Advertise Here !





Microsoft သည် သာမန်လက်တော့ပ်များနှင့် အကောင်းဆုံး ယှဉ်ပြိုင်နိုင်မည့် Surface Pro 4 tablet ကို အင်္ဂါနေ့က ကျင်းပခဲ့သော Microsoft ၏ Windows 10 ပွဲတွင် မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ ၁၂.၃ လက်မ screen သည် Surface Pro 3 ၏ ၁၂ လက်မ screen ထက် အနည်းငယ် ကြီးမားသည်။ ဘေးအနားကွပ်ဘောင်များမှာ ပိုမိုသေးငယ်သောကြောင့် screen တွင် နေရာလွတ်ပိုမို ရရှိမည် ဖြစ်သည်။ ၎င်း screen သည် 2,736x1,824-pixel resolution ဖြင့် ဖော်ပြပေးနိုင်သည်။

Surface Pro 4 တွင် Intel ၏ ဆဋ္ဌမမျိုးဆက် “Skylake” ပရိုဆက်ဆာကို အသုံးပြုထားသောကြောင့် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ပြီး စွမ်းအင်သုံးစွဲမှု ပိုမိုသက်သာစေမည် ဖြစ်သည်။

သိုလှောင်မှုပမာဏ 1 terabyte နှင့် 16GB memory အထိ ရရှိနိုင်ပြီး ဗီဒီယိုကြည့်ရှုရာတွင် ဘက်ထရီကို ၉ နာရီကြာ အသုံးပြုနိုင်မည် ဖြစ်သည် တန်ဖိုးက အမေရိကန်ဒေါ်လာ ၈၉၉ မှ ၂,၁၉၉ အထိ ကျသင့်မည် ဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်တွင် စတင်ရောင်းချမည် ဖြစ်သည်။

Surface tablet သစ်တွင် pen သစ်တစ်ခု ပါဝင်ပြီး ၎င်းကို ထုတ်ကုန်တွင် သံလိုက်ဖြင့် တပ်ဆင်ထားသည်။ အဆိုပါ Surface Pen ကို tablet ပေါ်တွင် စာရေးသားရာ၌ ကောင်းစွာ ထိန်းချုပ်ကိုင်တွယ်နိုင်မည် ဖြစ်သည်။ ၎င်း Pen တွင် ခဲဖျက်တစ်ခု ပါဝင်သလို buit-in ပါဝင်သည့် ဘက်ထရီကိုလည်း အားပြန်သွင်းရန် မလိုဘဲ တစ်နှစ်ခန့် အသုံးပြုနိုင်မည် ဖြစ်သည်။

ထို့အပြင် Microsoft သည် Surface Pro 4 နှင့် တွဲဖက်အသုံးပြုနိုင်မည့် Surface Pro Type cover သစ်များကိုလည်း မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ ကီးဘုတ်တွင် ဖန်သားပြင် trackpad တစ်ခုနှင့် fingerprint sensor တစ်ခု ပါဝင်သည်။ ၎င်း fingerprint sensor သည် သုံးစွဲသူ၏ လက်ဗွေ သို့မဟုတ် မျက်နှာအသွင်အပြင်ပုံစံကို အသုံးပြုကာ Windows 10 ထုတ်ကုန်ထံ log in ပြုလုပ်နိုင်မည် ဖြစ်သည်။ အဆိုပါ cover ကို Surface Pro 3 ဖြင့်လည်း အသုံးပြုနိုင်ပြီး အရောင် ၅ ရောင်ဖြင့် ရရှိနိုင်သည်။

Ref: CNET
Credit  internetjournal
သီဟထိုက်
 My Facebook Account Click
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !