Advertise Here !

မည်သည့်လက်ကိုင်ဖုန်းမဆို လုံခြုံတယ်လို့ မရှိပါဘူး..သုံးစွဲသူရဲ့  ပေါ့ရော့မှုနဲ့  သတိမထားတာ နဲ့ အရည်အသွေးမကောင်းတဲ့  ပေါချောင်ပျက်လွယ်တဲ့ အပိုပစ္စည်းတွေကို ၀ယ်သုံးမိရာကနေ လက်ကိုင်ဖုန်း မီးလောင်ခြင်း- ပေါက်ကွဲခြင်းနဲ့  ဓါတ်လိုက်မှုတွေဖြစ်တတ်ပါတယ်။

အဓိက မီးလောင်ပေါက်ကွဲ စေနိုင်တဲ့ နေရာကတော့ ဖုန်းအတွင်းကဘက်ထရီအပြား လေးတွေ ပါဘဲ.. သူက ဗို့ အားပြင်းတယ်လေ ၊ နောက် ဖုန်းအားသွင်းကြိုးပေါက်နဲ့  ဓါတ်အားသွင်းတဲ့ ပလပ်အုံ ကိုတော့ ပေါ့ပေါ့ဆဆနဲ့ မကိုင်တွယ်ဘို့ လိုတယ်။ 

ဘက်ထရီအပြားလေးက ဖုန်းတခုလုံး လည်ပါတ်နိုင်အောင် အားတွေသိမ်းထားပြီး ထုတ်ပေးနေ တဲ့နေရာဆိုတော့... မိုးရေထိတာ-အစိုပြန်တာဖြစ်နဲ့ လျှော့ဖြစ်ပြီး အတွင်းမှာ အလွန်ပူးလာ မယ်-ပြီးရင်ကိုယ်က ပေါ့ပေါ့ဆဆနဲ့  ဘက်ထရီကြိုးတပ်လိုက်ရင် ဓါတ်လိုက်ပြီး စတွန့် သွားမှာ သေခြာတယ်။ 
ဒီလိုမျိုး ဘက်ထရီလျှော့ဖြစ်နေရင် အရင်ဆုံး ဓါတ်ခဲအပြားဟာပုံမှန်မဟုတ်-ဖေါင်းကြွလာပါလိမ့် မယ်-နောက်ပြီးညော်သလိုလို လို မီးလောင်တဲ့အနံ့  ဒါမှမဟုတ် ဖုန်းတခုလုံးပူလာမယ်ဆိုရင် တော့ သတိထားတော့။ 

ဖြစ်တတ်တာများတဲ့သူတွေကတော့ ချစ်ချစ်နဲ့ အကြာကြီးဖုန်းပြော ပြီးရင်စိတ်ကူးတွေယာဉ်ပြီး ပလပ်ပေါက်တန်းလန်းကြီးထား ခေါင်းအုံးအောက်မှာဖုန်းကိုထိုးအိပ်ပျော်သူတွေ၊ 
မိုးရွာထဲမှာ ထီးဆောင်းလမ်းလျှောက်ရင်းဖုန်းနဲ့ ကြူနေတဲ့ ကိုကိုမမတွေမိုးကြိုးပစ်နိုင်ပါတယ်။
ကြိုးတန်းလန်းနဲ့ ဂိမ်းအကြားကြီးကစားတတ်တဲ့ ခလေးတွေ၊ နောက်ပြီးအား ပြည့်နေတာကို ကြိုးမဖြုတ်ဘဲ ဆက်တတ်ထားတတ် သူတွေပါဘဲ။ 

နောက်တခုက အားသွင်းကြိုးပေါက်နေရာလည်း ခဏခဏ ထိုးလိုက်ထုတ်လိုက်လုပ်ပါများ တော့ချောင်ပြီး အထဲက လျှက်စစ်ကူးတဲ့  ကြေးပြားလေးတွေ နေရာမမှန်ရာကနေ မီးထလောင်တတ်ပါတယ်၊ အဲဒိအပေါက်က ဓါတ်လိုက်တာအဖြစ်များတယ်၊
ဒါကြောင့်အားသွင်းကြိုး ထိုးတဲ့အခါ တယုတယနဲ့ ညင်ညင်သာသာလေး ထိုးတတ်ဖို့ပါဘဲ။
နောက်ပြီးတော့ ခလေးတွေကိုလည်း လက်လွတ်စပါယ် အားသွင်းကြိုးမထိုးခိုင်းသင့်ဘူး ဖြစ်နိုင်ရင်တော့ လုပ်ပုံကို သေချာပြထားရပါလိမ့်မယ်။ 

နောက်ဆုံးနေရာက ပင်မပလပ်ပေါက်နဲ့ ဆက်သွယ်ပေးတဲ့  အားသွင်းကြိုးရဲ့ adapter အပိုင်းပါ၊ တချို့ ဖုန်းတွေရဲ့  အားသွင်းကြိုးတွေ မျိုးတူပေမယ့် ဈေးပေါပေါနဲ့  ပြည်တွင်းကိုဝင်လာတဲ့ အပိုပစ္စည်း တွေက အပျက်မြန်ပြီး လျှက်စစ်ကိုထိမ်းညှိပေးမယ့် မူရင်းပုံစံမျိုး မဟုတ်ဘဲ တိုက်ရိုက့် ဆက်ပေး ထားတဲ့ အတွက်
 သတိထား ရပါမယ်။

Admin……………လင်းလက်လွန်း
Ph No…………09972085931

Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !