Advertise Here !



ကျွန်မယောကျာင်္းကိုကိုတုတ်
ရှင်ထွက်သွားတာသုံးရက်ကြာ
ကျွန်မ ရှင့်ကိုလွမ်းလိုက်တာ
လူမမယ် ကလေးငယ် 
နှစ်နှစ်အရွယ်ရှင့်ရဲ့သား
အဖေ အဖေ နဲ့
တစ်ကျော်ကျော်ဟစ်ကာအော် 
ကျွန်မရင်မှာ မချိဘူးတော်
အခုတော့လေ ကျွန်မ မှာဖြင့် 
လင်လဲမဆုံး သားလဲမရှုံးပါလျှက်
မြေမှာလူးတဲ့ အရူးမ မပဋာလို
ဝေဒနာကြီးစွာခံစားရပြီပေါ့
ကျေးဇူးပြု၍အကြောင်းပြန်ပါ
ကျွန်မရှင့်ကိုစောင့်နေမှာ။
ဆုတောင်းတစ်ခုပြုလိုက်မယ်
ရှိရှိသမျှအိမ်ထောင်သည်
ဒီလိုဝဋ်မျိုးမရှိပါစေနှင့်
လင် နဲ့ မယား နှစ်ယောက်သား
ဘဝတစ်ခု တည်ထောင်ရင်
နားလည်မှုသာအဓိကပင်
မယားဝတ်တရားအချက်၅ပါး
လင် ဝတ်တရားအချက်၅ပါး
နှစ်ယောက်လုံးသာကျေပွန်ပါ
နားလည်မှုကိုရကြမှာ
ထို့ပြင်နောက်ဝယ်ရောက်လာတယ်
အလိုချင်ဆုံးရင်သွေးငယ်
သူတို့အနာဂတ် လှပအောင်
မိဘဝတ်တရား အာဂုံဆောင်
အချုပ်အားဖြင့်ရေးခြင်းဝယ်
သင့်တို့ မိသားစုဘဝ
သာယာလှပနိုင်ကြပါစေကွယ်။

Admin…………လင်းလက်လွန်း
Ph No…………09972085931




Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !