Advertise Here !

ကျွန်တော်တို့ အင်တာနက်သုံးကြတဲ့အခါ website, blog တွေမှာ Layer click ads လို့ခေါ်တဲ့ ကလစ်နှိပ်မိတိုင်း New Tab တက်လာပြီး ကြော်ငြာတွေ ပေါ်လာခြင်း၊ Page ပေါ်မှာ Layer Ads တွေကို ရှုပ်ယှက်ခတ်မြင်နေရခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြရပါတယ်.. ခုနောက်ပိုင်း မြန်မာ blog, website တွေမှာလည်း အဲဒီလို Ads တွေကို တွေ့လာရပြီး ကျွန်တော့်ဘလော့မှာတောင် ရှိလာနေပါပြီ.. ကျွန်တော်ကိုယ်တိုင် စိတ်အနှောင့်အယှက်ဖြစ်ရသလို မိတ်ဆွေများ စိတ်အနှောင့်အယှက်ဖြစ်ရမယ်ဆိုတာလည်း သိပါတယ်.. Layer Ads မထည့်နဲ့လို့ ပြောလို့လည်း ရမှာမဟုတ်ဘူးလေ.. ဒီတော့ အဲဒါတွေ မပေါ်အောင် ဘယ်လိုလုပ်မလဲဆိုတာကိုပဲ ပြောပြတော့မယ်..
ဒီတော့ အသုံးအများဆုံး Web Browser ၂ ခုဖြစ်တဲ့ Mozilla FireFox နဲ့ Google Chrome တွေမှာလုပ်နည်းပါ..
Mozilla Firefox Browser
1. Mozilla Firefox Browser ကိုဖွင့်ပါ.. အပေါ်က Tools>Add-ons ကိုနှိပ်ပါ.. (သို့မဟုတ် ) ကီးဘုတ်ပေါ်က Control + Shift + A ကိုတွဲနှိပ်လိုက်ပါ..
2.Add-ons Manager ပေါ်လာပါမယ်.. ညာဘက်အပေါ်ထောင့်နားက Search Box မှာ AdBlock လို့ရိုက်ပြီးရှာလိုက်ပါ..
3. ပေါ်လာတဲ့ AdBlocker Add-ons တွေထဲက တစ်ခုကို Install လုပ်လိုက်ပါ.. Install ပြီးသွားရင် Browser ရဲ့ ညာဘက်အပေါ်နားလေးမှာ ခုထည့်လိုက်တဲ့ Add-on ရဲ့ icon ပုံကိုမြင်နေရပါမယ်.. ကျွန်တော်ကတော့ adblock Plus ကိုထည့်ထားပါတယ်..


Google Chrome Browser
1. Chrome Browser ကိုဖွင့်ပါ.. ညာဘက်အပေါ်နားလေးက မျဉ်းတိုလေး ၃ ချောင်းကိုနှိပ်ပြီး Setting ကိုဝင်ပါ.. ပြီးရင် ဘယ်ဘက်က Extensions ကိုနှိပ်ပါ..
2. ညာဘက်အကွက်ထဲက အောက်နားမှာ Get more extensions  ကိုနှိပ်လိုက်ပါ.. ပြီးရင် ဘယ်ဘက်အပေါ်နားလေးက Search Box ထဲမှာ AdBlock ကိုရိုက်ပြီး ရှာပါ.. ညာဘက်မှာ AdBlocker Add-ons တွေမြင်ရပါမယ်.. ကြိုက်တဲ့တစ်ခု ( Free ထဲက ယူပါ ) ကိုနှိပ်လိုက်ပါ. Install လုပ်မှာလားလို့ မေးတဲ့ Box တစ်ခု တက်လာပါမယ်.. Add ကိုနှိပ်ပေးလိုက်ပါ.. ဒါဆို AdBlocker ထည့်ပြီးသွားပါပြီ...



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org





Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !