Advertise Here !

ဒီလို Free Host တွေကို အပတ်စဉ်တိုင်း တစ်ခုတစ်ခုစီတင်ပေးသွားပါမယ်... ခုပြောပြမယ့် Host နာမည်က pCloud ဖြစ်ပါတယ်..


ဒီ Host မှာ Register စလုပ်လုပ်ချင်း 10 Gb Free စပြီးရမှာဖြစ်ပါတယ်.. Free ဆိုပေမယ့် Storage Space ကန့်သတ်ထားတာကလွဲလို့ Upload File Size ကန့်သတ်ထားတာ မရှိပါဘူး. ဖိုင်စနစ်အမျိုးမျိုးကို လက်ခံပါတယ်.. Crack, Keygen တွေ တင်လို့ရပါတယ်.. File ကို မဖျက်ပါဘူး.. Download Limit မရှိပါဘူး.. ပြီးတော့ 20 Gb ထိ Free ရအောင် တိုးချဲ့နိုင်ပါတယ်.. ဖိုင်တင်ဖို့အတွက် Computer ကပဲတင်မလား၊ Online မှာရှိတဲ့ ဖိုင်ကို ကိုယ့် PCloud ဆီကို လွှဲယူမလား ( တစ်နည်းအားဖြင့် Remote Upload တင်မလား.) ခွင့်ပြုပါတယ်.. ဖိုင်ဆိုဒ်ကြီးပြီး Download လုပ်ရခက်တဲ့ ဆိုဒ်တွေဆီကနေ ကိုယ့် PCloud ဆီကို Remote Upload နဲ့ လွှဲယူပြီး Download လုပ်ရင် ပိုမြန်တာပေါ့ဗျာ.. အောက်ကလင့်ကို သွားလိုက်ပါ...
Register လုပ်တာကလွယ်ပါတယ်.. ကျွန်တော်ပေးထားတဲ့လင့်ကနေ အလွယ်တကူသွားပြီး အပေါ်ဆုံးမှာ Email, ဒုတိယနဲ့တတိယအကွက်တွေမှာ Password ကိုဖြည့်၊ I Accept ဘေးမှာ အမှန်ခြစ်လိုက်ပြီး REGISTER YOUR NEW ACCOUNT ကိုနှိပ်လိုက်ပါ.. 

ချက်ချင်းပဲ PCloud Account ထဲကို ရောက်သွားပါမယ်.. ညာဘက်အပေါ်တန်းက ကိုယ့် Email ရဲ့ ကပ်လျက်မှာ မှာ Verify Now ဆိုပြီး အနီရောင်စာသားလေးပေါ်နေပါတယ်.. Verify လုပ်တာကလည်းလွယ်ပါတယ်.. ခု Register လုပ်လိုက်တဲ့ Email ကိုဖွင့်ပါ. Email ထဲမှာ pCloud Notifications ဆိုတဲ့ ခေါင်းစဉ်နဲ့ အီးမေးတစ်စောင်ရောက်နေပါလိမ့်မယ်.. အဲဒါကိုဖွင့်ပြီး Your pCloud account should be verified in order to use all the features
we provide. Please, click the following link to verify your e-mail
: ဆိုတဲ့စာသားအောက်က လင့်ကို နှိပ်လိုက်ပါ..


Tab တစ်ခုခွဲထွက်လာပြီး Verify ဖြစ်ကြောင်းပြပါလိမ့်မယ်.. ကိုယ့်ရဲ့ pCloud အကောင့်ထဲမှာ Verify Now လည်း မရှိတော့ပါဘူး..

ဖိုင်တင်နည်း
ဖိုင်တင်နည်း (၂)မျိုးရှိပါတယ်..
ပထမတစ်မျိုးက ကိုယ့်ရဲ့ ကွန်ပျူတာကနေ ဖိုင်တင်နည်းပါ.. pCloud အကောင့်ရဲ့ ညာဘက်အပေါ်နားလေးမှာ UPLOAD ဆိုပြီး အစိမ်းရောင် Button လေးရှိပါတယ်.. အဲဒါကိုနှိပ်လိုက်ပါ.. ဘောက်တစ်ခုထွက်လာပါမယ်.. Tab လေး (၃)ခုရှိပါတယ်.. ဘယ်ဘက်အစွန်ဆုံးမှာ File Upload ရှိပါတယ်.. အဲဒါက ကွန်ပျူတာကတင်ဖို့အတွက်ပါ.. Browse ကိုနှိပ်ပြီးကိုယ့်ဖိုင်ကိုရွေးကာ Upload လုပ်နိုင်ပါပြီ..

နောက်တစ်နည်းက Remote Upload ဖြစ်ပါတယ်.. ဒုတိယ Tab ဖြစ်တဲ့ Remote Download ဆိုတာကိုနှိပ်ပါ.. အောက်ကအကွက်ဟာ ကိုတင်မယ့်ဖိုင်ရဲ့ direct Download Link ဖြစ်ရပါမယ်.. Direct Download Link ကိုအလွယ်တကူရယူတဲ့နည်းကတော့ ကိုယ်တင်ချင်တဲ့ဖိုင်ကို အရင် ဒေါင်းလိုက်ပါ.. IDM နဲ့ဒေါင်းရင် ပိုအဆင်ပြေပါတယ်.. ဒေါင်းဖို့အတွက် Box တစ်ခုကျလာတဲ့အခါ အပေါ်ဆုံးက URL ကို Copy ယူလိုက်ပါ.. အဲဒီ လင့်ကိုပဲ ခုနက Remote Upload ဆိုတဲ့ Tab ထဲက အကွက်ထဲမှာထည့်ပြီး Upload ကိုနှိပ်လိုက်ပါ... Upload လုပ်နေတာကို မြင်ရပါမယ်... ပြီးသွားရင်တော့ Clear Finished ကိုနှိပ်ပြီး ညာဘက်အပေါ်နားလေးက အနှုတ်လက္ခဏာလေးကိုနှိပ်လိုက်.. Uploader လေးက Minimize ဖြစ်သွားပြီး အကောင့်ထဲမှာ ကိုယ်တင်ခဲ့တင့် ဖိုင်ကို မြင်ရပါမယ်..

Download Link ယူနည်း
ကို Download Link ယူမယ့်ဖိုင်ရဲ့ ညာဘက်မှာ လင့်ပုံလေးရှိတယ်. အဲဒါကို နှိပ်လိုက်ပါ..


 ဘောက်တစ်ခုထွက်လာပါမယ်..

Link ဆိုတဲ့အကွက်ထဲက လင့်ကို Download Link အဖြစ် ပေးနိုင်ပါတယ်.. ဒါပေမယ့် ရှည်တယ်.. တိုအောင် Short Link ဆိုတာရဲ့ဘေးက Generate ဆိုတဲ့ အစိမ်းရောင် Button လေးကိုနှိပ်လိုက်ပါ.. Generate Button က အနီရောင် Remove Button အဖြစ် ပြောင်းသွားပြီး သူ့ရဲ့ဘေးက Download Link တိုတိုလေးကို ဘလော့မှာပဲဖြစ်ဖြစ်၊ တိုက်ရိုက်ပဲဖြစ်ဖြစ် ပေးနိုင်ပါပြီ....




အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

2 comments:

  1. အစ်ကိုပေါက်တို့တင် သလို download ဆိုပြီးလုပ်လို့မရဘူးလား။ shotr link ကလည်း copy လုပ်ပြီး အခြားtab တစ်ခုမှာ
    paste လုပ်ပြီးဒေါင်းမှ ရတာဗျ။အဲဒါအစ်ကိုပေါက်တို့လို download ဆိုတဲ့ bottom လေးပဲပေါအောင်ဘယ်လိုလုပ်ရမလဲဆို
    တာသင်ပေးပါဦး။ ခြေရာတိုင်းတယ်လို့တော့မထင်စေချင်ဘူးခင်ဗျ။ကျေးဇူးပါပဲ

    ReplyDelete
  2. အစ်ကိုရေ အစ်ကိုပြောသလို လိုက်လုပ်တာ အားလုံးok တယ်
    ဒါမဲ့  ဒေါင်းလော့  လင့် ပေးတဲ့ နေရာကြမှ ရွာလယ်နေတယ်
    short link ဘေးနားက လင့် တိုတိုလေးကို copyy ယူပြီတော့  ဘလော့ ထည့် တော့  ချမရဘူးဖြစ်နေတာ
    အဲဒါ ဘာများမှားနေလည်း ဘာလိုနေသေးလည်းဆိုတာ ကူညီပြီးရှင်းပြစေလို့ ပါတယ် ကျေးဇူးအထူးတင်ပါတယ်

    ReplyDelete

Please click on advertisement !