Advertise Here !


သင်နဲ့ သင့်မိသားစုလုံခြုံရေးအတွက် ဖေ့စ်ဘွတ်မှာ မတင်သင့်တဲ့ အရာတွေရှိပါတယ်။

တိုးတက်တဲ့ နည်းပညာခေတ်ထဲမှာ လူသားတွေ နေထိုင်လာကြတာနဲ့အမျှ မသမာသူတွေဟာလည်း အင်တာနက်အွန်လိုင်းကတဆင့် ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ ကြိုးစားလာတတ်ကြပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း အင်တာနက်ပေါ်ကတဆင့် ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေဟာ မနည်းလှပါဘူး။

ယနေ့ခေတ် လူသားတွေနေ့တိုင်း ထိတွေ့အသုံးပြုနေတဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ်ပေါ်မှာ ဘယ်တော့မှ(လုံးဝ) မတင်သင့်တဲ့ အရာ (၈) ခုရှိပါတယ်။ အဲဒီအရာတွေဟာ သင်နဲ့ သင့်မိသားစုအတွက် အန္တရာယ်ရှိရုံသာမက ကလေးငယ်တွေရဲ့ အနာဂတ်တွေအတွက်လည်း မကောင်းမွန်စေပါဘူး။

၁။ သင့်မွေးနေ့



မွေးနေ့ကို အတိအကျလုံးဝမတင်သင့်ပါဘူး။ မသမာသူတွေက သင့်ရဲ့မွေးနေ့နံပတ်တွေကို သိသွားခဲ့ရင် ဒါတွေကိုမှန်းဆပြီး သင့်ရဲ့ဘဏ်အကောင့်လျှို့ဝှက်နံပတ်တွေ၊ လူမှုကွန်ယက်အကောင့် လျှို့ဝှက်နံပတ်တွေကို မှန်းဆနိုင်ပါတယ်။

၂။ ကလေးငယ်များ၏ စာသင်ကျောင်း

ကိုယ့်အိမ်က ကလေးငယ်တွေကို ဘယ်မှာကျောင်းထားတယ်ဆိုတာနဲ့ ဘယ်အချိန် ကျောင်းသွားတယ်ဆိုတာမျိုး မတင်သေးပါဘူး။ ဒါဟာကိုယ့်ကလေးငယ်ရဲ့ အန္တရာယ်ကို လက်ယက်ခေါ်နေတာနဲ့ အတူတူပါပဲ။

၃။ ကလေးငယ်နှင့် မိသားစုဝင် ဓာတ်ပုံများ

ကလေးငယ်တွေရဲ့ ပုံတွေလည်းများများစားစား မတင်သင့်ပါဘူး။ နောင်တချိန် သူတို့ကြီးပြင်းလာတဲ့အခါ သင်တင်ခဲ့တဲ့ ဓာတ်ပုံတွေကြည့်ပြီး သူတို့ ကြိုက်ချင်မှ ကြိုက်မှာပါ။

၎။ တည်နေရာပြခြင်း

Location Services လို့ခေါ်တဲ့ ကိုယ်ဘယ်မှာရောက်နေတယ်ဆိုတာမျိုးတွေနဲ့လည်း ဖေ့စ်ဘွတ်မှာ check-in မဝင်သင့်ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် အွန်လိုင်းရှိနေတဲ့ လူအားလုံးက သင်ဘယ်မှာရှိနေတယ်ဆိုတာကို တန်းသိနိုင်ပါတယ်။ သင်အိမ်မှာ ရှိမနေဘူးဆိုတာလည်း သူတို့ မှန်းဆနိုင်ပါတယ်။

၅။ ဘယ်အချိန်မှာ ဘယ်သွားတယ်

သင်က ဘယ်အချိန်မှာ ဘယ်သွားမယ်ဆိုတာလည်း မတင်သင့်ပါဘူး။ ဒါကတော့ ဖောက်ထွင်းသူတွေကို သင်မရှိတုန်း သင့်အိမ်လာခဲ့ပါလို့ လက်ယက်ခေါ်နေသလိုပါပဲ။ အထူးသဖြင့် သင် အားလပ်ရပ်ရှည်သွားတဲ့အခါမျိုးမှာ ကြာချိန်နဲ့ နေရာအတိအကျ မတင်သင့်ပါဘူး။

၆။ အိမ်တွင် check-in ဝင်ခြင်း


သင့်ရဲ့ အိမ်မှာ ရှိတဲ့အချိန်ဆို check-in မဝင်သင့်ပါဘူး။ at My Home ဆိုတာမျိုး အိမ်ရောက်ရင် လုပ်တက်ကြပါတယ်။ ဒီလိုတင်တဲ့အခါ သင့်အကောင့်ထဲမှာ ရှိတဲ့လူတိုင်းက သင့်ရဲ့အိမ်လိပ်စာ အလွယ်တကူ သိနိုင်ပါတယ်။

၇။ ဖုန်းနံပါတ်

ဖုန်းနံပတ်ဆိုတာလည်း အရမ်းကို အတွင်းရေးဆန်ပါတယ်။ အထူးသဖြင့် ဈေးရောင်းဈေးဝယ်လုပ်တဲ့ စာမျက်နှာတွေအောက်မှာ သင့်ရဲ့ဖုန်းနံပတ် မထားခဲ့သင့်ပါဘူး။ ထားခဲ့မယ်ဆိုရင်တော့ သင်စိတ်အနှောင့်အယှက် ပေးခံရဖို့ များပါတယ်။

ှSource : The Sun YomaLan

အဆင်ပြေပါစေ..
-
မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link


Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !