Advertise Here !


တရုတ်က လေထုညစ်ညမ်းမှုကို တိုက်ဖျက်ဖို့အတွက် ဂွမ်ဇီပြည်နယ် လီဇူးမှာ ကမ္ဘာ့ ပထမဆုံး သစ်တော မြို့တော်ကို တည်ဆောက်နေပါတယ်။ ကမ္ဘာအ၀န်းမှာ Green Projects များကို ဖန်တီးနေတဲ့ Stefano Boeri Architetti က ဒီဇိုင်းထုတ်ထားပြီး ယခု သစ်တော မြို့တော်မှာ လူပေါင်း ၃၀ ၀၀၀ ခန့် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

သစ်တော မြို့တော်မှာ မျိုးစိတ်ပေါင်း ၁၀၀ ကျော်ရှိတဲ့ အပင်ပေါင်း ၁ သန်းနီးပါးနဲ့ သစ်ပင်ကြီးပေါင်း ၄၀ ၀၀၀ ကို စိုက်ပျိုးမှာ ဖြစ်ပါတယ်။ သစ်ပင်များဟာ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် တန် ၁၀ ၀၀၀ ကို စုပ်ယူပေးပြီး အောက်ဆီဂျင် တန် ၉၀၀ ကို ထုတ်လုပ်ပေးနိုင်ပါတယ်။

အဲဒီအတွက် သစ်တော မြို့တော်ဟာ လေထု အပူချိန်ကို လျှော့ချပေးပြီး လေထု အရည်အသွေးကို ကောင်းမွန်စေပါတယ်။ အဲဒီ ဒေသမှ ဇီဝမျိုးစိတ်များကို ထိန်းသိမ်းထားဖို့လည်း အထောက်အကူ ဖြစ်စေပါတယ်။ လီဇူး သစ်တော မြို့တော်မှာ နေရောင်ခြည်လို ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းအင်များကိုသာ အသုံးပြုမှာ ဖြစ်ပါတယ်။

အဲဒီမှာ စီးပွားရေး ဇုံများ၊ လူနေအိမ်များ၊ အပန်းဖြေစခန်းများ၊ ဆေးရုံတစ်ခုနဲ့ ကျောင်းနှစ်ကျောင်းကိုလည်း ထည့်သွင်းမှာ ဖြစ်ပါတယ်။ မြို့တော်မှာ အီလက်ထရစ် ရထား သယ်ယူပို့ဆောင်ရေးကိုလည်း တည်ဆောက်မှာ ဖြစ်ပါတယ်။ မြို့တော်ဟာ ၄၃၂ ဧက ( ၁၇၅ ဟက်တာ) ကျယ်ဝန်းမှာ ဖြစ်ပြီး လီဇူး မြောက်ဘက်ရှိ လီဂျီယန် မြစ်နဲ့ ကပ်လျက် တည်ရှိမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ တရုတ်ရဲ့ ထိပ်တန်း စီမံကိန်း တစ်ခု ဖြစ်ပြီး အောင်မြင်ရင် တရုတ်နိုင်ငံ အ၀န်းမှာ ဒီလို သစ်တော မြို့တော်များစွာ ပေါ်ထွန်းလာနိုင်ပါတယ်။ သစ်တော မြို့တော်ကို ၂၀၂၀ ခုနှစ်မှာ အပြီးတည်ဆောက်ဖို့ စီစဉ်ထားပါတယ်။

Credit : Digitaltmies.com.mm

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !