Advertise Here !

 

 ၂.၁၀.၂၀၁၉ ရက်နေ့ည Surface Event မှာ Microsoft ဟာ သူ့ရဲ့ ရှေ့ပြေးဒီဇိုင်းတွေနဲ့ဖန်တီးထားတဲ့ Surface Earbuds လို့ခေါ်တဲ့ ကြိုးမဲ့နားကြပ်သေးလေးကို ထုတ်ဖေါ်ပြသလိုက်ပါတယ်.. ရေခဲဖြူရောင် နဲ့ မီးခိုးရောင် ၂ မျိုးသာထုတ်လုပ်မယ့် ဒီ နားကြပ်လေးကို ဒီနှစ်ထဲမှာ စျေးကွက်ထဲကိုထုတ်ပေးတော့မှာပါ..


ကုန်တဲ့နှစ်ကတည်းက ပထမဆုံး Surface တံဆိပ် နားကြပ်ကို မိတ်ဆက်ခဲ့ရာမှာ ဆူညံမှုကိုလျော့ချတဲ့ အဆင့် ၁၃ ဆင့်တောင်ထည့်ပေးထားတယ်လို့ဆိုပါတယ်.. တကယ်တော့ ဒီနှစ်ထုတ်လုပ်လိုက်တဲ့ Surface Earbuds နားကြပ်ဟာ Apple Airpods နဲ့တော်တော်ဆင်နေတယ်လို့ ဆိုကြပါတယ်..


Microsoft Surface Earbuds ဟာ Windows, Android နဲ့ iOS တွေကို Support ပေးမှာပါ.. ဒီ OS သုံးမျိုးလုံးနဲ့ လိုက်ဖက်အောင်ဖန်တီးထားတဲ့အပြင် Gesture ပိုင်းနဲ့ Control ပိုင်းကလည်း ရှင်းလင်းလွယ်ကူပါတယ်. 


Earbuds ကို အကြီး၊အလတ်၊အသေး ဆိုပြီး အရွယ်အစားရွေးချယ်ဝယ်ယူနိုင်ပါသေးတယ်.. ဘက်ထရီက ၂၄ နာရီထိ ခံနိုင်မယ်ဆိုပေမယ့် ဘက်ထရီတစ်လုံးချင်းစီကတော့ ၈ နာရီပဲခံမှာပါ.. အားသွင်းခွက်ကတော့ နားကြပ်ကို ၂ ခါ သွင်းပေးရမယ်တဲ့..
IPX4 ပါတယ်ဆိုတော့ ရေစိုနည်းနည်းတော့ခံနိုင်ပါမယ်.. ရေစိမ်တော့မခံပါဘူး..
စျေးနှုန်း ၂၄၉ ဒေါ်လာသာကျသင့်မယ်လို့ပြောထားပေမယ့် တကယ်တော့ နည်းနည်း စျေးကြီးနေမလားပဲ...

Source : Tomshardware

အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org

Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !