Advertise Here !

Right click ထောက်ရင်ပေါ်လာမယ့်list ထဲမှာ ကိုယ်ထည့်ချင်ထဲ programကိုထည့်လို့ရအောင် ကူညီပေးတဲ့ software တွေရှိပါတယ်။ အခုကျွန်တော်ပြောပြမယ့်နည်းလမ်းကတော့ ဘာsoftware မှမသုံးဘဲ ထည့်တဲ့နည်းဖြစ်ပါတယ်။
ပထမဆုံး window(logo)+R ကိုတွဲနှိပ်ပြီး Run Box ခေါ်ထားပါ။ပြီးရင် Runbox ထဲမှာ regedit လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ Registry Editor ပွင့်လာပါလိမ့်မယ်။ ပွင့်လာရင်
HKEY_CLASSES_ROOT\Directory\Background\Shell ထိရောက်အောင်သွားပါ ။ ရောက်ရင် shell ပေါ် Right click ထောက်ပြီး newkeyကိုနှိပ်ပါ။



နာမည်ကိုယ်တော့ကိုယ်ကြိုက်တဲ့နာမည်ပေးလို့ရပါတယ်။ကိုယ့်နာမည်ကိုလည်းပေးလို့ရပါတယ်။ ကျွန်တော်ကတော့ window media Player နဲ့စမ်းပြမှာမလို့ window media Player လို့ပဲပေးလိုက်ပါမယ်။

 

အဲဒီ window Media Player ဆိုတဲ့စာသားပေါ်မှာ Right Click ထောက်ပြီး New key ထပ်ယူပါ။

 
ဒီတစ်ခါနာမည်ကိုတော့ Command လို့ပေးရပါမယ်။ အခြားနာမည်ပေးလို့မရပါဘူး။

 

ပြီးရင်တော့ Desktop ပေါ်က Window Media Player Shortcut ပေါ်မှာ Right Click ထောက်ပြီး Open File location ကိုနှိပ်ပါ။မူရင်းဖိုင် wmplayer.exe ဖိုင်လေးကို Shift+Right Click ထောက်ပြီး Copy as path ကိုနှိပ်ပြီးကူးလိုက်ပါ။ Shift+Right Click နှိပ်မှသာ Copy as path ပေါ်ပါလိမ့်မယ်။

ပြီးရင် Registry Editor ထဲပြန်သွားပါ။ command ရဲ့ဘေးက Default မှာ Right Click ထောက်ပြီး Modify ကိုနှိပ်ပါ။

Edit String box ကျလာပါလိမ့်မယ်။ အဲဒီထဲက value data ဆိုတဲ့အကွက်ထဲမှာ Right Click ထောက်ပြီး paste ပေးလိုက်ပါ။ပြီးရင်တော့ ok ပေးလိုက်ပါ။


အားလုံးပြီးသွားပြီဆိုရင်တော့ Desktop ပေါ်မှာ Right Click ထောက်ကြည့်လိုက်ပါ။


Window media player ဆိုတဲ့စာသားလေးကိုတွေ့ရပါလိမ့်မယ်။နှိပ်ကြည့်လိုက်ပါ။ Window Media player ပွင့်လာပါလိမ့်မယ်။window media player တင်မကပါဘူး အခြားprogram တွေကိုလည်းထည့်လို့ရပါတယ်။ကိုယ်ထည့်ချင်တဲ့Program shortcut ပေါ်မှာ Right click ထောက်ပြီး open file location က မူရင်းဖိုင်ရဲ့exe file name ကို value data အကွက်မှာထည့်ပေးရုံပါပဲ။အဲဒီအဆင့်ပဲကွာပါတယ်။ကျန်တာအားလုံးကအတူတူပါပဲ။
အားလုံးပဲအဆင်ပြေကြပါစေ။

Posted by Kyi Thar

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

1 comments:

  1. right click နေရာမှာပုံထဲတာလေးတင်ပါအုံးကိုပေါက်ရေ

    ReplyDelete

Please click on advertisement !