Advertise Here !





Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် အရောင်းအဝယ်ပြုလုပ်သည့် စီးပွားရေး လုပ်ငန်းများ၏ ပြိုင်ဆိုင်မှုများသည် ယခုနှစ်အတွင်း၌ ပိုမိုပြင်း ထန်လာကြောင်း အဆိုပါ လုပ်ငန်း လုပ်ကိုင်နေသူများထံမှ စုံစမ်း သိရသည်။

အင်တာနက် ဆက်သွယ်မှု ကွန်ရက်ကို အခြေခံ၍ လုပ်ကိုင် လာကြသော အဆိုပါ အွန်လိုင်း စီးပွားရေး လုပ်ငန်းအရေအတွက်သည် ယခုလက်ရှိအချိန်တွင် ၁၀၀၀ နီးပါး ရှိလာပြီဖြစ်ကြောင်း အင်တာနက် အချက်အလက်များနှင့် ပတ်သတ်၍ သုတေသန ပြုလုပ်နေသည့် ကုမ္ပဏီတစ်ခုထံမှ သိရသည်။

ထိုကဲ့သို့ အွန်လိုင်းစီးပွားရေး လုပ်ငန်းကို လုပ်ကိုင်လာသူ အ များစုမှာ လူငယ်အရွယ်များနှင့် လူလတ်ပိုင်း အရွယ်များဖြစ်ကြပြီး ၎င်းတို့သည် ကုမ္ပဏီ ဝန်ထမ်းများ ဖြစ်ကြသည်ဟု သိရသည်။

ထို့အပြင် ရန်ကုန်မြို့တွင် ဆိုင်ခန်းငှားရမ်းခနှင့် အိမ်ခြံမြေနှုန်း ထားများကြီးမြင့်မှုတို့ကြောင့် အင် တာနက် ပေါ်တွင် လုပ်ကိုင်သော တစ်ပိုင်တနိုင် စီးပွားရေး လုပ်ငန်းငယ်များ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ကွန်ပျူတာလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးရဲမြတ်သူက သုံးသပ်ပြောကြားသည်။

“မနှစ်ကအထိ ဒီလိုအွန်လိုင်း ပေါ် ဈေးရောင်းကြတာ နည်းသေး တယ်။ အခုလပိုင်းအတွင်းကို သိသိ သာသာကို များလာတာ သတိထားမိတယ်။ အဓိက အချက်က ဆိုင်ခန်းခ ဆိုတာမရှိဘူး။ ပြီးတော့ အွန်လိုင်းပေါ်တင်ရောင်းတာကို လူတွေက ပိုစိတ် ဝင်စားလာတယ်။ အပြင်ထွက်စရာမလိုပဲ အွန်လိုင်းပေါ် ဈေးဝယ်ထွက်ရတဲ့ အရသာကို ကြိုက်လာကြတယ်။ ကျွန်မကတော့ လုပ်ငန်းတူတွေ ပေါ်လာတာကို ကြိုဆိုပါတယ်” ဟု Facebook စာမျက်နှာတွင် ဖက်ရှင်ကမ္ဘာအမည်ဖြင့် အဝတ်အထည် များ ရောင်းချနေသည့် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

အဆိုပါ အွန်လိုင်းစီးပွားရေး လုပ်ငန်းများတွင် အဝတ်အထည် များ၊ လူသုံးကုန် ပစ္စည်းများ၊ အလှအပဆိုင်ရာ ပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာ ပစ္စည်းများ၊ ကလေး အသုံးအဆောင်များအပြင် ယခု နောက်ပိုင်း၌ စားသောက်ကုန် လုပ်ငန်းများပါ ပါဝင်လာကြပြီ ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့လို လူငယ်တွေ အနေနဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခု ဖန်တီးချင်တယ်။ အောင်မြင်အောင်လည်း လုပ်ချင်တယ်။ ဒါပေမယ့် ကျွန်မတို့မှာ အရင်းအနှီး ကြီးကြီး မရှိဘူး။ အဲ့ဒီတော့ အွန်လိုင်းပေါ်မှာ ဈေးရောင်းတယ်။ တဖြည်းဖြည်း အဆင်ပြေလာတယ်။ လုပ်ငန်းတူတွေ ပေါ်လာတော့  ပြိုင်ဆိုင်မှု ပိုပြင်း ထန်လာပြီး ကိုယ်ရောင်းတဲ့ ပစ္စည်းအပေါ် တန်ဖိုးမြင့်အောင်ပဲ ဦးတည်လာတယ်” ဟု အမျိုးသမီး အလှကုန် ပစ္စည်းများကို Facebook လူမှုကွန်ရက်ပေါ်တွင် ကိုယ်ပိုင် စာမျက်နှာတစ်ခု တည်ထောင်၍ ရောင်းချနေသူ မရွှေရည်ဖြိုးက ဆိုသည်။

အင်တာနက်အခြေပြု အွန်လိုင်း စီးပွားရေးလုပ်ငန်းငယ်များ များပြားလာသော်လည်း ယခု လက်ရှိအချိန်အထိ ရောင်းသူဝယ် သူကြား အပြန်အလှန် ငွေပေးချေမှုပိုင်းတွင် အခက်အခဲ အချို့ ရှိနေသေးကြောင်း အဆိုပါ လုပ် ငန်းလုပ်ကိုင်နေသူ အချို့ထံမှ သိရသည်။

ယခုကဲ့သို့ အင်တာနက် အခြေပြု တပိုင်တနိုင် စီးပွားရေး လုပ်ငန်း များ များပြားလာနေပြီး ငွေပေးချေမှု ဆိုင်ရာကိစ္စရပ်များ အဆင်ပြေစေရန်အတွက် မြန်မာငွေပေး ချေမှု အဖွဲ့အစည်း (MPU) ကလည်း Mobile Banking နှင့်  Internet Banking ဝန်ဆောင်မှုများကို စတင်ပေးနေပြီဖြစ်ကြောင်း သိရသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !