Advertise Here !


pyaesone: ကျွန်တော်ဖုန်းက huawei T8830 ပါ။ အဲ့အတွက် Root လေးပေးလို့ရမလား။ ပြိးတော့ Root ဆိုတာ ဘာကိုပြောတာလဲ ခင်ဗျာ ကျွန်တော်မသိလို့ ရှင်းပြပေးပါဦး
Root လုပ်တယ်ဆိုတာ ဘာလဲ ဆိုတာကို ဒီမှာ ဖတ်လိုက်ပါ...

Root လုပ်နည်းကတော့...
1. ပထမဆုံး ကွန်ပျူတာမှာ Huawei Driver အရင်တင်လိုက်ပါ... မရှိရင် ဒီမှာ ဒေါင်းပါ...
2. ဖုန်းမှာ Settings>>Application>>Development>>USB Debugging ကို အမှန်ခြစ်လိုက်ပါ...
3. ဖုန်းမှာ Settings>>Application>>Unknown Source ကို အမှန်ခြစ်လိုက်ပါ...
4. အပေါ်က အဆင့်တွေ ပြီးသွားရင်တာ့ ဖုန်းကို USB ကြိုးနဲ့ ကွန်ပျူတာမှာချိတ်လိုက်ပါ..
5. အောက်ကလင့်တစ်ခုခုမှာ T8830 Root ဖိုင်ကို ဒေါင်းပြီး ဖြည်လိုက်ပါ...
Dev-Host     Mediafire    Original
6. ဖြည်ထားတဲ့အထဲက TPSparkyRoot.bat ဆိုတာကို Double Click နှိပ်ပြီး Run လိုက်ပါ...
7. ဒါဆိုရင် ဖုန်းက Restart တစ်ချက်ကျသွားပြီး ပြန်တက်လာသည်ထိ စောင့်ပါ..


8. ဖုန်း Restart ကျသွားလို့ ပြန်တက်လာရင် ကီးဘုတ်ပေါ်က ကီးတစ်ခုခုကိုနှိပ်ပေးလိုက်ပါ.. များသောအားဖြင့် 1 ကိုနှိပ်ကြပါတယ်..


9. ဖုန်းက Restart ကျသွားပြီး ပြန်တက်လာပါမယ်.. ကွန်ပျူတာမှာတော့ Root လုပ်နေတာကို မြင်နေရမှာဖြစ်ပါတယ်.


10. ကွန်ပျူတာမှာ တရုတ်စာတန်းတွေထဲက နောက်ဆုံး 3/3 အဆင့်ပြီးသွားပြီး You should now be rooted ဆိုပြီး ပေါ်လာရင် Root လုပ်လို့ပြီးပါပြီ...

11. မိမိကိုယ်တိုင် ဖုန်းကို Restart တစ်ခါပြန်ချလိုက်ပြီး App List ထဲမှာ SuperUser Icon တွေ့ပြီဆိုရင် Root အောင်မြင်ပါပြီ...

12. မြန်မာစာထည့်ဖို့တော့ အောက်ကလင့်ကို နှိပ်ပြီး ဒေါင်းနိုင်ပါတယ်...

Download Zawgyi Font For Android

အဆင်ပြေပါစေ...

မောင်ပေါက်
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

5 comments:

  1. ံHuawei T8950 Root Build number T8950V100R001CHNC01B108 Eroot ,SRS,Zelot

    နည်းပေါင်းစုံ Root မရလို့ပါအကို One Click Rootလေးများရရင်တင်ပေးပါဦး

    ReplyDelete
  2. http://komaungpauk.blogspot.com/2013/02/huawei-root-all-in-one.html နဲ့ http://komaungpauk.blogspot.com/2013/05/sony-root-rootwithrestorebybin4ryv30.html က Root Tool တွေနဲ့ Root လို့ရပါတယ်ခင်ဗျာ..

    ReplyDelete
  3. driver မသိရင်ကောအစ်ကို computer နဲ့ ချိတ်လို့ မရဖူးးဖြစ်နေတယ် ကူညီပါဦးး

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. Driver မသိရင် ဘာမှ ဆက်လုပ်လို့မရပါဘူး.. Driver ကို မှန်ကန်အောင်တင်ပြီး Computer ကို Restart ချလိုက်ပါ.. ပြီးရင် ဖုန်းမှာ USB Debugging ကို on ထားဖို့မမေ့စေလိုပါ.. ဒါမှ Phone ကို computer က သိမှာဖြစ်ပါတယ်ခင်ဗျာ..

    ReplyDelete

Please click on advertisement !