Advertise Here !


Google Chrome မှာ Setting ထဲဝင်လိုက်ရင် English လိုမဟုတ်ဘဲ  Использовать веб-службу для проверки правописания လို စာမျိုးတွေပေါ်တယ်လို့ မိတ်ဆွေ တစ်ယောက်က ပြောလာပါတယ်.. ဒါက Chrome Setting ရဲ့ Language and Spelling Checker မှာ English (US) မဟုတ်ဘဲ အခြား Language တစ်ခုခု ဖြစ်နေလို့ပါ.. ဒီတော့ Setting ထဲကို ၀င်ပြင်ဖို့က Language ဆိုတဲ့ ခေါင်းစဉ်အောက်ကို သွားရမှာဖြစ်ပါတယ်..
လုပ်နည်းကြည့်ရအောင်..
1. Google Chrome Address Bar ရဲ့ ညာဘက်ဆုံးက မျဉ်းတို(၃)ချောင်း အပြိုင်ဖြစ်နေတာကို တစ်ချက်နှိပ်လိုက်ရင် Drop Down Menu ကျလာပါမယ်.. Setting ကိုနှိပ်ပါ.. Setting ဆိုတဲ့ စာတောင် အင်္ဂလိပ်စာမဟုတ်ရင် Drop Down Menu ရဲ့ 14 ခုမြောက် List ကိုနှိပ်လိုက်ပါ..


2. ပေါ်လာတဲ့ Setting အကွက်မှာ Language ဆိုတဲ့ ခေါင်းစဉ်က အင်္ဂလိပ်လို ပေါ်မှာတော့ မဟုတ်ပါဘူး.. ဒီတော့ အပေါ်ဆုံး ဘေးခေါင်းစဉ်လေး ကနေ ရေကြည့်လိုက်ရင် 12 ခုမြောက်ဟာ Language ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်.. အဲဒီအောက်နားလေးမှာ ကပ်လျက်က Language and Spelling Checker Setting ဖြစ်ပါတယ်.. ဒါကိုနှိပ်ရမှာပါ.. အောက်ကပုံမှာ အနီနဲ့ပြထားတဲ့ Setting ဆိုတဲ့ခေါင်းစဉ်လေးပါ ထည့်ရေရင် 12 ခေါင်းစဉ်မြောက်ဟာ Language ခေါင်းစဉ်ပါ.. အနီ၊အပြာ နဲ့ ပြထားပါတယ်.. အဲဒါရဲ့ အောက်က အစိမ်းနဲ့ပြထားတဲ့ ဟာက Language and Spelling Checker Setting ဖြစ်ပါတယ်. အဲဒါကို နှိပ်ပါ..

(==> တကယ်လို့များ ခေါင်းစဉ်တွေအားလုံးမပေါ်ခဲ့ရင် Show Advanced Setting ကိုနှိပ်ရမှ ခေါင်းစဉ်အားလုံးပေါ်မှာပါ.. အဲဒါလည်း အင်္ဂလိပ်စာမပေါ်ခဲ့ရင် အပြာရောင် စာလေးနဲ့ပေါ်ပါလိမ့်မယ်.. ရှာပြီးနှိပ်လိုက်ပါ.. 7 ခုမြောက် ခေါင်းစဉ်ရဲ့ အောက်မှာဖြစ်နိုင်ပါတယ်.. )


3. အခု Language and Spelling Checker Setting ထဲမှာ Language ကို English ( United State ) ကိုရွေးပြီး OK ကိုနှိပ်ပေးရမှာဖြစ်ပါတယ်.. တကယ်လို့ အဲဒီအကွက်ထဲမှာ English ( United State ) ကို မတွေ့ရင် Add ကိုတစ်ချက်နှိပ်လိုက်ပြီး ထပ်ပေါ်လာတဲ့ဘောက်လေးမှာ English (United State ) ကို ရွေးပြီး OK ကိုနှိပ်လိုက်ပါ.. ဒါဆိုရင် Setting မှာ အင်္ဂလိပ်လို ခေါင်းစဉ်တွေအပြင် အင်္ဂလိပ်စာနဲ့ရှိနေရမယ့် နေရာတိုင်းမှာ အင်္ဂလိပ်လိုပဲ ပေါ်မှာဖြစ်ပါတယ်..



အဆင်ပြေပါစေ..

မောင်ပေါက်

Chrome မှာ မြန်မာ ဆိုဒ်တွေကို မြန်မာလိုပေါ်အောင်လုပ်နည်း ဒီမှာ ရေးထားပါတယ်...
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !