Advertise Here !





၂၀၁၅ ခုနှစ် အတွက် ကမ္ဘာပေါ်မှာ အကြီးမားဆုံး နည်းပညာ ပြပွဲကြီးများ ပြီးဆုံးသွားခဲ့ပါပြီ။ နောက်ဆုံးကျင်းပခဲ့တဲ့ ဒုတိယအကြီးမားဆုံး နည်းပညာပြပွဲကြီး တစ်ခုဖြစ်တဲ့ Computex 2015 အပြီးမှာ နောင်လာမယ့် ၅ နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်လာမယ့် နည်းပညာ လမ်းကြောင်းအကြောင်း တစေ့တစောင်း သိခွင့်ရခဲ့ကြတယ်။ လောလောဆယ် အိုင်တီအဖွဲ့အစည်းကြီးတွေ အနေနဲ့ အလွန်ထုထည် ပမာဏကြီးမားတဲ့ Data တွေရဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်။ Cisco Global Cloud Index  အရ ၂၀၁၃ ခုနှစ် အတွင်းက IP Traffics အတိုင်းအတာက တစ်လကို 255 Exabytes ရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ် ရောက်တဲ့အခါ ၃ ဆ တက်သွားလိမ့်မယ်လို့ ဆိုတယ်။ ပထမဆုံး အလေးထား ဆောင်ရွက်ကြရမယ့် ကိစ္စက Nonstop Demand တွေကို တုံ့ပြန်နိုင်ဖို့ ဖြစ်တယ်။ Server တွေမှာ နှစ်စဉ်ဆိုသလို ၁၀ ရာခိုင်နှုန်း တိုးတိုးလာလေ့ရှိသလို Network bandwidth အနေနဲ့ ၃၅ ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်ခဲ့ပြီး သိုမှီးနိုင်စွမ်း ပမာဏများက ၅၀ ရာခိုင်နှုန်း ကြီးမားလာလေ့ ရှိတယ်လို့ Cappuccio Business အဖွဲ့အစည်းက သုတေသနပြုချက်မှာ ဖော်ပြခဲ့တဲ့အတွက် အိုင်တီနယ်မြေမှာ မြန်ဆန်သထက် မြန်ဆန်မှုရှိစေဖို့ တွန်းအားတွေရှိနေတယ်။ အသုံးပြုသူတွေ တိုးပွားမှုနှုန်းထားက အံ့မခန်း တိုးတက်နေသလို တောင်းဆိုမှုတွေကလည်း မရပ်မနားရှိနေတဲ့အတွက် ကွန်ရက်စနစ်နဲ့ သိုမှီးစနစ်တို့အတွက် နည်းပညာလမ်းကြောင်းတစ်ခုက မဖြစ်မနေ ဆောင်ရွက်ကြရမှာ ဖြစ်သလို မလွဲမသွေ ပေါ်ထွန်းလာပါလိမ့်မယ်။

ဒုတိယနည်းပညာ လမ်းကြောင်းက Internet of Things (IoTs) များအတွက် ဖြစ်တယ်။ IoT နဲ့ပတ်သက်ပြီး Gartner  အဖွဲ့အစည်းကြီးက Self-aware နဲ့  Self discovering အရည်အချင်းရှိတဲ့ အလွန်တရာသေးငယ်တဲ့ ကိရိယာလေးတွေလို့ အဓိပ္ပာယ်ဖွင့် ဆိုထားခဲ့တယ်။ ကိုယ်ပိုင် ကွန်ရက်ငယ် လေးများကို ဆက်စပ်ကာ အလုပ်လုပ်ကိုင် နိုင်စေဖို့ Sensor များက ပံ့ပိုးပေးကာ တစ်ခုနဲ့တစ်ခု အပေးအယူ  ဖလှယ်မှုတွေ လုပ်ကိုင်နိုင်စွမ်း ရှိကြတယ်။ နောင်အခါလူနေမှု စနစ်အတွက်သာမက စီးပွားရေးလုပ်ငန်းတွေ အတွက်ပါ အသုံးချခွင့် ရသွားလိမ့်မယ်။

Computex 2015 ညီလာခံမှာ Acer ရဲ့ ဂုဏ်ထူးဆောင် နာယကကြီးလည်း ဖြစ် Acer ကုမ္ပဏီကို တည်ထောင်ခဲ့ သူလည်းဖြစ်တဲ့ Stan Shih  နဲ့အတူ Media Tek ရဲ့ ဈေးကွက်ရှာဖွေရေး ဦးစီးချုပ် Johan Lodenius တို့ ARM ရဲ့ ဈေးကွက်ရှာဖွေရေး ဦးစီးချုပ်တို့ STMicroelectronics ရဲ့ ဒုဥက္ကဋ္ဌတို့က IoT နဲ့ Cloud Computing တို့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းလာမယ့် အကြောင်း အကျယ်တဝင့် ဆွေးနွေးတင်ပြ သွားခဲ့ကြတယ်။ သူတို့ရဲ့ အဆိုအရ IoT နဲ့ cloud တို့ကို အဝန်းအဝိုင်း ကန့်သတ်ဘောင်ကင်းတဲ့ ကွန်ပျူတာစနစ်ကြီးလို့ နားလည်လိုက်ကြ ရတယ်။ နည်းပညာ ကုမ္ပဏီများအနေနဲ့ ရင်းနှီးမြှုပ်နှံနိုင်မယ့် ပမာဏသာ အလေးထား စဉ်းစားစရာရှိနေပြီး ထွန်းကား တိုးတက်မှုအတွက် မေးခွန်းမေးစရာ မရှိလောက်တဲ့အထိ အောင်မြင်နိုင်တယ်လို့ ပြောသွားကြတယ်။

Software-defined  လမ်းကြောင်းက Data Center များဆီကို တဖြည်းဖြည်းချင်း တွားဝင်လာတယ်။ Gartner အနေနဲ့ Software-defined networks နဲ့အတူ Storage တို့ Power တို့ကိစ္စပါ ပါဝင်နေတဲ့အတွက် Software Defined Infrastructure ဟုပင် ညွှန်းဆိုလိုက်တယ်။ ကွန်ရက်တစ်ခုချင်း လုပ်ဆောင်မှုအစား လုပ်ကိုင်ဆောင်ရွက်မှု ပုံစံသစ်တစ်ခုကို ဖန်တီးရင်း စီးလားရိုက်ရင်း ကိုယ်တိုင်အလိုအလျောက် ချိန်ညှိထိန်းချုပ်ဆောင်ရွက် သွားစေပါလိမ့်မယ်။  ဒီအခါမှာ data လမ်းကြောင်းရဲ့ စီးဆင်းမှုရဲ့ စွမ်းဆောင်ရည်တွေပိုပြီး ကောင်းလာမှာ ဖြစ်တယ်။  လောလောဆယ် အဖွဲ့အစည်း ကြီးများအနေနဲ့ Labs လေးများ တည်ထောင်ထားရှိပြီး ဒီနည်းပညာကို အသုံးချနိုင်ရေးအတွက် စမ်းသပ်ဆဲ ကာလဖြစ်နေတယ်။


စနစ်တွေ အဆင့်ဆင့် ပြောင်းလဲလာခဲ့ပြီး နောက်အခုအချိန်မှာ နောက်ဆုံးဆင့်ကဲ ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာတော့မယ်။ ဝိရောဓိဖြစ်စေမယ့် ဖြစ်စဉ်နှစ်ခုလို့ ဆိုနိုင်ပါတယ်။ Integrated System နဲ့ Disaggregated System တို့ ဖြစ်တယ်။ ချိတ်ဆက်လုပ်ကိုင်စေတဲ့ စနစ်နဲ့စုစည်းမှု မရှိစေတဲ့ စနစ်များလို့ အဓိပ္ပာယ်ဖွင့်ဆို နိုင်တယ်။ ကိရိယာတွေ အများအပြား အတူတကွ ပါဝင်စေပြီး Server တို့ Storage တို့ memory တို့ စသလို စုပေါင်းရောင်းချဖို့ ရည်ရွယ်တဲ့ စနစ်တစ်ခု ဖြစ်တယ်။ ဒီအခါမှာဒီ စနစ်ရဲ့ ပြဿနာအဝဝကို ဖြေရှင်းပေးရလိမ့်မယ်။ ရောင်းချသူအနေ နဲ့ defacto standard တစ်ခုကို တာဝန်ယူ လုပ်ကိုင်ရတော့မယ့် သဘောဖြစ်တယ်။

လွန်ခဲ့တဲ့နှစ် အနည်းငယ်လောက်ကစပြီး Software ကုမ္ပဏီကြီးတွေက Hardware ထုတ်လုပ်ဖို့ ကြိုးစားလာကြသလို Hardware ကုမ္ပဏီ ကြီးတွေကလည်း Software ထုတ်လုပ်ဖို့ ကြံဆလာခဲ့ကြတာကို ကြည့်ရှုခြင်းအားဖြင့် ဝိရောဓိ ဖြစ်စေမယ့် စနစ် (၂) ခုကို လေ့လာကြည့်နိုင်ပါတယ်။ သုတေသန အဖွဲ့အစည်းဖြစ်တဲ့ Gartner က အိုင်တီရဲ့ လားရာသစ်များနဲ့ ပတ်သက်ပြီး သုံးသပ်ကြည့်ကာ သမားရိုးကျလမ်းကိုလည်း ပစ်ပယ်လို့မရကြောင်းနဲ့ ဆန်းသစ်တီထွင်မှုဆိုင်ရာ  Exploratory ကိုလည်း ပူးတွဲလုပ်ဆောင်သင့်ကြောင်း အကြံပေး ဖော်ပြထားတာ တွေ့ရတယ်။ ဘယ်လို စနစ်မျိုးတွေကို လမ်းကြောင်းပြုတာဖြစ်ဖြစ် လုပ်ကိုင်ဆောင်ရွက်မယ့် သူတွေရဲ့ကျွမ်းကျင်မှုက အရေးအကြီးဆုံး ဖြစ်ပါတယ်။ စနစ်တစ်ခု အကြောင်းကို အသေးစိတ်သိရှိပြီး အနုစိတ်ကိုင်တွယ် နိုင်မှသာ ပြီးပြည့်စုံတဲ့ အသုံးချမှု၊ ဖြေရှင်းမှုတွေ ရယူနိုင်စေမယ်လို့ Cappuccio က ဖော်ပြသွားတာလည်း ရှိပါတယ်။

Consumer tech trends များ အနေနဲ့ ထူးထူးခြားခြား ဖွံ့ဖွံ့ဖြိုးဖြိုး  ဖြစ်လာနိုင်တာကတော့ wearable ဖြစ်တယ်။ Smartwatches များ၊ Smart glass များ အပါအဝင် wearable device များ အပြိုင်အဆိုင်ထုတ်လုပ်မှုများက နောင် ၅ နှစ်ကာလအတွင်း အကြီးအကျယ်ဆုံး ဈေးကွက်ကြီး ဖြစ်သွားစေပါလိမ့်မယ်။ ပိုပြီးမျှော်လင့် ထားကြတာက အဝတ်အစားများကို digital fashion အမျိုးမျိုးနဲ့ တွေ့မြင်နိုင်ကြသလို ကျန်းမာရေး အထောက်အကူပြု အဝတ်အစားများ၊ ကိရိယာ တန်ဆာပလာများအတွက် စွမ်းအင်ဖြည့်ဆည်း ပေးနိုင်မယ့် အဝတ်အစားများထုတ် လုပ်ကြမှာဖြစ်တယ်။ တစ်ချိန်တည်းမှာ ကိုယ်နဲ့မကွာ သယ်ဆောင် အသုံးပြုလေ့ရှိကြတဲ့ မိုဘိုင်းကိရိယာတွေကလည်း အသုံးပြုသူရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စအဝဝအပြင် နေထိုင်စားသောက်မှု ကိစ္စများကို အထောက်အပံ့ ပေးနိုင်မယ့် အလားအလာရှိစေဖို့ နည်းပညာ လမ်းကြောင်းတွေကလည်း  လက်ရှိအခြေအနေများထက် ထွန်းကားလာစေမှာ ဖြစ်ကြောင်း တစေ့တစောင်း တင်ပြလိုက်ရပါတယ်။

Credit==>internetjournal
Thiha Htike(THT)
thihahtike.it@gmail.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !