲ့ပူးတွဲပြီး လျှပ်စစ်စီးဆင်းမှုဆိုင်ရာပညာရပ်တွေကို ပိုမိုလေ့လာခဲ့ပါတယ်.. ၁၈၀၀ ခုနှစ်မှာ Voltage Pile ကို တွေ့ရှိခဲ့ပြီးနောက် ပထမဆုံးသော လျှပ်စစ်ဘက်ထရီ ကိုစတင်တွေ့ရှိခဲ့ပါတယ်.. Alessandro Volta ဟာ ရူပဗေဒနဲ့ ဓါတုဗေဒ ဆိုင်ရာ တန်ဖိုးမဖြတ်နိုင်သော သီအိုရီများ၊ လေ့လာတွေ့ရှိချက်များစွာကို စွမ်းဆောင်နိုင်ခဲ့ပြီး Voltmeter ကိုတီထွင်သူ၊ ပထမဆုံးသော Battery ကိုတီထွင်သူ၊ Methane ဓါတ်ငွေ့ကို တွေ့ရှိခဲ့သူ Alessandro Volta ဟာ ၁၇၉၄ ခုနှစ်မှာ London, Royal Society က သိပ္ပံဆိုင်ရာ Copley Medal ဆုကို ချီးမြှင့်ခဲ့ပါတယ်.... Alessandro Volta ကိုဂုဏ်ပြုတဲ့အနေနဲ့ လျှပ်စစ်စီဆင်းဆင်မှုအား ယူနစ်ကို Volt လို့အမည်ပေးခဲ့ကြပါတယ်.. Alessandro Volta ဟာ အသက် ၈၂ နှစ်အရွယ်၊ ၁၈၂၇ခုနှစ်၊ မတ်လ ၅ ရက်နေ့ အီတလီနိုင်ငံ၊ Como မြို့၊ frazione ဆိုတဲ့ဒေသမှာသေဆုံးခဲ့ပါတယ်.. သူနောက်ဆုံးနေထိုင်ခဲ့တဲ့ အီတလီနိုင်ငံ၊ Como မြို့၊ frazione ဆိုတဲ့ဒေသကို Camnago Volta လို့အမည်ပေးခဲ့ပါတယ်..

ဒီနေ့ဆိုရင် Alessandro Volta မွေးဖွားခဲ့တာ နှစ်ပေါင်း ၂၇၀ ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့အတွက် Voltmeter ကိုတီထွင်သူ၊ ပထမဆုံးသော Battery ကိုတီထွင်သူ၊ Methane ဓါတ်ငွေ့ကို တွေ့ရှိခဲ့သူ Alessandro Volta ကို ဂုဏ်ပြုလိုက်ပါတယ်..

 
A voltaic pile.

၁၈၀၁ ခုနှစ်မှာ နပိုလီယံကို Electric Column ရဲ့ သဘောတရားတွေကိုရှင်းပြနေတဲ့ Volta


Source : Wiki

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !