Advertise Here !




မိတ်ဆက်

=======
Huawei y6 (Honor 4A) ဖုန်းကိုင်ဆောင်ထားကြတဲ့ ဘော်ဒါတွေအတွက်
TWRP Recovery ထည့်သွင်းပြီး Root လုပ်နည်းကို တင်ပေးလိုက်ပါတယ်။

ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ TWRP Recovery ကိုအရင်ထည့်သွင်းပေးရမှာပါ
ပြီးတော့မှ Supersu.zip ဖိုင်ကို Custom Recovery မှ Flash ပေးပြီး Root ဖောက်နိုင်ပါတယ်။

Root လုပ်ခြင်း၏ ကောင်းကျိုးအချို့

===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။


မှတ်ချက်

=====
၁။ ဖုန်းမှာ Bootloader Unlock ပြုလုပ်ထားပြီးသားဖြစ်နေရပါမည်။
၂။ ဖုန်းကို Root လုပ်တယ်ဆိုတာ phone warranty ပျက်စီးနိုင်ပါတယ်။
၃။ ဖေါ်ပြနည်းလမ်းအတိုင်း ပြုလုပ်ပေးပါ၊ တကယ်လို့ သင့်ဖုန်းက Brick ဖြစ်ခဲ့
တယ်ဆိုရင်တော့ ဇူးနစ်(နည်းပညာ) မှ လုံးဝတာဝန်ယူဆောင်ရွက်ပေးမည်မဟုတ်ပါ။
၎။ မိမိ၏personal data များနဲ့ internal storage ကို Full Backup ပြုလုပ်ထားပါ။
၅။ မိမိဖုန်းတွင် ဘက်ထရီအား အနည်းဆုံး  50-60% charge ရှိနေရပါမည်။


လိုအပ်ချက်များ

=========

၁။  ADB and fastboot driver for windows

၂။ TWRP 3.0 Recovery for Huawei y6 (Honor 4A)

၃။ SuperSu to root Huawei y6 (Honor 4A)


Minimal ADB and Fastboot Tool (all versions) များနဲ့ Install ပြုလုပ်နည်း


Download Here ADB & Fastboot Zip



အကောင်းဆုံး ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း


Download TWRP 3.0 Recovery for Huawei y6 (Honor 4A)

Download SuperSu to root Huawei y6 (Honor 4A)



Root လုပ်နည်း

========
၁။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက်
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။




 ၂။ ဒေါင်းလော့ရလာတဲ့ Zip ဖိုင်များကို ဖြည်လိုက်ပါပြီး
TWRP file ကို ADB & Fastboot Folder မှာထည့်ထားလိုက်ပါ။

၃။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။



 ၄။ အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။

adb reboot bootloader


 ၅။ မိမိဖုန်းမှာ Fastboot mode သို့ရောက်သွားပါလိမ့်မယ်။
အောက်ပါ Command ကို မှန်အောင် ရိုက်ထည့် Enter ခေါက်။

fastboot devices

 

၆။ Recovery.img ဖိုင်ကို Flash လုပ်ပေးရမှာဖြစ်လို့ အောက်ပါစာကြောင်းကို
Command Box မှာ မှန်အောက်ရိုက်ထည့် Enter ကိုခေါက်လိုက်ပါ။

fastboot flash recovery recovery.img




၇။ အထက်ပါပုံအတိုင်း သင့်ဖုန်းမှာ Custom Recovery ထည့်သွင်းခြင်း
အောင်မြင်ပြီးစီးကြောင်း ပြနေခဲ့ရင်တော့ custom recovery ထည့်သွင်းပြီးပါပြီ။

 SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း

===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ BETA-SuperSU-v2.67.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းကို ပါဝါပိတ်ပြီး “Volume up and Power button” များကို
တွဲနှိပ်ထားပြီး TWRP Recovery mode ၀င်လိုက်ပါ။

၎။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။

၅။ BETA-SuperSU-v2.67.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။

၆။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၇။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။


ဇူးနစ်(နည်းပညာ) မှပြန်လည်ဝေမျှပေးပါသည်။



တောင်းဆိုချက်

========

ကျွန်တော် ဒီ Post လေးကို... Normal Beginner သမားများအတွက်...သာ ရည်ရွယ်၍ ပြောပြ ဖြေရှင်းပေးခြင်းသာ... ဖြစ်ပါသည်။

ကျွန်တော့်ကို ဖောင်းထုကာ လာရောက်ဆဲဆိုမည်ဆိုရင်တော့... ကိုယ့်အကျင့်စရိုက်ကို သက်သက်ဖော်ပြတာနဲ့တူတူပဲနော်...

ဘာပဲဖြစ်ဖြစ် ကျွန်တော်က... Beginner တစ်ယောက်မို့... ကူးယူဖော်ပြရင် Credit ကို လေးစားစွာ ပေးမယ်... ကိုယ်ပိုင် ဝေမျှရင်တော့... လွပ်လပ်စွာ... ပြောဆိုမယ်...

ယခုလိုပြောဆိုရခြင်းအတွက်လည်း... နားလည်ပေးပါနော်...

ကျေးဇူးတင်ပါတယ်...ဗျာ...

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ...လို့ ကျွန်တော် ချမ်းမြေ့မောင်မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...နော်...။ :)


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !