Advertise Here !

 

အင်တာနက်သုံးတဲ့အခါ ဖုန်းရဲ့ ထောင့်တစ်နေရာမှာ H+ လေးပေါ်လိုက်, 3G ဖြစ်သွားလိုက်နဲ့ တော်ကြာ H ဖြစ်လိုက်, E ဖြစ်လိုက် - - - ဒါတွေက ဘာလဲဆိုတာ သိထားသင့်တယ်ထင်လို့ Post တင်ရခြင်း ဖြစ်ပါတယ်။

H - HSDPA (High Speed Downlink Packet Access) (Year-2006) H+ ထက် ပိုနှေးပါတယ်။ ပျမ်းမျှ 7.2 Mb/sHD video တွေ တိုက်ရိုက်ကြည့်နိုင်ဖို့ လုံလောက်တဲ့ မြန်နှုန်းဖြစ်ပါတယ်။

H+ - HSDPA Plus (Year-2011) H ထက် ပိုမြန်တာ အသေအခြာပါပဲ ။
အင်တာနက် မြန်နှုန်း 21 Mb/s ထိရပါတယ်။ ကြည်လင်ပြတ်သားတဲ့ HD video တွေ တိုက်ရိုက်လွယ်လွယ်ကူကူ
ကြည့်ရှုနိုင်ပါပြီ။
Broadband connection တွေနဲ့တောင်တူတယ်။ 3G - 3rd Generation / UMTS (Year - 2003) ရုပ်ရော အသံပါ (video calling) အင်တာနက်မြန်နှုန်း တစ်ခုဖြစ်ပါတယ်။ စစပိုင်း 384kb/s သာရရှိနိုင်ခဲ့ပြီး, အခုချိန် ဒေါင်းလုပ်မြန်နှုန်းကို 2Mb/s ထိ ရရှိနိုင်ပြီဖြစ်ပါတယ်။ 20 ရာစု အစ,ပိုင်း မိုဘိုင်းလ်ဖုန်းတွေ အရှိန်အဟုန်မြင့်တိုးတက်လာချိန်မှာ ရရှိတဲ့ အင်တာနက်မြန်နှုန်းဖြစ်လို့ 3rd Generation လို့ ခေါ်တာပါ။

E - EDGE (Enhanced Data Rates for GSM Evolution) (Year - 2006) အင်တာနက်မြန်နူန်းက 384Kb/s ။ EDGE ကို 2.75G လို့ ယူဆ,လို့လည်း ရပါတယ်။ 3G မပြည့်ဘူးပေါ့။ 2G ကနေ 3G ဖြစ်လာဖို့carriers ကို အဆင့်မြင့်လိုက်ခြင်းပါ။
E ဆိုတာ 3G နည်းပညာပေါ်လာပြီးမှသာ ဖြစ်လာခြင်းဖြစ်ပါတယ်။ G - GPRS (General Packet Radio Service) (Year - 2000) GPRS ဆိုတာ GSM တွေထက် အနည်းငယ်မြန်တဲ့ မြန်နှုန်းတစ်ခုပါ။ 2.5G လို့လည်း ယူဆ,နိုင်ပါတယ်။ 2G ကနေ ပြောင်းလဲလာခြင်းဖြစ်ပြီး webpage တစ်ခုသာမြန်နှုန်းကတော့ 115kb/s ရပါတယ်။

GPRS ကနေသာ 3G -> EDGE -> H -> H+ -> LTE အဆင့်ဆင့် ပြောင်းလဲ တိုးတက်သွားခြင်းပါ။

LTE - Long Term Evolution (4G*)
(Year- 2013) မြန်နှုန်းအမြင့်ဆုံးကတော့ LTE ပါ။မြန်နူန်း 100Mb/s အထိ ရပါတယ်။ broadband connection လောက်တော့ သနားပါတယ်တဲ့။ Full HD Videos များကို ကြည့်ရှုခြင်းကို လုပ်ဆောင်နိုင်ပါတယ်။ LTE ဆိုတာ 4G နဲ့ မတူပါဘူး။ LTE ကိုသာ 4G လို့ မှတ်ယူတတ်ကြပါတယ်။ 4G အစစ်အမှန်ဆိုရင် LTE ထက် မြန်ပါသေးတယ်။ မြန်နှုန်း 1Gb/s ထိ ရှိပါကြောင်း။ ဤမျှသာ။ - ။

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !