Advertise Here !





အရင်တုန်းက Windows တင်ရင် အဆင်သင့်ပါလာတတ်တဲ့ Internet Explorer ကို လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်စု ကျော်ကျော်လောက်က မသုံးချင်သုံးချင်နဲ့ သုံးဖူးကြပါလိမ့်မယ်.. Internet Cafe တွေမှာ IE ကိုပဲသုံးပြီး အင်တာနက်အသုံးပြုခဲ့ကြတာပါ.. Mozilla Firefox နဲ့ Google Chrome တို့ကို အသုံးများလာကြတဲ့နောက် IE ကို ကျနော်အပါအဝင် ဘယ်သူမှ မသုံးချင်ကြတော့ပါဘူး..
Microsoft ဟာ သူ့ရဲ့ Internet Explorer ဆိုတဲ့ Browser ကို လူတွေမသုံးကြတော့တာကို ကျေနပ်ပုံမရပါဘူး.. ဒါကြောင့် Microsoft Edge ဆိုတဲ့ Browser ကို ၂၀၁၅ မှာ Windows 10 နဲ့ Xbox One အတွက် အဆင့်မြှင့်ခဲ့ပါတယ်.. ဘယ်သူမှ စိတ်ဝင်စားခြင်းကို မခံရပါဘူး..
ဒါကြောင့် သူ့ရဲ့ လူမသုံးတဲ့ Microsoft Edge Browser ကို Google ရဲ့ Chromium ကို အခြေခံထားတဲ့ Browser အဖြစ်အဆင့်မြှင့်လိုက်ပြီး ၂၀၂၀ ဇန်နဝါရီလ ၁၅ ရက်မှာ Beta Version အဖြစ်ထုတ်ပေးလိုက်ပါတယ်.. 


အဆင့်မြှင့်ထားတဲ့ Microsoft Edge Browser သစ်ဟာ Google Chrome လိုပဲ Chromium ကို အခြေခံထားတာကြောင့် Google Chrome Browser လိုပဲ Security ပိုင်းတွေ၊ User Interface ပိုင်းတွေကောင်းမွန်သွားတဲ့အပြင် Chrome Browser မှာ အသုံးပြုနိုင်တဲ့ Add-ons တွေ၊ Plugins တွေကိုလည်း အလိုအလျောက် အသုံးပြုလို့ရသွားပါတယ်.. ဒါ့အပြင် လူသုံးများတဲ့ Mozilla Firefox ဆီက History တွေကို Import လုပ်နိုင်တဲ့စနစ်၊ Chrome Web Store ပေါ်က Extension တွေကို ထည့်သွင်းနိုင်တဲ့စနစ်တွေကိုထပ်မံပေါင်းထည့်လိုက်ပြီး ကိုယ်ပိုင် Web Store ကိုလည်း အဆင့်မြှင့်ခဲ့ပါတယ်..
၂၀၂၀ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာတော့ Stable Version ကို Release လုပ်ခဲ့ပြီး ခုဆိုရင်လူတော်တော်များများရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါပြီ..

မိတ်တွေတို့လည်း စိတ်ဝင်စားရင်တော့ 
https://www.microsoft.com/en-us/edge မှာ Windows, Mac, iOS နဲ့ Android အတွက် ရယူနိုင်ပါတယ်.. Online Installer ကို မကြိုက်လို့ နောက်ဆုံးထွက် Standalone Installer ကို ယူချင်ရင်တော့ အောက်ကလင့်မှာ ရယူနိုင်ပါတယ်−

Download:Microsoft Edge Enterprise for Windows 64bit (v80.0.361.62):73.59MB

Download:Microsoft Edge Enterprise for Windows 32bit (v80.0.361.62):71.27
Download:Microsoft Edge Enterprise for ARM 64bit (v80.0.361.62):69.55Mb
Download:Microsoft Edge Enterprise for macOS 64bit (v80.0.361.62):140.15Mb

OR

အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org

Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

1 comments:

Please click on advertisement !