Advertise Here !


Gmail တစ်ခုဟာ အလကားရတယ်ဆိုပေမယ့် ဒီ gmail နဲ့ပဲ လုပ်ငန်းခွင်မှာ တကယ်အသုံးပြုလာတဲ့အခါ သိပ်တန်ဖိုးရှိတဲ့ gmail တစ်ခုဖြစ်သွားပါတယ်.. ကိုယ့် gmail ကို အခြားမသမာသူတွေ ထိုးဖောက်ရယူသွားတဲ့အခါမျိုး၊ ကိုယ့် gmail ကို တစ်နည်းနည်းနဲ့ ဆုံးရှုံးလိုက်ရတာမျိုး မဖြစ်ရအောင် ကိုယ့် gmail မှာ လုံခြုံရေးနှင့်ပတ်သက်တဲ့ သိထားရမယ့် အချက် ၉ ချက်ကို ယေဘုယျ အားဖြင့် ဖေါ်ပြပေးလိုက်ပါတယ်...
-
1. What was the last password that you remember (must have)?
ကိုယ့်အီးမေးကို ဝင်ခဲ့တဲ့ နောက်ဆုံးမှတ်မိတဲ့ Password ကို မသိမဖြစ် သိထားရပါမယ်..
2. When was the last time (month, date, and year) you were able to sign in to your Gmail account (must have)?
ကိုယ့်အီးမေးကို နောက်ဆုံး ဝင်ကြည့်ဖြစ်တဲ့ရက်စွဲ ( လ/ရက်/ခုနှစ် ) ကို မဖြစ်မနေ သိထားရပါမယ်..
3. When did you (month and year) create your Gmail account (must have)?
ကိုယ့်အီးမေးစတင်ဖွင့်ခဲ့တဲ့ လ နဲ့ နှစ်ကိုတော့ မဖြစ်မနေ သိထားရပါမယ်..
4.What was the answer to your security question?
အီးမေးဖွင့်ခါစက လုံခြုံရေးမေးခွန်း အနည်းဆုံး ၃ ခု မေးခံရပါတယ်.. အဲဒီထဲမှာ တစ်ခုခုလောက်ကိုတော့ ကိုယ်ဘယ်လို ဖြေခဲ့သလဲ မှတ်မိရပါမယ်..
5.E-mail addresses of up to 5 frequently emailed contacts.
ကိုယ်နဲ့ အကြိမ်ရေအများဆုံး ဆက်သွယ်ဖူးတဲ့ အီးမေး ၅ ခုကို သိထားရပါမယ်..
6.Name of up to 4 labels.
ကိုယ့် အီးမေးမှာ အနည်းဆုံး Folder 4 ခုနှင့်အထက်ကို နာမည်မတူအောင် တည်ဆောက်ထားရပါမယ်.. gmail ဖွင့်တုန်းက ပါလာတဲ့ Folder (Label) တွေနဲ့ မတူတဲ့ Folder နာမည်တွေ ဖြစ်ရပါမယ်..
7.What was the first account recovery e-mail address that you remember?
ကိုယ့်အီးမေး စတင်ဖွင့်စဉ်က ထည့်ခဲ့တဲ့ recovery email ကို သိထားရပါမယ်..
8.Name up to 4 other Google products that you were using with your Gmail account and also the approximate date (month and year) you started using them.
Google ရဲ့ ထုတ်ကုန်တွေထဲက အနည်းဆုံး ၄ မျိုးနဲ့အထက် ကို ကိုယ့်အီးမေးနဲ့ ဘယ်တုန်းက စတင်သုံးစွဲခဲ့တယ်ဆိုတာကို မှတ်မိရပါမယ်..
9.Phone numbers that you may have associated with your Google account.
ကိုယ့် အီးမေး ဖွင့်တုန်းက ဘယ်ဖုန်းနံပတ်နဲ့ ချိတ်ဆက်ထားခဲ့တယ်ဆိုတာကို မှတ်မိရပါမယ်..

အပေါ်က ဖေါ်ပြထားတဲ့ အချက် ၉ ချက်ကတော့ ကိုယ့်အီးမေးသုံးစဉ်တစ်လျှောက်လုံး သတိထား မှတ်သားရမယ့် အချက်တွေဖြစ်ပြီး တစ်စုံတစ်ခုကြောင့် အီးမေးကို အခြားသူတစ်ယောက် သို့မဟုတ် အကြောင်းတစ်ခုခုကြောင့် ဆုံးရှုံးမှုအတွက် ကိုယ့်အီးမေးကို အလွယ်တကူ ပြန်လည်ရရှိနိုင်ဖို့ အကောင်းဆုံး အထောက်အပံ့ ပေးပါလိမ့်မယ်...

စေတနာများဖြင့်

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !