Advertise Here !


Viber ၏ ဗားရှင်းအသစ်တွင် ယခင်ဝန်ဆောင်မှု ပေးအပ်ခဲ့သည့် Group Chat တွင် ပါဝင်ခြင်းမရှိသည့် သတင်းအချက်အလက် ဖြန့်ဝေပုံစနစ်သစ်ကို Public Chat အနေဖြင့် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။
“ဆိုရှယ်မီဒီယာတစ်ခုအနေနဲ့ ဘယ်လိုလုပ်မလဲဆိုပြီး စဉ်းစားတဲ့အခါမှာ Public Chat ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်”ဟု Viber မှ ပြောရေးဆိုခွင့်ရှိသူ Ms. Megan Qurik ကပြောသည်။

Public Chat သည် ကိုယ်ပိုင်အမည် တစ်ခုနှင့် စာမျက်နှာတစ်ခု ထူထောင်နိုင်သည့် စနစ်တစ်ခုဖြစ်ပြီး အဆိုပါစာမျက်နှာကို Viber အသုံးပြုသူ မည်သူ မဆို Follow ပြုလုပ်နိုင်သည်ဟု သိရသည်။ Viber အသုံးပြုသူများသည် ကိုယ်တိုင် Follow ပြုလုပ်ထားသည့် Public Chat စာမျက်နှာမှ သတင်း အချက်အလက်များကို အမြဲရရှိနေမည် ဖြစ်သော်လည်း Massage အနေဖြင့်သော်လည်းကောင်း၊ Sticker အနေဖြင့်သော်လည်းကောင်း၊ ပြန်လည်ပေးပို့နိုင်မည် မဟုတ်ကြောင်း Viber က သတင်းထုတ်ပြန်ထားသည်။

“လူမှုစီးပွားကို အကျိုးပြုတဲ့ အကြောင်းအရာတွေ၊ သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုတဲ့အကြောင်း အရာတွေအပြင် အခြားသော အပြုသဘောဆောင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အသုံးပြုသွားမှာပါ။ အွန်လိုင်းမှာ တချို့ကိစ္စရပ်တွေက ပြန်လည်ဖြေရှင်းဖို့ ခက်တဲ့အခါတွေမှာလည်း သုံးနိုင်တယ်။ မကောင်းတဲ့ အနေနဲ့ သုံးတဲ့လူတွေကလည်း ရှိမှာပဲ။ ပိုကောင်းတဲ့ဘက်ကနေ အသုံးပြုသွားဖို့ရှိပါတယ်” ဟု လက်ရှိအချိန်၌ Viber Public Chat ကို အသုံးပြုနေသူတစ်ဦးဖြစ်သည့် မတင်မိုးလွင်ကပြောသည်။

ပြည်တွင်း၌ Viber အသုံးပြုသူ ၅.၅ သန်းရှိပြီး Public Chat စတင်အသုံးပြုသူ ၈ ဦးရှိနေပြီဟု သိရသည်။ စီးပွားရေးလုပ်ငန်းများ၊ အနုပညာရှင်များနှင့် အခြားသော Public Chat ကို စတင် အသုံးပြုလို သူများသည် Publicchat@viber.com သို့ ဆက်သွယ်ဆောင်ရွက်ရပြီးဖြစ်ပြီး နောင်တစ်ချိန်၌ အသုံးပြုသူကိုယ်တိုင် Public Chat ကို Create ပြုလုပ်နိုင်ရန် စီစဉ်ပေးမည်ဟုသိရသည်။ Public Chat တစ်ခု၌ သတင်းအချက်အလက်များ ဖြန့်ချိပေးနိုင်သည့် Participant ကို ၉၉ ဦးအထိ ခန့်အပ်ထားနိုင်သည့်အပြင် Follower များနှင့် Participant များသည် အခြားသော Viber အသုံးပြုသူများကိုလည်း Public Chat အတွင်းသို့ ဖိတ်ခေါ်မှုများ ပြုလုပ်နိုင်မည်ဟု သိရသည်။

Viber ၏ ကြေညာချက်အရ Follower တစ်ဦးသည် Follow ပြုလုပ်ထားခြင်းမှာ ရပ်တန့်နိုင်မည် မဟုတ်ကြောင်း၊ ညစ်ညမ်းသော Public Chat များကို Report ပြုလုပ်နိုင်မည် ဖြစ်သော်လည်း Public Chat ကို လက်ရှိအချိန်၌ Viber Desktop တွင် အသုံးပြုနိုင်မည်မဟုတ်ကြောင်း သိရသည်။ ထို့အပြင် Viber ၏ Public Chat ၌ Follower များနှင့် Create ပြုလုပ်ထားသူများ၏ မိုဘိုင်းဖုန်းနံပါတ်နှင့် အခြားသော သတင်းအချက်အလက်များကို မည်သူတစ်ဦးတစ်ယောက်မျှ ကြည့်ရှုနိုင်မည်မဟုတ်ကြောင်း သိရသည်။

Internet Journal


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !