Advertise Here !


အရင်တစ်ခါက Window ဖွင့်/ပိတ် အသံကိုကြိုက်တဲ့အသံထည့်တဲ့
နည်းလေးကိုတင်ပေးခဲ့ဖူးပါတယ်.. အဲဒီတုန်းကတော့ဆော့ဖ်ဝဲကို
အသုံးပြုပြီးပြုလုပ်နည်းလေးပါ .. ဒီတစ်ခါမိတ်ဆွေများအတွက်
ဘာဆော့ဖ်ဝဲမှမသုံးပဲ Window XP ရဲ့ အဖွင့် / အပိတ် အသံတွေကို
မိမိ ကြိုက်တဲ့အသံ (ဒါမှမဟုတ်) သီချင်းသံလေးတွေထည့်တဲ့နည်း
လေးကိုဖော်ပြပေးသွားပါမယ်ဗျာ.. ကျွန်တော်လဲ Window XP မှာပဲ
လုပ်တဲ့နည်းလေးကိုတွေ့ထားလို့ပါ.. Window 7 နဲ့ Window 8
မှာတော့ မကလိရသေးလို့မသိသေးပါဘူးနော်.. ဒီနည်းလေးအတိုင်း
မလုပ်ခင်သတိပေးစရာလေးတော့ရှိတယ်နော်. အဲဒါကတော့ မိမိပြုလုပ်
မယ့် အသံ (ဒါမှမဟုတ်) သီချင်း တွေကို Wave ဖိုင်အမျိုးအစားဖြစ်အောင်
့အရင် Format ပြောင်းထားရပါမယ်. ကျန်တဲ့ ဘာ ဖိုင်အမျိုးအစားမှမရပါ
ဘူး.. Wave ဖိုင်ပဲရတာပါ.. Wave ဖိုင်သာပြောင်းထားကြပါဗျာ.. Wave
ဖိုင်ပြောင်းနည်းကိုတော့မပြောပြတော့ဘူးနော်.. ကဲ..စလိုက်ကြရအောင်ဗျာ ..

၁။    အရင်ဆုံး မိမိကွန်ပျူတာရဲ့ window start ဘားကို click ပြီး
Control Panel ကိုအရင် Click လိုက်ပါ.. ပုံ (၁)အတိုင်းပါ။

ပုံ (၁)

၂။    အဲဒီအခါကျရင် Control Panel Box ကျလာပါလိမ့်မယ်... အဲဒီ
Box ထဲမှာ Sound and Audio Device ဆိုတာကိုရှာပြီး double click လိုက်ပါ။
ပုံ (၂) နှင့် (၃) အတိုင်းပါ။
ပုံ (၂) နှင့် (၃)

၃။    အဲဒီအခါ Sound and Audio Device Properties ဆိုတဲ့ Box
ကျလာပါလိမ့်မယ်. ပုံ (၄)အတိုင်းပါ။

ပုံ (၄)

၎။    အဲဒီ Sound and Audio Device Properties Box မှ Sound ဆိုတဲ့
Tab ကို Click လိုက်ပါ။ ပုံ (၅)အတိုင်းပါ။

ပုံ (၅)

၅။    Sound Tab ရဲ့အောက်မှာ Program events ဆိုတဲ့ လေးထောင့်
ကွက်ကြီးထဲက Start Windows ဆိုတာကိုရှာပြီး select ပေးလိုက်ပါ။ အဲဒီလို
Select ပေးပြီးရင်သူ့ရဲ့အောက်မှ Browse ဆိုတဲ့လေးထောင့်ကွက်လေးကိုတွေ့
မှာပါနော်. အဲဒီ Button လေးကို Click လိုက်ပါ။ ပုံ (၆)အတိုင်းပါ။ 
 
ပုံ (၆)

အဲဒီအခါ Open Box တစ်ခု ကျလာပါလိမ့်မယ်.. အဲဒီ Box ထဲမှာ မိမိအရင်ဦးဆုံး
ပြောင်းထားတဲ့ မိမိပြောင်းလိုတဲ့ အသံဖိုင် (ဒါမှမဟုတ်) သီချင်းဖိုင် ရှိရာကို
သွားလိုက်ပါ.. ပြီးရင် Openကို Click ပြီး စက်ကို Restart ချလိုက်ပါ.. window
စပွင့်ရင်လန်းသွားပါပီ..
အဲ.. Window Shut down သံကိုတော့ကိုယ့်ဖာသာကိုပြောင်းနိုင်မယ်ထင်ပါ
တယ်. ပုံ (၆) ထဲက Start Windows ဆိုတဲ့နေရာမှာ Window Shut down
ဆိုတာကိုလိုက်ရှာပြီး အဲဒီနည်းအတိုင်းသာလုပ်လိုက်ပါ.. အဆင်ပြေပါလိမ့်မယ်..
အထက်ကနည်းကတော့ Window XP အတွက်ပါနော်.. Window 7 / 8 တွေ
အတွက်တော့ကျွန်တော် မကလိရသေးလို့ပါ.. window 7 မှာတော့ ကျွန်တော်
Window ပိတ်တဲ့အသံကိုတော့တွေ့ထားပါတယ်..အဲဒါတော့ပြောင်းလို့ရပါတယ်..
ကျန်တာတော့ကျွန်တော်ထပ်ပီး ကလိလိုက်ဦးမယ်နော်.. ပီးရင်တင်ပေးလိုက်ပါမယ်ဗျာ..
သိတဲ့သူရှိရင်လဲ Comment မှာစာလေးရေးပြီးချန်ခဲ့ပါဗျာ. ကျွန်တော် ပို့စ်
အဖြစ်ပြန်ပြီး Share ပေးပါမယ်နော်..
ကဲ..အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ.

www.mmitsky.com


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

2 comments:

  1. အစ်ကိုရေကျေးဇူးအများကြီးတင်ပါတယ်ဗျာ

    ReplyDelete
  2. ဆရာပေါက်ရေ viber block တဲ့နည်းလေးဘာလေးမရှိဘူးလာ ရှိရင်တင်ပေးပါလား ဆရာပေါက်ရေ

    ReplyDelete

Please click on advertisement !