Advertise Here !


သန့်ဇင်  : ကိုပေါက်ခင်ဗျာ. ကျွန်တော် Windows 7 တင်လိုက်တာ Data အတွက် Partition မပိုင်းခဲ့ရဘူး။ အဲဒါ Windows တင်ထားတဲ့ထဲက Data အတွက် Partition ပိုင်းလို့ရရင် ပြောပါအုံး။ ဆော့ဝဲရှိရင်လည်း အသုံးပြုနည်းနဲ့တကွ တင်ပေးပါအုံးခင်မျာ။
----
ဒီပြဿနာကို မေးတဲ့သူ တော်တော်များပါတယ်.. တစ်ချို့က Windows တင်ကတည်းက Partition ပိုင်းချင်တာ. တင်ရင်း မပိုင်းတတ်လို့။ တစ်ချို့က မေ့ပြီး Windows တင်လိုက်တယ်.. အထဲရောက်မှ 500 Gb ရှိတဲ့ HDD တစ်ခုကို Partition တစ်ခုတည်း. အဲဒီ Partition ကလည်း Windows တင်ထားတော့ မတို့ရဲ၊ မထိရဲ..

တကယ်ဆိုရင် Windows တင်စဉ်က Windows ကို Install လုပ်မယ့် Partition ကိုရွေးခိုင်းစဉ်က Advanced ကိုနှိပ်လိုက်ရင် Partition ခွဲတာ၊ ဖျက်တာ၊ Format ချတာအတွက် ပါပြီးသားပါ.. ရှိစေတော့ ခု Windows က တင်ပြီးသွားပြီ.. အဲဒီ Windows Partition ထဲက ဖဲ့ထုတ်ပြီး Partition အသစ် လုပ်လိုက်ချင်တာ. ရပါတယ်.. Windows ကိုလည်း မထိခိုက်စေပါဘူး..
ကဲ. စရအောင်..

1. Disk Management ကို အရင် ဝင်ရပါမယ်.. ဝင်ရမယ့်နည်းလမ်း (၂)မျိုးရှိပါတယ်..
  • ပထမတစ်မျိုးက My Computer ကို Right Click ထောက်၊ Manage ကိုနှိပ်၊ ပေါ်လာတဲ့ဘောက်မှာ ဘယ်ဘက်က Disk Management ကိုနှိပ်..
  • ဒုတိယ တစ်မျိုးက Start ခလုတ်တစ်ချက်နှိပ်ပြီး diskmgmt.msc လို့ရိုက်ပြီး Enter ခေါက်လိုက်.
ဒါဆို Disk Management ကိုရောက်ပါပြီ..

2. အဲဒီမှာ လေးထောင့်ကွက်နဲ့ Partition တွေကို ပြပေးထားပါတယ်.. အဲဒီထဲက ကိုယ်ဖဲ့ထုတ်ချင်တဲ့ Partition ကို Right Click ထောက်ပြီး Shrink Volume ကိုနှိပ်ပါ.


3. ပေါ်လာတဲ့အကွက်ထဲမှာ ဒုတိယ ကွက်ထဲက ဂဏန်းတွေဟာ ကိုယ်ပိုင်းယူနိုင်တဲ့ MB အရေအတွက်ပဲဖြစ်ပါတယ်.. ကိုယ်ပိုင်းယူမယ့် ပမာဏကို MB နဲ့ ရိုက်ထည့်ရမှာဖြစ်ပါတယ်.. 1Gb = 1024 MB ဖြစ်တဲ့အတွက် 100 Gb ဖဲ့ယူမယ်ဆိုရင် 102400 လို့ ရိုက်ထည့်ရမှာဖြစ်ပါတယ်..

 

ရိုက်ထည့်ပြီးရင်တော့ Shrink ကိုနှိပ်လိုက်ပါ.. ဒါဆိုရင်တော့ Volume အသစ်တစ်ခု တိုးလာတာကို မြင်ရမှာဖြစ်ပါတယ်.. ဒါဟာ ကိုယ် ခွဲထုတ်လိုက်တဲ့ Partition အသစ်တစ်ခုပေါ့ဗျာ.. အဲဒီပေါ်မှာ ညာကလစ်ထောက်ပြီး Format ချကာ သုံးနိုင်ပြီးဖြစ်ပါတယ်..




အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !