Advertise Here !


2014 ကတည်းက Update လုပ်ခဲ့တာဖြစ်ပြီး v4.3 ဖြစ်ပါတယ်.. ကျွန်တော် သုံးနေခဲ့တာလည်း အတော်တော့ကြာပါပြီ.. ကွန်ပျူတာအတွက် Smart Zawgyi Font ပါ.. 32 bit အတွက်ရော၊ 64 bit အတွက်ပါ အဆင်ပြေပါတယ်.. ဖုန်းမှာလိုပဲ ရရစ်(ြ   ) ဆိုရင် အကြီးအသေး ခွဲခြားရိုက်စရာမလိုပါဘူး.. အသေးတစ်ခုကိုပဲသုံးနိုင်ပြီး က တို့လို ၂ လုံးတွဲအက္ခရာဆို အလိုလိုကြီးသွားပါတယ်.. ရရစ်နောက်ပစ်၊ ရရစ်လုံးကြီးတင်၊ ရရစ်သေးသေးတင်တွေ အလိုလို နေရာတကျဖြစ်သွားပါတယ်.. ဝလုံးက ( Shift + ယ(<)) ဖြစ်ပါတယ်.. ဝလုံးနဲ့ သုံည(၀) ကွဲပြားသွားပါတယ်.. ရေးချ (ာ)ကလည်း မောက်ချရမယ့်အလုံးဆို မောက်ချသွားပါမယ်.. မောက်ချ(-ါ)ကိုရိုက်စရာတောင်မလိုပါဘူး.. ဖုန်းသုံးနေသူတွေ Smart Zawgyi ရဲ့ ကောင်းကွက်တွေကိုသိပါတယ်ဗျာ.. သုံးကြည့်ကြပါအုံး. တော်တော် အဆင်ပြေတယ်...
ဘာ Zawgyi မှ မတင်ရသေးသူတွေကတော့ အောက်ကလင့်ကနေ  Zawgyi Keyboard for Windows 32 bit and 64bit ကို ဒေါင်းပြီး Install လုပ်.. ပြီးမှ Smart Zawgyi ကို Install လုပ်ပါ.. Overwrite တောင်းလာရင် သဘောတူလိုက်ရင် PC မှာ Smart Zawgyi နဲ့ လန်းနေပြီ..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !