Advertise Here !


တခါတခါ အလင်းတွေ ဖြာထွက်သလို 
တခါတခါ နှင်းတွေ ပြာလဲ့သလို 
ကိုယ့်အတွေးကို စိုးမိုးနိုင်ရဲ့ 
ရိုးရိုးလေးပဲ ... ချစ်တယ် 


တစ်ရက်လေးမှ မေ့မရ 
စေ့ထားတဲ့ တံခါးကို လာဖွင့်
ဟိုးရှေ့က ပင်လယ်ပြင်ထဲ ရွက်လွှင့်ကြမယ်
မှတ်တိုင်ဆိုတာ နှလုံးသားတွေထဲ ကိုယ်စီ ။ 
ချစ်သူ .. တို့အတူ ဖြတ်နိုင်ရဲ့ 

တထိတ်ထိတ် ခုန်ခဲ့ရတဲ့ရင်အစုံမှာ 
တဒိတ်ဒိတ် ကျယ်လောင်သော သံစဉ်တွေနဲ့
ကိုယ် . .. မင်းကိုချစ်တယ် 
ရှင်းလင်းတဲ့ ဒီစိုက်ခင်းမှာ 
အဘယ်သို့သော သစ်သီးများပါလိမ့်
မွှေးပျံ့ထုံသင်း ..
အလင်းတွေနဲ့ကမ္ဘာ ။ 

ဘယ်တော့မှ မခွဲ 
ကိုယ့်ရဲ့လက်ကိုတွဲ 
ခိုင်မြဲသော သစ္စာတရားကိုယ်စီ နဲ့
တည်ကြည်သော ယုံကြည်မှုတွေ မြဲမြံပါစေ
ရိုးသားသော ချစ်ခြင်းတွေ မွှေးပျံ့ပါစေ 

ဒီလိုနဲ့ ... 
ကိုယ့်ရင်ဘတ်တစ်ခြမ်းမှာ 
ကြည်နူးလှိုက်ဖိုတတ်ခြင်းတွေနဲ့
မင်း .. မမြင်ရတဲ့ ကိုယ့်ကမ္ဘာမှာ 
ဒီလို အလွမ်းတွေနဲ့ပြန့်ကျဲ 
မိုး စက် တွေ တ ဖွဲ ဖွဲ ပေါ့ကွယ် 

ကိုယ့်ကျောပေါ် ဖြတ်သန်းရင်း 
ပျော်ရွှင်ကြည်နူးစွာ ရယ်ပါ 
တို့ဘ၀ တွေကိုအရောင်တင်ရင်း
တို့ချစ်ြခင်းတွေကို ရေတွက်ပါ 
ကောင်းကင်နဲ့မြေပြင်ကြား အကွာအဝေးဆိုတာ 
မျက်စိ တစ်မှိတ်စာပါပဲ ။

Admin …………လင်းလက်လွန်း
Ph No…………09972085931
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !