Advertise Here !


လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အအောင်မြင်ဆုံး ဖြစ်ခဲ့ရတဲ့ Instant Messaging ဆော့ဖ်ဝဲတစ်ခု ဖြစ်ခဲ့တဲ့ Google ရဲ့ လူသိများထင်ရှားခဲ့တဲ့ ဆားဗစ်တစ်ခုလည်း ဖြစ်ခဲ့တဲ့အပြင် ချက်တင်းတွေရဲ့ ဘိုးအေ လို့ ထင်ရှားလှတဲ့ Google Talk တဖြစ်လဲ Gtalk ကို သိပ်မကြာခင်မှာပဲ ရပ်နားတော့မှာ ဖြစ်ပါတယ်။
Google ဟာ သူရဲ့ ဘလော့ထဲမှာ ဒီသတင်းကို ၀မ်းနည်းခြင်းများစွာနဲ့ ကြော်ငြာချက်ထုတ်ခဲ့ရတယ် လို့ ဆိုပါတယ်။ Google Allo နဲ့ Duo တို့ မထုတ်လုပ်ခင်ကတည်းက အခု လို ရပ်နားဖို့ အစီအစဉ်ရှိခဲ့ပေမယ့် Gmail ထဲမှာ ရှိနေသေးတဲ့ Gtalk ဆားဗစ်တွေ ကို ခက်ခက်ခဲခဲ ရွှေ့ပြောင်းနေတဲ့အတွက် အခုလောက်အထိ အချိန်ကြာမြင့်သွားရတယ် လို့ ဆိုပါတယ်။ Gtalk ဟာ အပြီးတိုင် ဇာတ်သိမ်း သွားတာ တော့ မဟုတ်ဘဲ အရင်လို Global Chat ဆော့ဖ်ဝဲလ် အဖြစ်မရှိတော့ပေမယ့် Google Handouts နဲ့ Google ရဲ့ တခြား ဆားဗစ်တွေမှာ Add-ons တစ်ခု အနေနဲ့ ပြန်လည် တည်ရှိသွားဦးမှာ ဖြစ်တယ် လို့ ဆိုပါတယ်။
၂၀၀၅ ခုနှစ်က စတင်ခဲ့တဲ့ Google Talk ဟာ ၂၀၁၃ ခုနှစ်မှာ Google Hangouts ကို ထောက်ပံ့ပေးဖို့ အဆင်မြှင့်တင်ခဲ့တဲ့ ၁ ကြိမ်ကလွဲလို့ Google Talk ကို အားလုံးပဲ မေ့လျော့နေခဲ့ကြတာ ၅ နှစ် ကျော်ကြာမြင့်ခဲ့ပါတယ်။ အခု အချိန်မှာတော့ Web နဲ့ လူမှုကွန်ယက်တွေ က အပြိုင်အဆိုင် အားကောင်းလာပြီး ကနဦး Chatting ဆော့်ဖ်ဝဲလ်တွေမှာ စီနီယာကျခဲ့တဲ့ Gtalk ကို ယှဉ်ပြိုင်ဖို့ Beetalk, wechat, Facebook messenger တို့လို IM software ပေါင်းမြောက်များစွာ ထွက်ပေါ်နေရာယူခဲု့ပါတယ်။ လှုမှုကွန်ယက်တွေမှာ နေရာဦးဖို့ နောက်ကျခဲ့တဲ့အတွက် Gtalk ကို ပိတ်သိမ်းဖို့ Google က စဉ်းစားခဲ့တာ ဖြစ်ပါတယ်။ Gtalk လိုမျိုးပဲ Gmail ထဲမှာ ရှိတဲ့ စမ်းသပ်ဆဲ၊ လုပ်ဆောင်ဆဲ Labs တချို့ကိုလည်း ရုတ်သိမ်းဖို့ ရှိနေတယ် လို့ ဂူးဂဲလ် က ဆိုပါတယ်။
၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့နောက်ပိုင်းမှာတော့ သက်တမ်း ၁၂ နှစ်တိုင် တည်ရှိခဲ့တဲ့ Chatting လောကရဲ့ အထင်ကရ Gtalk ဟာ နိဂုံးချုပ် ဇာတ်သိမ်းရတော့မှာဖြစ်ပါတယ်..



Ref : Googleblog

Myartko Orange ရဲ့ ပို့စ်ကို အနည်းငယ်ဖြည့်စွက်သည်..

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !