Advertise Here !



စမတ်ဖုန်းတွေ Unicode အဆင်ပြေပြေအသုံးပြုနိုင်ဖို့ဆိုရင်
  • ပထမဆုံး Font ကို မှန်ကန်အောင် Install လုပ်ရပါမယ်
  • ဒုတိယက အဆင်ပြေတဲ့ Keyboard တစ်ခုခုကို Install လုပ်ရပါမယ်..
  • တတိယက ကိုယ့်ဆီကို Message ဝင်လာတဲ့အခါ Zawgyi နဲ့လည်း ဝင်လာမယ်၊ Unicode နဲ့လည်းဝင်လာမယ်ဖြစ်တဲ့အတွက် Zawgyi ရော၊ Unicode ပါ ဖတ်လို့ရမယ့် Message Application တော့လိုအပ်မှာဖြစ်ပါတယ်.. 
ဒီတော့ အောက်မှာ လိုအပ်တဲ့အဆင့်အလိုက် အသုံးပြုရမယ့် Application တွေကို စုစည်းဖေါ်ပြပေးလိုက်ပါတယ်.. သက်ဆိုင်ရာ Application ပိုင်ရှင်တွေ၊ Developer တွေကိုလေးစားစွာ Credit ပေးပါတယ်..

Font Installer 
Root ဖောက်ဖို့မလိုဘဲ Android ဖုန်းတွေထဲမှာထည့်လို့ရမယ့် Unicode Font Installer တွေဖြစ်ပါတယ်.. ဖုန်းအားလုံးနဲ့မကိုက်ပေမယ့် တော်တော်များများတော့ အဆင်ပြေပါလိမ့်မယ်...
Download mmUnicode Toolikt  (Unicode Converter and Font Install via zFont)
TTA Unicode Installer
Oppo, Vivo Unicode Installer

Keyboard
Unicode အသုံးပြုနိုင်တဲ့ Android အတွက် မြန်မာ ကီးဘုတ်တွေဖြစ်ပါတယ်.. Android ဖုန်းအားလုံးနီးပါးနဲ့ အဆင်ပြေပါတယ်−
1.Bagan Keyboard (Trial Version) 12.2
2.Gboard v8.7.8.270301133
3.FrozenKeyboard2 v3.4.2
4. TTKeyboard v20190910
5. Manic Myanmar Keyboard v0.9.2

SMS Message
Unicode ရော Zawgyi ပါ အမှန်မြင်ရမယ့် Message Application ဖြစ်ပါတယ်.. ဖုန်းမှာပါတဲ့ Message Apps နေရာမှာ အစားထိုးသုံးစွဲရပါမယ်.. Connect MUX လို့ခေါ်ပါတယ်.. ဒီ MUX ကိုဖွင့်ပြီး ညာဘက်အပေါ်ထောင့်က အစက် ၃ စက်ကိုနှိပ်ကာ  Unicode နဲ့ Zawgyi ကြားအပြန်အလှန်လည်း Convert လုပ်နိုင်သလို Contact တွေနဲ့ File တွေကိုလည်း Zawgyi ကနေ Unicode ပြောင်းပေးနိုင်ပါတယ်..
Download Connect MUX v1.1.4

အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org

Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !