Advertise Here !


Xiaomi Smartphone တွေဟာ ပေးရတဲ့စျေးနဲ့ သုံးရတဲ့ပစ္စည်းရဲ့ အရည်အသွေးကို လူကြိုက်များတာကြောင့် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး Brand တစ်ခုလို့တောင် ပြောရမှာပါ..
Smartphone အတွက်ငွေကြေးအသင့်အတင့်သာအသုံးပြုမယ့် လူတန်းစားတွေကို ဆွဲဆောင်ထားနိုင်တဲ့ Xiaomi ဟာ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ (ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့)မှာ မိတ်ဆက်သွားခဲ့ပါတယ်..
Mi9၊ Mi Note 10 နောက်ပိုင်း စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ Mi 10 နဲ့ Mi 10 Pro အကြောင်း အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်..
Mi 10
6.67 လက်မရှိတဲ့ Curved AMOLED မျက်နှာပြင်ကိုအသုံးပြုပေးထားပြီး 90Hz refresh rate နဲ့  180Hz touch sampling rate အထောက်အပံ့ရပါမယ်.. အောက်ခြေ Chin ဟာ 3.32 mm လောက်ပဲ သေးသေးလေးကျန်ပြီး အလင်းအား 1120nit ထိ ရပါမယ်.. 5000000: 1 contrast ratio ရှိပြီး လုံးဝမျက်နှာပြင်အပြည့် အသုံးပြုနိုင်ပါမယ်..
 နောက်ဆုံးပေါ် Snapdragon 865 SOC ကိုအသုံးပြုထားပြီး Dual 5G ကွန်ယက်စနစ် (SA/NSA) စနစ်ကိုအထောက်အပံ့ရပါမယ်.. ဒါ့အပြင် Wifi စနစ်မှာလည်း 9.6Gbps ထိ မြန်နှုန်းမြင့်ရရှိစေမယ့် Wifi6 ကို တပ်ဆင်ပေးပါသေးတယ်..

Memory ကို မျိုးဆက်သစ် LPDDR 5 စနစ်၊ 730Mb/s ထိ မြန်နှုန်းမြင့် UFS3.0 လည်းတပ်ပေးထားပါသေးတယ်..

ကင်မရာမှာ 108 Megapixel ပါတယ်ဆိုပေမယ့် Mi Note 10 လိုတော့ ၅ လုံးပြူးမဟုတ်ဘဲ 
108P main camera (1 / 1.33 inch outsole, 7P lens, 4 in 1 1.6 micron large pixel)
13MP ultra-wide-angle lens  (f / 2.4 aperture, 1.12 micron, 123-degree super-wide viewing angle)
2MP macro lens (f / 2.4 aperture, 1.75 microns, 2-10cm macro)
2MP depth of field lens (f / 2.4 aperture, 1.75 microns)

၄ လုံးတပ်ဆင်ပေးထားပြီး 8K Video တွေကိုရိုက်ကူးနိုင်ကာ AI Video Editing စနစ်ကိုလည်း ထည့်ပေးထားပါတယ်..
ဆယ်ဖီဆွဲဖို့ ကင်မရာက 20 Megapixel တပ်ဆင်ထားပြီး ဘယ်ဘက်မှာ အပေါက်လေးနဲ့ထည့်ပေးထားပါတယ်..

ဘက်ထရီကတော့  4780mAh ပါပြီး 30W wired fast flash charging, 30W wireless fast flash charging and 10W wireless reverse charging အားသွင်းစနစ်တွေနဲ့ အားသွင်းနိုင်မှာပါ..
စျေးနှုန်းကတော့ −

8GB/128GB ကို တရုတ်ငွေ ၃,၉၉၉ ယွမ် (မြန်မာငွေ ၈၃၀,၀၀၀ ကျပ် ဝန်းကျင်)
8GB/256GB ကို တရုတ်ငွေ ၄,၂၉၉ ယွမ် (မြန်မာငွေ ၉သိန်း ဝန်းကျင်)
12GB/256GB ကို တရုတ်ငွေ ၄,၆၉၉ ယွမ်(မြန်မာငွေ ၉၇၅,၀၀၀ ကျပ် ဝန်းကျင်)ဖြစ်ပါတယ်..
Mi10 Pro
Mi10 Pro မှာ Mi 10 လို ကင်မရာ ၄ လုံးဆိုပေမယ့် ကွဲပြားပါတယ်..
108 Megapixel Main Camera f1.69 ကို 8P နဲ့ဖြစ်ပြီး
20 Megapixel Wide Angle f2.2
12 Megapixel Telephoto+Portrait Camera f2.0
8 Megapixel Telephotp f2.0 တို့ကိုတပ်ဆင်ပေးထားပါတယ်.. Telephoto က 10X ထိ Hybrid Zoom ဆွဲပေးနိုင်ပါတယ်..
ဘက်ထရီက Mi10 ထက်နည်းသွားပြီး 4500 mAh ဖြစ်ပါတယ်..
 8GB/256GB ကို တရုတ်ငွေ ၄,၉၉၉ ယွမ်(မြန်မာငွေ ၁၀သိန်း ဝန်းကျင်)
12GB/256GB ကို တရုတ်ငွေ ၅,၄၉၉ ယွမ် (မြန်မာငွေ ၁,၁၄၀,၀၀၀ ကျပ် ဝန်းကျင်)
12GB/512GB ကို တရုတ်ငွေ ၅,၉၉၉ ယွမ် (မြန်မာငွေ ၁၂သိန်းခွဲ ဝန်းကျင်) ဖြစ်ပါတယ်..

Mi10 နဲ့ Mi10 Pro နှစ်ခုလုံးမှာ 1.0cc shock sound နဲ့ညီမျှတဲ့ symmetrical stereo dual linear speakers တပ်ဆင်ပေးထားတာကြောင့် DXO Mark မှာ ကင်မရာနဲ့ အသံစနစ်အကောင်းဆုံး အဆင့်ရထားပါတယ်..3000mm² large VC liquid cooling plate + graphene + multi-layer graphite cooling system အအေးစနစ်နဲ့အသုံးပြုထားတာကြောင့် ဖုန်းပူတဲ့ပြဿနာကတော့ အေးပြီထင်ပါတယ်..
Mi10 ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နဲ့ Mi10 Pro ကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ စတင်ရောင်းချမယ်လို့သိရပါတယ်..


Source : GizChina, XDA Developer

အဆင်ပြေပါစေ..
မောင်ပေါက်< Blogger >
www.maungpauk.org

Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !