Advertise Here !


ကာရာအိုကေစာတန်းထိုးနည်းကို တော်တော်များများပြုလုပ်ဖို့စိတ်ဝင်စားကြတယ်။ အခုခေတ်အနေအထားနဲ့ဆို အသက်မွေး ၀မ်းကြောင်းအားဖြင့်အသုံးတည့်တယ်လို့လည်း ဆိုရမယ်။ အရင်က adobe aftereffect နဲ့ ကာရာအိုကေစာတန်းထိုးနည်း ပို့စ်တင်ခဲ့ပြီးသားဖြစ်ပါသည်။ သို့သော်အတော်လက်ဝင်ပါတယ်။ အချိန်လည်းတော်တော်ပေးရတယ်။ ဆိုတော့ အခုတင်ပြ မယ့် Sony Vega Pro 12 နဲ့ကရာအိုကစာတန်းထိုးနည်းသည် ပိုပြီးတော့အဆင်ပြေပါလိ့မ်မည်။ အချိန်လည်းသိပ်မကုန်
လူလည်းသိပ်မပန်းလောက်တော့ဘူး။ ကျနော်အတတ်နိုင်ဆုံး ပုံ screen shot နဲ့တွဲပြီးရေးပြထားပါတယ်။
ဒါကလဲ မိမိမှာedit အပိုင်းအခြေခံလေးတွေရှိထားတယ်ဆိုပိုပြီး အဆင်နိုင်တယ်။ edit  အပိုင်းအခြေခံမရှိထားဘူးဆိုလျှင် နည်းနည်းတော့ခက်ခဲမှာအမှန်ပင်။ သို့သော် လိုချင်မှု အားထုတ်မှုသည်သာပဓာနဖြစ်ပါသည်။ ထပ်ခါတလဲကြိုးစားကြည့် မည်ဆိုလျှင် ကရာအိုကေစာတန်းထိုးနည်းကို ဒီ Sony Vega Pro 12 နဲ့မခက်ခဲကြောင်းကို သဘောပေါက်လာပါလိမ့်
မည်။

Sony Vegas Pro 12 နဲ့ ကရာအိုကေစာတန်းထိုးနည်း

၁။ ထုံးစံအတိုင်း Sony Vega Pro 12 ကိုဖွင့်လိုက်ပါ။ (အင်စတောထည့်သွင်းနည်းတွေကို ကျနော့်ဆိုက်မှာတင်ထားပြီး သားဖြစ်သည်။) ဖွင့်ပြီလျှင် အောက်ပါအတိုင်း Main Screen မြင်ရမှာဖြစ်ပါသည်။


၂။ Menu က File ကိုနှိပ်ပြီး Properties ဆက်ကိုနှိပ်ပါ။ အောက်က ပုံအတိုင်း Template အကွက်တွင် မိမိစိတ်ကြိုက်ဗွီဒီယိုTemplateကိုရွေးချယ်ပါ။ ကျနော်ကတော့ NTSC DV ကိုပဲရွေးလိုက်တယ်။ ကျန်တဲ့အကွက်တွေကို ခဏထားပြီး OK ကိုသာနှိပ်လိုက်ပါ။
၃။ Menu က View ကိုနှိပ်ပြီး Project Media ကိုနှိပ်ယူထားလိုက်ပါ။ (Main Screen ပေါ်က Project Media ကိုနှိပ်ယူထားလည်းအတူတူပင်)
၎။ Menu က File ကိုနှိပ်ပြီး import > Media နှိပ်ပါ ။ ထိုက်နောက် မိမိတည်းဖြတ်မည့်ဗွီဒီယိုဖိုင်၊ သီချင်းတွေကိုရွေးချယ်ပြီး Open ကိုနှိပ်ပါ။
 

၅။ Project Media တွင်ရောက်ရှိနေသောဗွီဒီယိုဖိုင်များအနက် မိမိတည်းဖြတ်မည့် ဗွီဒီိယိုဖိုင်ကို မောက်စ်နဲ့ဖိပြီး TmieLine သို့ Draft ဆွဲထည့်လိုက်ပါ။


၆။ TmieLine မှာရှိတဲ့ဗွီဒီယိုဖိုင်ကို ဗွီဒီယိုနဲ့ အသံနှစ်လိုင်းတွေ့ရမှာဖြစ်ပါသည်။ Audio မှာ Stereo ရွေးချယ်ထားရင် အသံက နှစ်လိုင်းတွေ့ရမယ်။ Audio မှာ Single 1 လို့ရွေးထားရင် အသံတစ်လိုင်းပဲတွေ့ရမယ်။ အဲဒါတော့သတိထား နိုင်ဖို့ပါ။ အဲဒီဗွီဒီယိုနဲ့အသံဖိုင်ကို ခွဲထုတ်စေချင်လျှင် ၎င်းအသံဖိုင်နှစ်ခုစလုံးကို select ပေးပါ။ ပြီးတော့ အသံဖိုင်တည့်တည့်ကို Right Click ထောက်ပြီး Group > Clear {Ctrl + U} ကိုနှိပ်။ ထိုနောက် ကီးဘုတ်ပေါ်က Delete ကိုနှိပ် လိုက်ရင် အသံဖိုင်နှစ်ခုစလုံးပျက်သွားပါလိမ့်မယ်။
၇။ ဒီအဆင့်မှာ မိမိကရာအိုကေတည်းဖြတ်မည့် သီချင်းအသံဖိုင်ကို ခုဏကဖျက်လိုက်တဲ့အသံဖိုင်နေရာမှာစွဲထည့်လိုက်ပါ။ မလိုအပ်တဲ့ အသံဖိုင်အပိုင်းတွေကို ဖြတ်ချင်တယ်ဆိုလျှင် ဖြတ်ထုတ်ချင်တဲ့အပိုင်းတွေကိုရွေးပါ။ ပြီးတော့ ကီးဘုတ်ပေါ်က S ကိုနှိပ် ထိုနောက် ကီးဘုတ်ပေါ်က Delete ကိုနှိပ်လိုက်ရင် မိမိဖျက်ချင်တဲ့ဖိုင်တွေပျက်သွားပါလိ့မ့်မယ်။
၈။ ကရာအိုကေစာတန်းတည်းဖြတ်ဖို့အတွက် လက်ရှိဗွီဒီယို track မှာ Right Click ထောက်ပြီး Insert Video Track ကို နှိပ်ပါ။ ( Video Track နှစ်ခုထပ်ယူပါ )
၉။ ထိုနောက် စာသားများရယူဖို့အတွက် Menu က View > Media Generators ကိုနှိပ်။

၁၀။ အောက်ပါပုံအတိုင်း Media Generators ဘောက်စ်ပေါ်လာမည်။ ထိုတွင် Title & Text ကိုရွေးပြီး Simple Text(Default) ကိုမောက်စ်နဲ့ဖိ ဒရက်ဖ်တ်စွဲပြီး ခုဏအသစ်ယူထားတဲ့ Video Track နှစ်ခုတည်းက အောက်ကအကွက်တွင် စွဲထည့်လိုက်ပါ။ ၎င်းစာသားကိုလည်း မိမိတည်းဖြတ်မည့်သီချင်းစာသားနဲ့ချိန်းပြီးရိုက်ထည့်ပါ။ ဖေါင့်အရွယ်အစားကိုလည်း၂၅ လောက်ထားပါ။ ဒီနေရာမှာ ကျနော်ကတော့ "ဟှေဝ် ထံင်လ်ုအ်ုယါင် ၀ဲါကျဝ်အေ" ဆိုတဲ့သီချင်းနဲ့ စာသားကိုနမူနာအ
ဖြစ်တင်ပြသွားမယ်။
၁၁။ ဒီအဆင့်မှာ စာသားတွေကိုစတင်တည်းဖြတ်နိုင်ဖို့အတွက် Timeline အောက်က Play Bottom ကို ကလစ်နှိပ်ပြီး သီချင်းကိုနားထောင်ကြည့်ပါ။ "ဟှေဝ် ထံင်လ်ုအ်ုယါင် ၀ဲါကျဝ်အေ" ဆိုတဲ့ သီချင်းကိုကြားရမှာဖြစ်ပါတယ်။ ၎င်းသီချင်းနဲ့ စားသားတို့ကို နားထောင်ပြီး "ဟှေဝ်" ဆိုတဲ့အစကကိုကြားတာနဲ့ သီချင်းကိုရပ်ပြီး Time Indicator အတိုင်ကလေးကို ၎င်း"ဟှေဝ်"တည့်တည့်မှာထားပါ။ အပေါ်ကရိုက်ထားတဲ့စာသားဖိုင်ကို မောက်စ်နဲ့ဖိစွဲပြီး "ဟှေဝ်" သီချင်းအစတည့်တည့်မှာ ထားပါ။ ပြီးတော့ပြန်ပြီး Play လုပ်ပါ။ " အေ" ကိုကြားတာနဲ့ သီချင်းကိုရပ်ထားပါ။ ခုဏကစာသားဖိုင်ကို ရှည်လျှင်" အေ" အထိမောက်စ်နဲ့ပြန်စွဲယူပါ။ စာဖိုင်တိုလျှင်လည်း " အေ"အထိပြန်စွဲဆန့်ပါ။ (အာက်ကပုံမှာပါတဲ့ Time Indicator အတိုင်
ကလေးကိုဂရုတစိုက် လုပ်ဆောင်ရမည်ဖြစ်သည်။ )
၁၂။ အထက်ပါစာသားဖိုင်ကို စိတ်ကြိုက်ပြင်ဆင်ပြီးလျှင် ၎င်းကိုကော်ပီပွားယူဖို့ စာသားဖိုင်တည့်တည့်ကို Right Click Copy ပြီးလျှင် Time Indicator ကို ၎င်းစာသားဖိုင်အစတည့်တည့်မှာထားပြီး အပေါ် Video Track မှာ Right Click Paste ကိုနှိပ်ပါ။ အောက်ပါပုံများအတိုင်းအဆင့်ဆင့်ကြည့်ပြီးလိုက်လုပ်ပါ။
၁၃။ ဒီအဆင့်မှာ စာသားဖိုင်နှစ်ခုရှိတဲ့အနက် အပေါ်ထရက်က စာသားဖိုင်ကို ကာလာအရောင် ထားရမှာဖြစ်ပါတယ်။   ဆိုတော့ စာသားဖိုင်မှာပါတဲ့ generated media ဆိုတာကိုနှိပ်ပြီး Colour အကွက်တွင် အနီရောင် သို့မဟုတ် စိတ်ကြိုက်အရောင်ကိုရွေးပါ။

၁၄။ ဒီအဆင့်မှာ အရောင်ချယ်ထားတဲ့စာသားဖိုင်ကို အရောင်ပြေးအောင်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ Timeline တွင် ခုဏက အရောင်ချယ်ထားသောစာဖိုင်ထဲမှာ Event FX ကိုနှိပ်ပြီး ထိုနောက်ပေါ်လာသော ဘောက်စ်တွင် Sony Cookie Cutter ကိုနှိပ်ပြီး OK ပေးပါ။
၁၅။ Timeline က Time Indicator ကို စာသားဖိုင်ရဲ့အဆုံးနားလေးမှာထားပါ။ ထိုနောက် Sony Cookie Cutter ဘောက်စ် ပေါ်လာတဲ့အခါshape အကွက်တွင် square ကိုရွေးပြီး အောက်က Size  ၏အဆုံး အကွက်ကလေးကို တစ်ချက်နှိပ်ပါ။
၁၆။ တစ်ဆက်တည်းမှာပဲ Sony Cookie Cutter ဘောက်စ်၏ ညာဖက် scroll bar ကို အောက်ဖက်နည်းနည်းစွဲချပြီး Size ကိုတွေ့လျှင် ၎င်း၏အတုံးကလေးကို မောက်စ်နဲ့ Time Indicator ဖက်သို့စွဲတင်ပါ။ နောက်ပြီး Display screen စာသားကိုသတိထားကြည့်ပြီး အရောင်ကို မိမိလိုချင်တဲ့စသား   ရောက်သည့်အထိ ဆွဲတင်ပါ။ သီချင်းကိုပြန်နားထောင်ကြည့်ပါ။  အရောင်ကရှေ့ပြေးပြီး သီချင်းကနောက်ကျနေလျှင် ၎င်းသီချင်းတည့်တည့်မှာ Time Indicator ကိုရပ်ထားပြီး ခုဏ  Size ကအတုံးကို အနောက်ဖက်ပြန်စွဲပါ။ အလားတူ သီချင်းကအရင်သွားပြီး အရောင်ပြေးတာနောက်ကျနေလျှင် အရင်  သွားတဲ့သီချင်းတည့်တည့်မှာ Time Indicator ကိုရပ်ပြီး Size ကအတုံးကလေးကို Time Indicator ရပ်ထားတဲ့နေရာ အထိစွဲတင်ပါ။ ဒါဆိုအရောင်ပြေးတာ သီချင်းနဲ့ကိုက်ညီသွားပါလိမ့်မည်။
၁၇။ အားလုံးပြီးလျှင် Render လုပ်ဖို့အတွက်နည်းနည်းပြင်ရအုန်းမယ်။ အောက်ပါပုံအတိုင်း Project Video Properties ကိုနှိပ်ပါ။ ဘောက်စ်ပေါ်လာလျှင် Template အကွက်တွင် NTSC DV ကိုရွေးပါ။ Field Folder အကွက်တွင် None Progressive scan ကိုရွေးပါ။ Full Resolution Rendering အကွက်တွင် Best ကိုရွေးပြီး OK
 
၁၈။ ပြီးတော့ Timeline တွင်လည်း Loop Reign ကို မိမိ ပရောဂျက်ဖိုင်ရဲ့ အစ၊ အဆုံးပေးထားပါ။
  ၁၉။ ဒါတော့ ဗွီဒီယိုဖိုင်ဖြစ်လာဖို့ နောက်ဆုံး Render လုပ်ရမည့်အဆင့်ပါ။ File> Render As ကိုနှိပ်ပါ။ 
၂၀ ။ Render As ပေါ်လာလျှင် Name ကို နာမည်ပေးပါ။ Output Format တွင် မိမိစိတ်ကြိုက်ရွေးပါ။ ကျနော်အနေနဲ့ NTSC DV ကိုရွေးပါတယ်။ ထိုနောက် Customize Template ကိုရွေးပြီး Template တွင် NTSC DV ကိုရွေးပါ။ အောက် ခြေက Project ကိုရွေးပြီး video rendering quality တွင် best ကိုရွေးပါ။ OK ကိုနှိပ်လိုက်တာနဲ့ Render လုပ် နေတာတွေ့ရမှာဖြစ်ပါတယ်။ ဗွီဒီယိုအချိန်ကြာတာကိုမူတည်ပြီး Render လုပ်သွားမှာဖြစ်သည်။
အများသူငှာအကျိုးများစေနိုင်တဲ့ဒီကျူတူရီယ်လ်ကိုအချိန်ပေးပြီးရေးခဲ့ရသည့်အတွက် ကျနော်မည်သည့်နေရာပဲ ရောက်ရောက် ပညာပါရမီအဖြစ်ရည်စူးပါသည်။

ရေးသားသူ - စောလင်းနက်စ်


 အထက်မှာဖေါ်ပြခဲ့တဲ့ ပို့စ် တစ်ပုဒ်လုံးကို အချိန်ပေးပြီး မဖတ်ချင်ဘူးဆိုရင်တော့ အောက်မှာ Ebook လုပ်ပေးထားပါတယ်..

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

7 comments:

  1. ကျေးဇူးတင်ပါတယ်အစ်ကို

    ReplyDelete
  2. အရမ်းကျေးဇူးတင်တယ်။။။။
    Sony Vega Pro 12 နဲ့ Video Editing လုပ်နည်းကို ရေးသားထားတဲ့ E-Book လေးရှိရင် ဝေမျှပေးပါလား။။
    ရမယ်ဆိုရင် ကျွန်တော့်အတွက် အရမ်းကိုအသုံးဝင်မှာဖြစ်ပါတယ်။ ကျွန်တော်က အခုမှစတင်လေ့လာခါစပါ။။
    ကျေးဇူးတင်မျှော်လင့်လျက်

    ရိုရင်း

    ReplyDelete
  3. Alfred Ngala Yoyin Thin Tuep : Download Ebook Here ! ဆိုတာကိုနှိပ်လိုက်ပါ.. တင်ထားပြီးသားဖြစ်ပါတယ်..

    ReplyDelete
  4. ဆော့သဲလေးပါ တင်ပေးပါား ကိုပေါက်ရေ

    ReplyDelete
  5. ဆော့ဝဲလေးပါ တင်ပေးပါလား ကိုပေါက်ရေ

    ReplyDelete
  6. အစ်ကိုရေ ကျွန်တော့ကတော့ ဆော့ဝဲတွေအားလုံးကိုကြိုက်ပါတယ် တစ်ခုလောက်တော့တောင်းချင်တယ် wifi prassword ရှာတာ အမှန်အကန်တင်ပေးပါ ဆော့ဝဲတွေတော့တွေ့ပါတယ် ဒါပေမဲ့ သုံးလိုက်တဲ့အခါမှာ အဆင်မပြေဘူးဗျာ တင်ပေးလိုက်ပါနော် ကျေးဇူးပါ

    ReplyDelete
  7. အရမ်းကျေးဇူးတင်တယ်။။။။
    Sony Vega Pro 12 နဲ့ Video Editing လုပ်နည်းကို ရေးသားထားတဲ့ E-Book လေးရှိရင် ဝေမျှပေးပါလား။။
    ရမယ်ဆိုရင် ကျွန်တော့်အတွက် အရမ်းကိုအသုံးဝင်မှာဖြစ်ပါတယ်။ ကျွန်တော်က အခုမှစတင်လေ့လာခါစပါ။။
    ကျေးဇူးတင်မျှော်လင့်လျက်+ထပ်လောင်းကျေးဇူးတင်လျှက်

    ReplyDelete

Please click on advertisement !