Advertise Here !


ခုနောက်ပိုင်း Online မှာ အသုံးများတဲ့ Currency တစ်မျိုးကတော့ Bitcoin ဖြစ်ပါတယ်.. Bitcoin ဆိုတာ Online ငွေစနစ်တစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ တရားဝင် အသုံးပြုနေတဲ့ Current လည်းဖြစ်ပါတယ်.. သူ့ရဲ့ ယူနစ်ကတော့ BTC ဖြစ်ပါတယ်.. 1 BTC ဟာ USD ဒေါ်လာများစွာ တန်ဖိုးရှိပါတယ်.. Exchange Rate တွေမှာ 1BTC ကို USD ဘယ်လောက်ဈေးရှိတယ်ဆိုတာ မြင်တွေ့နိုင်ပါတယ်.. Online Virtual Credit Card တွေကိုလည်း Bitcoin နဲ့ ငွေထည့်ထားပြီး ငွေပေးချေခြင်း၊ လက်ခံခြင်းကို လုပ်ဆောင်နိုင်ပါတယ်..  BTC Account တွေကတော့ Blockchain လို အကောင့်ဖွင့်နိုင်တဲ့နေရာ တော်တော်များများ ရှိပေမယ့် coinbase ကတော့ လွယ်ကူတယ်၊ တိကျတယ်၊ လုံခြုံတယ်. ဒါကြောင့် BTC လက်ခံ/ပေးချေဖို့ CoinBase Account ဖွင့်ဖို့ ရွေးချယ်တာဖြစ်ပါတယ်..

Coinbase Account ဖွင့်နည်း ကို ပြောပြပါမယ်..

  • www.coinbase.com ကိုသွားပါ။ ညာဘက်အပေါ်ထောင့်နားလေးက Sign Up ကိုနှိပ်လိုက်ပါ။
  • First Name, Last Name, Email ရယ် Password ရယ် ဖြည့်ပြီး I agree to ကို အမှန်ခြစ်လေး နှိပ်လိုက်ပါ။ ပြီးရင် Sign up ခလုတ်ကို နှိပ်လိုက်ပါ။
  • ပြီးရင် Sign up လုပ်တုန်းက ဖြည့်ခဲ့တဲ့ အီးမေးကို ဖွင့်ပါ။ Coinbase က ပို့ထားတဲ့ အီးမေးတစ်စောင် ရောက်နေပါမယ်. အဲဒီ စာထဲမှာ Confirm လုပ်ဖို့ Link တစ်ခု ရှိပါတယ်.. အဲဒါကိုနှိပ်ပြီး Verify လုပ်လိုက်ပါ။ ဒါဆိုရင်တော့ Coinbase account တစ်ခု ရရှိပါပြီ..
 

ကိုယ့် Coinbase Wallet Address ကို ကြည့်မယ်ဆိုရင်တော့
1. ကိုယ့် Coinbase Account ကို ဝင်ပါ..
2. ဘယ်ဘက်ခြမ်းက BTC Wallet ကိုနှိပ်ပါ..
3. ညာဘက်အပေါ်ထောင့်နားမှာ Wallet address ဆိုတာကိုနှိပ်ပါ..

4. QR Code အကွက်ရဲ့အောက်မှာ ကိုယ့် Wallet Address ကိုမြင်နိုင်ပါပြီ...

ငွေပေးခြင်း၊ ငွေလက်ခံခြင်းအတွက် Bitcoin Address ကိုအသုံးပြုရပါတယ်.. QR Code ကိုအသုံးပြုပြီးလည်း ငွေပေး/ငွေလက်ခံလုပ်နိုင်ပါတယ်...

=====================

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !