Advertise Here !

Mobile ဖုန်းပြုပြင်ခြင်းနည်းပညာဖြင့် သက်မွေးဝမ်းကျောင်းပြုလိုပါသလား ??
Training ကောင်းကောင်းပေးနိုင်တဲ့ သင်တန်းမျိုးကို ရှာနေတာလား.??
သင်တန်းတက်ပီးမှ စာသင်ချိန် နည်းနေမှာကို စိုးရိမ်နေတာလား..??
ဒါဆိုရင်တော့ ကျနော်တို့ Ko Nyi+Ma Swe Mobile Training Centre ကို လာခဲ့ဖို့ အမှာစကားပါးလိုက်ပါရစေ..

မိုဘိုင်းဖုန်း ပြုပြင်းခြင်းနဲ့ ပတ်သက်ပီး ကျနော်တို့ သင်ကြားမယ့် အပိုင်းက ၂ ပိုင်းရှိပါတယ်.. Software ပိုင်းနဲ့ Hardware ပိုင်း ၂ ပိုင်းပါ.

Software ပိုင်းမှာ သင်ကြားပေးမယ့် အရာတွေကတော့
လက်ရှိ လူအသုံးများနေတဲ့ Android နဲ့ IOS တွေကို အခြေခံကစပီး ယခု လက်ရှိ Hot ဖြစ်နေတဲ့ error တွေကိုပါ တခါတည်းရှင်းပြသွားမှာပါ...
Android ပိုင်းမှာဆိုရင်တော့ လက်ရှိအသုံးများနေတဲ့ Samusng , Huawei , LG, Xiaomi(MI) , Coolpad , Sony, Oppo, Vivo, X-Bo , စတဲ့
China ကလာတဲ့ Clone ဖုန်းပါ မကျန် ကျနော်တို့ အခြေခံအပိုင်းတွေဖြစ်တဲ့ Root , Myanmar Font, apk install From Computor လုပ်ခြင်း ,
Virus သတ်ခြင်း , Official Firmware တင်ခြင်း , Custom Fimrware တင်ခြင်း ,Online မှာ Firmware ရှာဒေါင်းနည်းများ , Bootlaoder Unlock လုပ်နည်းများကို သင်ကြားပေးသွားမှာပါ.

ထို့အပြင် Android ရဲ့ မကုန်နိုင်သော Error များအား ဖြေရှင်းနည်း အပိုင်းဖြစ်သည့် Advance အပိုင်းတွင် Pattern,Password,Pin တွေကို Data တွေ မပျက်ဘဲ ဖြည်နည်း, Huawei ဖုန်းများ အကြောင်းအမျိုးမျိုး ကြောင်း
Firmware တင်မရဖြစ်နေပါက ရအောင် မည်သို့မည်ပုံ တင်ရမယ် ဆိုတာပါ သင်ကြားပေးသွားမှာပါ.Bootlaoder Unlock လုပ်ပီး Fastboot မှ ဖုန်းအတွင်း လိုအပ်တဲ့ img ဖိုင်တွေ Flash ခြင်း.SD card နဲ့ Firmware တင်တဲ့နေရာမှာ အခက်အခဲရှိသူတွေအတွက် SD card နဲ့မှတင်လို့ ရမယ့် Firmwareတွေကို PC ကနေ တိုက်ရိုက်တင်လို့ ရမယ့်နည်းပါ မချန် သင်ကြားပေးသွားမှာပါ...ဒါတင်ပဲလား ဟုတ်ကဲ့ ကျန်ပါသေးတယ်
Android ဖုန်းတွေ မှာ ဖြစ်လေ့ဖြစ်ထရှိ့တဲ့ Firmware တင်ပီး IMEI ပျောက်ခြင်း, LCD ဖြူသွားခြင်း, တုန်သာတုန်နေခြင်း, အစရှိတဲ့
Sofbrick ဖြစ်သွားသော ဖုန်းများကို ဘယ်လိုပြန်ပီး ဆယ်ရမလဲ ဆိုတဲ့အပိုင်းများပါအပါ Samsung ဖုန်းတွေ Version အနိမ့် ဆင်းမိလို့
IMEI ပျောက်သွားတဲ့ဖုန်းတွေကို ဘာbox မှမလိုဘဲ ဘယ်လိုအလွယ်ပြန်ရေးမလဲ ဆိုတာတွေကိုပါ သင်ကြားပေးမှာပါ... ထို့အပြင် ADB command သုံးပီး Password ဖြည်တာတွေ Tool တွေသုံးပီး Reset ချတာတွေ Batch ဖိုင်တည်ဆောက်နည်းများ, Network Lock ကျနေသော အလုံးများ Unlock လုပ်ခြင်း , IMEI Backup Restore , Firmware Backup & Restore ပီးတော့ Android တွေအတွက် အထူး Support ပေးမယ့် (Miracle,Z3X,GPG,Sigma,Volcano) အစရှိသော Box များ အသုံးပြုနည်းကိုလည်း သင်ကြားပေးသွားမှာပါ..

IOS အပိုင်းမှာတော့ Firmware တင်တာတွေ iPhone 3Gs က စလို့ …နောက်ဆုံး ထွက် iPhone 6S , 6S+ တွေ အထိ ၊iPod , iPad အစ ရှိတာတွေ နဲ့ Jailbreak လုပ်ခြင်းအပြင် Cydia Tweak များရဲ့ အလုပ်လုပ်ပုံ အသုံးပြုပုံနှင့် Apple ID အကောင့် ဖွင့်နည်းများကိုလည်းအသေးစိတ် ရှင်းလင်း သင်ကြားပေးမှာ ဖြစ်ပါတယ်..ထို့ပြင် Iphone တွင် ဖြစ်လေ့ဖြစ်ထရှိသော Error များအားလည်း ထည့်သွင်းသင်ကြား ပေးသွားမှာဖြစ်ပါတယ်. Hardware ပိုင်း အတွက်ကတော့ …စာတွေ့၊ လက်တွေ့ သင်ကြားပေးပြီး (လက်တွေ့ပိုင်း) ကိုပိုမိုလေ့လာ သင်ယူစေပါတယ်။ စာတွေ့ပိုင်းတွင် Model တစ်မျိုးစီအတွက် Diagram များဖြင့်တိတိကျကျ သင်ကြားပေးပါသည်။ သင်ကြားပေးသော Model များအပေါ်တွင် ဖြစ်တတ်သော Error များကို အခြေခြံပီး မည်သည့် ဖုန်းအမျိုးအစားများကိုမဆို ပြုပြင်နိုင်သော  စဉ်းစားတွေးခေါ်နည်းများကို
Diagram မလိုအောင် သင်ကြားပေးပါသည်။ ထို့ပြင် Course တွင် မပါသော အခြား Error များကိုလည်း Diagram များနှင့် လိုအပ်သလို
အစားထိုး သင်ကြားပေးခြင်းများလည်း ရှိပါသည်။

လက်တွေ့ပိုင်းတွင်လုပ်ငန်းခွင် အတွေ့အကြုံ များရရှိစေရန် IC ခဲဖော်ခြင်း၊ IC ဖြုတ်တပ်ခြင်း၊Touch, LCD လဲခြင်း/ခွာခြင်း၊ In put,Out put Shock ရှာနည်းများ ၊Jumper ကျော်နည်းများ ၊၊ ပါဝါသေခြင်း၊ အားမ၀င်ခြင်း၊ လိုင်းမတက်ခြင်း၊နားကြပ်ပုံပေါ်နေခြင်း၊ LCD အလင်း/အရုပ်မထွက်ခြင်း၊ Speaker, Mic နှင့်အခြားသော Error များကို (မနက် 9:00 မှ ညနေ 6:00 ထိ)(၁)လ တိတိ လက်တွေ့ကိုယ်တိုင် ပြုပြင်စေပါသည်။

Update ဖြစ်နေသော Error များပါ မကျန် သင်ကြားပေးပါသည်။
သင်တန်းသားများအတွက် သင်တန်းပြီးဆုံးသွားလျှင်လည်း Data (2000GB) ပေးမှာဖြစ်ပါသည်။ ထို့ပြင် ကိုယ်ပိုင်ဆိုင်ဖွင့်မည့်
သင်တန်းသားများကိုလည်း ဆိုင်ဖွင့်ရာတွင် အခက်အခဲ အလျှော်အစားများ မရှိစေရန်အတွက် ဆောင်ရန်ရှောင်ရန်များကိုလည်း တစ်ခါတည်း
သင်ပြပေးသွားမှာပါ။ သင်တန်းသား လိုအပ်ချက်များ အခက်အခဲများအား တစ်သက်တာ အကူညီပေးဖြေရှင်းပေးပါမည်။
>>>>>>>  သင်တန်းကာလ Software (1) လ + Hardware (3) လပါ. နှစ်မျိုးပေါင်း တက်မယ်ဆိုရင်တော့ (4) လဖြစ်သွားပါမယ်။ တကယ်လက်တွေ့ဆင်းချင်နေတဲ့သူတွေအတွက် တကယ်ကို အဆင်ပြေစေမယ့်သင်တန်း တစ်ခုဆိုလည်း မမှားပါဘူး။ <<<<<<<
အသေးစိတ် ထပ်မံသိရှိလိုပါက......
.....
Ko Nyi + Ma Swe Mobile Service & Training Centre
အမှတ် - 263 / ရန်ကုန်-ပုသိမ် လမ်းမကြီး ၊ တံတားဖြူ မှတ်တိုင်အနီး၊ (၇)ရပ်ကွက်၊ လှိုင်သာယာ မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း 095505039 , 095093505

https://web.facebook.com/knms.2016training/



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

2 comments:

  1. Sony Erlcsson E16ifirmware တင်​နည်း​လေးရှိရင်​ကူညီ​ပေးပါခင်​ဗျား အခက်​ခဲ​တွေ့​နေလို့ပါ

    ReplyDelete
  2. SonyErlcsson E16i farmwareတင်​​နည်း​လေးရှိရင်​ကူညီ​ပေးပါခင်​ဗျား

    ReplyDelete

Please click on advertisement !