Advertise Here !





နာမည်ကျော် လူမှုကွန်ရက်ဖြစ်သော Facebook သည် မှတ်တိုင်သစ်တစ်ရပ် စိုက်ထူနိုင်ခဲ့ပြီး တစ်ရက်တည်းတွင် အသုံးပြုသူ တစ်ဘီလီယံရှိခဲ့ကြောင်း ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်ကို တနင်္လာနေ့တွင် အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘက်ခ်က Facebook post တစ်ခုဖြင့် ရေးသား ဖော်ပြခဲ့ပြီး တစ်နေ့တည်းတွင် ကမ္ဘာပေါ်ရှိ လူ ၇ ဦးအနက် တစ်ဦးသည် ၎င်းတို့၏ သူငယ်ချင်းများ၊ မိသားစုများနှင့် ချိတ်ဆက်ရန် Facebook ကို အသုံးပြုခဲ့ကြောင်း ဆိုခဲ့သည်။

လက်ရှိတွင် Facebook သည် ကမ္ဘာ့လူသုံးအများဆုံး လူမှုရေးကွန်ရက်ဖြစ်ပြီး လစဉ်သုံးစွဲသူဦးရေ ၁.၅ ဘီလီယံကို ပိုင်ဆိုင်ထားသည်။ Twitter ကို လစဉ်သုံးစွဲသူ ဦးရေမှာ ၃၁၆ သန်း ဖြစ်သည်။ Facebook ကို သုံးစွဲသူဦးရေသည် ပုံမှန်မြင့်တက်လျက်ရှိပြီး ကုမ္ပဏီ၏ အောင်မြင်မှုတွင် မိုဘိုင်းသုံးစွဲသူများက အဓိက အစိတ်အပိုင်းတစ်ရပ် ဖြစ်လာခဲ့သည်။ လူမှုကွန်ရက်ကို နေ့စဉ် log in ဝင်ရောက်သူ ၉၆၈ သန်း၏ ၈၇ ရာခိုင်နှုန်းသည် စမတ်ဖုန်းနှင့် tablet မှ ဝင်ရောက်ခြင်း ဖြစ်ကြောင်း Facebook မှ ပြောကြားခဲ့သည်။

Facebook ကို မိုဘိုင်းမှ သုံးစွဲမှုနှုန်း မြင့်တက်လာသည်နှင့်အတူ ဝင်ငွေရရှိမှုလည်း မြင့်တက်လာခဲ့သည်။ ဇူလိုင်လတွင် ကြော်ငြာဝင်ငွေ ၇၆ ရာခိုင်နှုန်းကို မိုဘိုင်းထုတ်ကုန်များထံမှ ရရှိခဲ့ကြောင်း Facebook မှ ဆိုခဲ့သည်။

ကုမ္ပဏီ၏ Messenger mobile messaging app ကို သုံးစွဲသူဦးရေသည် သန်း ၇၀၀ ခန့်ရှိပြီး ဓာတ်ပုံနှင့် ဗီဒီယိုဝေမျှသည့် app ဖြစ်သော Instagram လစဉ်သုံးစွဲသူဦးရေ သန်း ၃၀၀ ရှိကြောင်း Facebook က ဇူလိုင်လတွင် ပြောကြားခဲ့သည်။

Ref: CNET
Credit  internetjournal

Thiha Htike(THT)
My Facebook Account Click
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !